Tag: စစ်ရေး

  • အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

    အညာတွင် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်တော့မည်

    RNA_ဒီဇင်ဘာ(၃)၊၂၀၂၄ခုနှစ်။
     
    အညာဒေသ စစ်ကိုင်းတိုင်းနှင့် မြေလတ် မကွေးတိုင်းတို့တွင် တော်လှန်ရေးနောက်တဆင့်တက်ရန်အတွက် မြို့သိမ်းတိုက်ပွဲနှင့် ထိုးစစ်များ ဆင်နွှဲလာနိုင်မည့်အခြေအနေ မြင်တွေ့နေရသည်ဟု Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=hHUyqAWwjZU[/embedyt]
    ၂၀၂၅ ခုနှစ်အတွင်း ဖြစ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများ၊ Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်၏ လှုပ်ရှားနယ်မြေများနှင့် မဟာမိတ်များ၊ အညာဒေသအပါအဝင် လက်နက်ကိုင်တော်လှန်ရေးအခြေအနေများ စသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကိုမင်းဟန်ထက်ပြောပြထားသည့် အင်တာဗျူးအပြည့်အစုံကို Red News Agency က မကြာမီဆက်လက်ဖော်ပြပါမည်။
    #RedNewsAgency

  • စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

    စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

    RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။
     
    နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။
     
    “နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်” ဟု ကိုမင်းသွေးသစ်ကပြောသည်။

    (more…)

  • မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

    မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ

    RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။
     
    မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။
    [embedyt] https://www.youtube.com/watch?v=uDsQwzbU_zw[/embedyt]
     
    #RedNewsAgency

  • ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

    ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ်(ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ကြေညာ

    RNA_နိုဝင်ဘာ(၂)၊၂၀၂၃ ခုနှစ်။
    ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ဖြစ်ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ယနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်လိုက်သည်။
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃)ဖွဲ့ ဦးဆောင်သည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်နှင့် သံချပ်ကာ (၆) စီး၊ လက်နက်ခဲယမ်းများစွာနှင့် မြို့ ၄ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    (more…)

  • ဗိုလ်နဂါး၏ စစ်ရေးနိုင်ငံရေးရည်ရွယ်ချက်

    ဗိုလ်နဂါး၏ စစ်ရေးနိုင်ငံရေးရည်ရွယ်ချက်

    RNA_ဩဂုတ်(၂၅)။၂၀၂၃ ခုနှစ်။
     
    စစ်ဗိုလ်ချုပ်များနှင့် နောက်လိုက်အပေါင်းအပါများ အားလုံး ဒူးထောက်လက်မြှောက်ပြီး ပြည်သူ့ရှေ့မှောက်မှာ လက်နက်ချ အညံ့ခံပြီး၊ ပြည်သူလိုချင်သမျှ ပြည်သူဆန္ဒကို လိုက်လျောရသည်အထိ စစ်ရေးရည်မှန်းချက်ရှိသည်ဟု ဗိုလ်နဂါး၏ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို Facebook Live တွင် ထည့်သွင်းပြောကြားထားမှုကို ကောက်နုတ်တင်ပြအပ်ပါသည်။
    [embedyt] https://www.youtube.com/watch?v=bIhwOS60S1M[/embedyt]
     
    #RedNewsAgency

  • နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ

    နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ

    RNA_ဩဂုတ်(၂၃)၊၂၀၂၃ ခုနှစ်။
     
    နိုင်ငံ့အကျိုးထက် မိသားစုအကျိုး၊ နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ မင်းအောင်လှိုင်တို့အုပ်စု၏ လုပ်ရပ်များ ဖြစ်သည်ဟု ဗိုလ်နဂါး၏ သဘောထားအမြင်များကို ယမန်နေ့ညကပြောသည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။
    [embedyt] https://www.youtube.com/watch?v=6SeDkB49KnI[/embedyt]
     
    “ပြည်သူကို သူတို့ဘာတွေလုပ်ပေးနေပါတယ်၊ ဘာတွေတိုးတက်အောင်လုပ်ပေးနေပါတယ်ဆိုပြီး စကားလုံးတွေနဲ့ပဲပြောပြီးတော့ ပြည်သူ့အကျိုးစီးပွားထက် သူတို့အကျိုးစီးပွားပဲလုပ်သွားကြတဲ့ အုပ်စု၊ နိုင်ငံရေးတပိုင်းလုပ်ပြရင်းနဲ့ မိမိမိသားစုအကျိုးစီးပွားကို များများလုပ်နေတဲ့အုပ်စု အဲဒါမင်းအောင်လှိုင်တို့အုပ်စု” စသဖြင့် ဗိုလ်နဂါးက နိုင်ငံရေးမှာ အကျိုးစီးပွားလုပ်နေသူများကိစ္စနှင့် ပတ်သက်ပြီးသဘောထား အမြင်များ ပြောကြားထားမှုကို ကောက်နုတ်တင်ပြလိုက်ပါသည်။

    (more…)

  • MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ – MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
     
    PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
    Red News Agency