Tag: နယ်မြေစိုးမိုးမှု
-

စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ
RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၄ခုနှစ်။စစ်ကောင်စီတပ်အနေဖြင့် ခံစစ်၊ခွါစစ်မှာ တိုက်ခိုက်ခံရပါက ပြေးစစ်ကို အသုံးပြုနေရပြီး နောက်ဆုံ နေပြည်တော်မှာ ခံကတုတ်ပြင်ပြီးတော့ အသေခံရတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြေည်တော်ကို ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=7NPTEkRmfFY[/embedyt]စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွါနေရမှုများ၊ KNU အနေဖြင့်လည်း နယ်မြေစိုးမိုးမှုများမှာ အားကောင်းနေပြီး မဒေါက်ရထားလမ်းနှင့် အနီးစပ်ဆုံးအထိ ရောက်ရှိပြီး အဲနေရာမှ ညောင်လေးပင်၊ ပဲနွယ်ကုန်းစသည့် နေရာများမှ ရွာပေါင်း ၆၀ ကျော်ထိ ရောက်ရှိခဲ့သည့်ဟု KNU ကထုတ်ပြန်သည့် ပဒိုစောတောနီး၏ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့သည့် အကြောင်း မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားသည်။#RedNewsAgencyhttps://t.me/rednewsagency/5727 -

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ်
RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။
မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယမန်နေ့နှင့် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တကြိမ်နှင့် နေ့လည် ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ထိ တကြိမ်၊ ၂ နေရာခွဲ စစ်ဆေးခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဒုစစ်ဒေသခွဲမှူးရုံးမှ ထုတ်ပြန်ထားသည်။
-

စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ
RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့် M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။
[embedyt] https://www.youtube.com/watch?v=X37p4UhO4Mw[/embedyt]
နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။
Red News Agency