အဖိနှိပ်ခံလူမျိုးပေါင်းစုံ

တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၄ ခုနှစ်။ “ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး နိယာမတရားအတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများ တော်လှန်သော လမ်းစအသီးသီးကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား SSPP/SSA ၏ ဦးတည်ချက်၊ မူဝါဒ စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုပါက လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုနေမည်ဖြစ်ကြောင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ မိဘာပြည်သူလူထုထံ SSPP/AAS ကပန်ကြားထားသည်။ SSPP/SSA သည် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ပြီး လူမျိုးပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ကို အစဉ်တစိုက်ဦးတည်ပြီး ရေရှည်လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။ (more…)
Read More