News

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း မြောက်ယမား ရေလှောင်တမံဆည်ရင်းရှိ အစည်းအဝေးဆောင်နှင့် ညောင်ကုံးကျေးရွာကို ယနေ့ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။ “ညောင်ကုံးကျေးရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တော့ နေအိမ်အတွင်းက မိသားစု ၅ ဦးတပြိုင်တည်းသေသွားတယ်၊ ဘုန်းကြီးတပါးလည်းပါတယ် အမျိုးသမီးတဦးပါတယ် အားလုံးသေ ၉ ဦးသေတယ်၊ ၈ ဦးဒဏ်ရာရှိတယ် ဒဏ်ရာရတဲ့အထဲမှာ ကလေး ၂ ဦးပါတယ်။ နေအိမ်က ၁၁ လုံးမီးလောင်တယ်။ မြောက်ယမားဆည်ရင်းက အစည်းအဝေးဆောင်မှာကြတော့ အမျိုးသမီးတဦးသေတယ်၊ အမျိုးသမီးတဦးဒဏ်ရာရတယ်” ဟု ပုလဲအခြေစိုက် Red…
Read More
မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များပူးပေါင်းပြီးဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ယနေ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ထုတ်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=ayOdJzWEmiI[/embedyt] ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း (၅) ၊ မုံရွာခရိုင် တပ်ရင်း (၇) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) ၊…
Read More
လူထု ဦးလှ + လူထု ဒေါ်အမာတို့၏သား စာရေးဆရာဆရာညီပုလေး ကွယ်လွန်

လူထု ဦးလှ + လူထု ဒေါ်အမာတို့၏သား စာရေးဆရာဆရာညီပုလေး ကွယ်လွန်

RNA_ဇွန်(၂၁)၊၂၀၂၃ ခုနှစ်။ လူထု ဦးလှ + လူထု ဒေါ်အမာတို့၏သား မန္တလေးမြို့မှအမျိုးသားစာပေဆုရှင် စာရေးဆရာဆရာညီပုလေး ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း မန္တလေးစာပေ လောကသားများထံမှ သိရသည်။ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ရက်နေ့တွင် အမည်ရင်း ငြိမ်းချမ်း (ခေါ်) ဘိုညို ကလောင်အမည် ညီပုလေး ကိုသားသမီး ၅ ဦးတွင် အထွေးဆုံးအဖြစ် မွေးဖွားခဲ့သည်။ စာရေးဆရာ ညီပုလေးသည် ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခဲ့ပြီး၊ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ…
Read More
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်‌လျှောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယမန်နေ့နှင့် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တကြိမ်နှင့် နေ့လည် ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ထိ တကြိမ်၊ ၂ နေရာခွဲ…
Read More
ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

ပြန်ပေးဆွဲခံရသည့် ဖားကန့်မြို့မိ/မြို့ဖ တစ်ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

RNA_ဖားကန့်၊ဇွန် ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ မြို့မကဖေးဆိုင်ပိုင်ရှင် မြို့မိ/မြို့ဖ မြို့မျက်နှာဖုံးဖြစ်သည့် ဦးသိန်းလွင်သည် ဇွန် ၁၃ ရက်နေ့ ညနေပိုင်းက ဆံပင်ညှပ်သွားရင်း ပြန်ပေးဆွဲခံရသည့်မှာ ယနေ့အထိ (ရက်သတ္တတစ်ပတ်ကြာသည်အထိ)ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။ ဇွန် ၁၃ ရက်ည ၈ နာရီခွဲခန့်က ပြန်ပေးဆွဲခံရသည့် ဦးသိန်းလွင်၏ အသံဖြင့် သားဖြစ်သူအား ငွေကျပ်သိန်းသုံးရာ၊ ရွှေတစ်ဆယ်သားဖြင့် ပြန်‌ရွေးရမည်ဟု ဖုန်းဆက်အကြောင်းကြားသည့်အတွက် သားဖြစ်သူက အဆိုပါ ရွှေနှင့်ငွေ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ခြောက်ရာကျော်ဖြင့် လာပို့ခိုင်းသည့်နေရာ ယူမာကျေးရွာရှိ လမ်းခွတစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ "ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်"ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။ ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ်…
Read More
စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် တော်လှန်ရေးတွင်တာဝန်ကျေပွန်ခဲ့ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် အကျဥ်းကျခံနေရသည့်အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တော်လှန်ပါဝင်နေကြသည့် အမျိုးသမီးများဂုဏ်ပြုသောအားဖြင့် June 19 လှုပ်ရှားမှူအနေဖြင့် မကွေးတိုင်း မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း (စလင်း)မှ ရဲဘော်များနှင့် ပြည်သူများ ပူးပေါင်းကာ "စလင်းမြို့နယ်ပြည်သူလူထုပန်းသပိတ်" ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။   Red News Agency
Read More
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မကွေးတိုင်း၊ မင်းဘူးခရိုင်တပ်ရင်း အမှတ် (၂) ရဲဘော်များက ဆုမွန်ကောင်းတောင်းခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=mJuvWHX-ZFc[/embedyt] #RedNewsAgency
Read More
KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မော်လမြိုင်-ရေး- ထားဝယ်လမ်းမပေါ်မှာ ၃ နေရာခွဲပြီး စစ်ဆေး

KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မော်လမြိုင်-ရေး- ထားဝယ်လမ်းမပေါ်မှာ ၃ နေရာခွဲပြီး စစ်ဆေး

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က ၃ နေရာခွဲကာ စစ်ဆေးခြင်းနှင့်လုံခြုံရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။ ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းစစ်ကြောင်းဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် နေရာ ၃ နေရာခွဲပြီး စစ်ဆေးစဉ် စစ်​ကောင်စီနှင့်ဆက်စပ်သူဟု ယူဆရသူ ၄ ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။ (more…)
Read More
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက်မွေးနေ့အတွက် ပြည်သူများက ဆုတောင်းစကားသံများ ပြောကြားထားကြသည်။ [embedyt] https://www.youtube.com/watch?v=BqPxo5wCvoA[/embedyt] #RedNewsAgency
Read More