ကချင်ပြည်နယ်

ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရပ်ကွက်များအတွင်းလှည့်လည်ကာ ပြည်သူများကိုဖမ်းဆီး၊ ဒရုန်းနှင့်လက်နက်ကြီးတို့ကို အသုံးပြုပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို KIA/KPDF ရဲဘော်များက ဇွန် (၉) ရက်နေ့က တိုက်ခိုက်သည့်အတွက် သေဆုံးမှုများရှိကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၂)ဦး ဇွန်လ (၉) ရက်နေ့က ငွေသစ္စာလ္ဘက်ရည်ဆိုင် ထိုင်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အပြင် ကုဋေကျေးရွာမှ ကုမ္ပဏီများကို မီးရှို့နေသော စစ်ကောင်စီတပ်သားများ KIA/KPDF ရဲဘော်များက ဒရုန်းဗုံးနှင့် ၄၀ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။ (more…)
Read More
ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

RNA_ဇွန်(၉)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်း အပိုင်း (၃) တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး ပြည်သူများသည်လုပ်ငန်းခွင်များအတွင်း ယမ်းသိုလှောင်မှု ရှိ မရှိ ဇွန်လ (၈) ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ငြိမ်းချမ်းသာယာ အပိုင်း(၃) အတွင်း ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ဗုံးသီးပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ကာ ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည့်အပြင်၊ ဇွန်လ (၃) ရက်နေ့ကလည်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရသည်။…
Read More
စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

RNA_ဇွန်(၈)၊၂၀၂၅ခုနှစ်။ တိုက်ပွဲများ ငြိမ်သက်နေသော ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီးနောက် နယ်မြေစိုးမိုးရေးမြို့တွင်း စစ်ကြောင်းများလှည့်လည်စဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ ပစ်ခတ်မှုများကြောင့် ယနေ့ (ဇွန်လ ၈ ရက်) အထိ အနည်းဆုံး ပြည်သူ (၁၇) ဦးသေဆုံးခဲ့ရပြီဟု သိရသည်။ (more…)
Read More
ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ခွန်ဆာကုန်း (ခ) ငြိမ်းချမ်းသာယာကျေးရွာ အပိုင်း(၃)၊ ဘုန်းကြီးကျောင်းနှင့် ရဲစခန်းကြား ဇွန်လ ၆ ရက်နေ့ ည (၉) နာရီ (၇) မိနစ်ခန့်က လက်နက်ကြီကျသည်ဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းအထိ ကလေးငယ် (၂) ဦးနှင့် အမျိုးသမီး (၁) ဦးအပါအဝင် ပြည်သူ (၉) ဦး၏ အလောင်းများ တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
Read More
စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရပ်နားခြင်းမရှိခဲ့သော ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ မေလ ၂၆ ရက်နေ့ ဝန်းကျင်မှစတင်ကာ ရပ်နားသွားသည်ကို တွေ့ရှိရသည်။ ဖားကန်းမြို့တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မြဥယဉ် ကုမ္ပဏီနှင့် အခြား ကုမ္ပဏီအသေးတစ်ချို့ မေလ ၂၆ ရက်နေ့က နားသွားပြီဖြစ်ကြောင်း၊ ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၁၀၀ ခန့်ကလည်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီဖြစ်သည်။ (more…)
Read More
အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ကာမိုင်းမှ ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ လယ်ပြင်ကျေးရွာ၊ ဖန်းခါးဆောင်နှင့် ငြိမ်းချမ်းသာယာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ထားကြရန်နှင့်အသင့်အနေအထားပြင်ထားသင့်သည်ဟု KIA/KPDF နှင့် နီးစပ်သူများထံမှ သိရသည်။ အင်အား ၆၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းကြောင်းအတိုင်း စစ်ကြောင်းတက်လာစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ ဝန်းကျင်သာ ဖားကန့် လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည်။ (more…)
Read More
အင်းတော်ရှိ စစ်ကောင်စီတပ်၏ ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်

အင်းတော်ရှိ စစ်ကောင်စီတပ်၏ ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ ABSDF၊ KPDF နှင့် အင်းတော်အထူးတိုက်ခိုက်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ထားမှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် ဂျပန်လှိုက်ဂူ၏ ကာကင်းတစ်ခုဖြစ်သည့် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ အင်းတော်‌ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကစတင်ပြီး အပြင်းအထန် တစ်ကျော့ပြန် ထိုးစစ်ဆင်ခဲ့ပြီးပြီး နောက်နေ့မှာပင် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ (more…)
Read More
ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၅)၊ ၂၀၂၅ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိ (ဒေသအခေါ် ) ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့သည့်ဖြစ်စဉ်အတွင်း အသက် (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံးကြောင်း အတည်ပြုပြီး အလောင်းရှာဖွေမှုများကို ယနေ့ လမ်းဟောင်းပေါ်သွားသည့်အတွက် ရပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (more…)
Read More
မံစီမြို့သိမ်း ရုပ်သံမှတ်တမ်း ABSDF ထုတ်ပြန်

မံစီမြို့သိမ်း ရုပ်သံမှတ်တမ်း ABSDF ထုတ်ပြန်

RNA_ဇန်နဝါရီ(၁၄)၊၂၀၂၅ခုနှစ်။   ကချင်ပြည်နယ်၊ မံစီမြို့သိမ်း ရုပ်သံမှတ်တမ်းဖြင့် မံစီမြို့သိမ်းတိုက်ပွဲတွင် ထိခိုက်ကျဆုံးသွားသော ရဲဘော်များအား တပ်ဦးနှင့်တပ်မတော်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ကျောင်းသားတပ်မတော် - ABSDF က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၄)၊ ၂၀၂၅ ခုနှစ်။   ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွားနားကပ်ပြီး ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ရွှံ့နွံဖုံးလွှမ်းသွားသည့် ဖြစ်စဉ်အတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိကြောင်း သိရသည်။   စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ဇန်နဝါရီ ၁၃ ရက် နံနက် (၁) နာရီ (၃၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယနေ့ (ဇူလိုင်လ ၁၄ ရက်) နေ့လယ်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း (၂၁) လောင်းတွေ့ရှိထားပြီး ပျောက်ဆုံး (၁၅) ဦးရှိသည်ဟု…
Read More