12
Oct
RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ပုလော (လယ်မူလား) မြို့နယ် မကျည်းကုန်းရွာအနီးရှိ စစ်အုပ်စုကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့ (အောက်တိုဘာ ၁၂ ရက်) ထုတ်ပြန်ထားသည်။ ပုလော-မြိတ် ကားလမ်းမပေါ်ရှိ မကျည်းကုန်းရွာအနီး၌ အထိုင်ချတပ်စွဲထားသည့် စစ်အုပ်စု အမှတ် (၂၈၅) ခြေလျင်တပ်ရင်းကို KNLA ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်း (၇) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံမှ MA1 (၁) လက်၊ MA3(၁)လက်၊ OG(၁)လက်၊ AK(၁)လက်,…