သတင်း

မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။ “မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။ (more…)
Read More
ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကိုင်းတိုင်း မုံရွာ -ပုသိမ် လမ်းမကြီး တနေရာတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ "ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်းရိုင်လဲလာပါပီ။ အရေးနိမ့်လာပီဖြစ်တဲ့အတွတ်ပြည်သူလူထုအနေနဲ့ဆက်လက် တောင့်ခံခုခံပေးကြဖို့တောင်းဆိုလိုပါတယ်။"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူကပြောဆိုပါသည်။ (more…)
Read More
ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့ နေရာတချို့တွင် "ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ" စကေတာကပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီရဲဘော်များမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "ယနေ့ (မတ်လ ၂၇ ရက်) ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း ကျွန်ုပ်တို့တိုင်းပြည်ဟာ ခေတ်သစ်ဖက်ဆစ်တပ်ကို တော်လှန်နေကြရဆဲဖြစ်ကြောင်း ကျွန်ုပ်တို့မှ အသိပေးတပ်လှန့်နှိုးဆော်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီ ဟိုဦးဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။ (more…)
Read More
ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ဏာရှင်အလိုမရှိကြောင်း ကောက်စိုက်သမားများ ဆန္ဒပြ

ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ဏာရှင်အလိုမရှိကြောင်း ကောက်စိုက်သမားများ ဆန္ဒပြ

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း၊ ကျေးရွာတရွာမှကောက်စိုက်သမားများက စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင် ကျဆုံးပါစေ၊ NUGအစိုးရကို ထောက်ခံကြောင်း ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ #RedNewsAgency
Read More
မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့ (စစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက် အစီအရင်များကို မင်းအောင်လှိုင် ဦးခေါင်းပြတ်ပုံစံဖြင့် အစီအရင်ပြုလုပ်သည့် လှုပ်ရှားမှုကို YRF ရဲဘော်များ ပြုလုပ်ခဲ့ကြသည်။ မင်းအောင်လှိုင် ခေါင်းပြတ်အား မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော "မင်းနန်သူကျိန်စာ" အစီအရင်ဖြင့် သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြကြောင်း၊ နေ၀င်ချိန်တခုတွင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတခုတွင် သွားရောက် ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တဦးမှ ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ…
Read More
မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာဖြည့်ရန် ထွက်ခွာလာသော ယာဉ် (၃)စီးနှင့် အင်အား (၈၀) ခန့်သည် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၃) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိကြောင်း CDF - Matupi မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ စားနပ်ရိက္ခာဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ် (၃) စီးနှင့် အင်အား (၈၀) ခန့်ကို မတ်လ (၂၃-၂၄) ရက်နေ့က CDF-Matupi နှင့် CNA တို့မှ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်တွင် စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးကြောင်း၊ ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင်…
Read More
လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း လွတ်ငြိမ်းချမ်းသာလာမည်ဟု ယခုရက်ပိုင်း သတင်းဖြန့်ထားပြီး ယမန် ( မတ်လ ၂၅ ရက်) နေ့ ညပိုင်းက ဖမ်းဆီးခံထားရသူ အကျဉ်းသား အကျဉ်းသူ (၅၀၀) ခန့်ကို ထောင်ပြောင်းရွေ့လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်ညပိုင်းက ထောင်တွင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သာမန်အကျဉ်းသားများကို အသုတ်ခွဲကာ ထောင်ပြောင်းရွေ့ခဲ့ကြောင်း၊ သာယာဝတီထောင်ကို အများစု ပြောင်းရွေ့ခံခဲ့ရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ပြောသည်။ (more…)
Read More
ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

RNA_မတ်(၂၅)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြိးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။   ၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူကျေးရွာဖက်သို့…
Read More
စစ်ကောင်စီထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ် (၁၀) ချက်မက ပစ်ခတ်ခံရပြီး သေဆုံး 

စစ်ကောင်စီထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ် (၁၀) ချက်မက ပစ်ခတ်ခံရပြီး သေဆုံး 

RNA_မတ် (၂၄)၊၂၀၂၃ ခုနှစ်။ ရန်ကုန်၊ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီး ယနေ့ (မတ်လ ၂၄ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီထောက်ခံသူလည်းဖြစ် နည်းပညာဆိုင်ရာနှင့်ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများသည့် ဦးမင်းတေဇညွန့်တင် သေနတ်ဖြင့် (၁၀)ချက်ထက်မနည်း အပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Urban Owls မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဦးမင်းတေဇညွန့်တင်သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုအား ပေါ်ပေါ်တင်တင်ထောက်ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင်ဆောင်ရွက်နေသူဟု သိရပြီး လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်သည်။ (more…)
Read More
စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့်  M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။ နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။ Red News Agency
Read More