KNU

ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်း

ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်း

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) ထံ ကော်သူးလေတပ်မတော် (KTLA) မှ ထုတ်ပယ်ခံထားရသည့် ဆာကပေါ်တပ်ရင်းတစ်ခုလုံးက လာရောက်ပူးပေါင်းခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။ KNLA တပ်မဟာ (၄) ထံ လာရောက်ပူးပေါင်းခဲ့သည့် ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းသည် တနင်္သာရီတိုင်းအတွင်း အခြေစိုက်စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ စစ်အုပ်စုတပ်ဖွဲ့များနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလှုပ်ဆောင်နေသည်ဟုဆိုကာ ဆာကပေါ်တပ်ရင်းတစ်ခုလုံးကို စောနယ်ဒါးမြ ဦးဆောင်သည့် KTLA မှ ထုတ်ပယ်ကြောင်း ပြီးခဲ့သည့် ဩဂုတ် (၂၈) ရက်က ကြေညာချက်…
Read More
အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

RNA_မတ်(၉)၊၂၀၂၆ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းမှာ ပြည်သူ (၃၀) ကို အာဏာသိမ်းစစ်တပ်က အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀၂၆ ခုနှစ် မတ်လ (၇) ရက်နေ့က ကျူးလွန်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။ ရေတွင်းကုန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး NUG ၏ ထုတ်ပြန်ချက်မှာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။ (more…)
Read More
NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များ မတက်ရောက်ရန်လက်မှတ်ရေးထိုးခဲ့သောအဖွဲ့များ တိုက်တွန်း

RNA_အောက်တိုဘာ(၁၃)၊၂၀၂၅ခုနှစ်။ ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်များကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းစသည်တို့ကို ပြုလုပ်နေသည့် စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေသည့် စစ်အုပ်စုကို ထောက်ခံရာကျသည့်အတွက် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက်အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် UN၊ ASEAN နှင့် နိုင်ငံတကာသံတမန်များကို NCA လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့အစည်းများက ယနေ့ တိုက်တွန်းချက် ထုတ်ပြန်ထားသည်။ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်ရည်ရွယ်သော KNU၊ CNF၊ ABSDF နှင့် PNLO တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တွင်…
Read More
ဗိုလ်နဂါးဦးဆောင်သည့် BNRAသည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု KNU ပြော

ဗိုလ်နဂါးဦးဆောင်သည့် BNRAသည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု KNU ပြော

RNA_စက်တင်ဘာ(၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အခြေစိုက်၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကပြောကြားထားသည်။ BNRA သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၉) ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့ စက်တင်ဘာ (၉) သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည့်အတွက် တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် KNU ကသဝဏ်လွှာပေးပို့ရာတွင် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားထားဖြစ်သည်။ (more…)
Read More
အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။ (more…)
Read More
တော်လှန်ရေးတစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန်လိုအပ်ဟု KNDO စစ်ဦးစီးချုပ်ပြော

တော်လှန်ရေးတစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန်လိုအပ်ဟု KNDO စစ်ဦးစီးချုပ်ပြော

RNA_ဇူလိုင်(၁၆)၊၂၀၂၅ခုနှစ်။ တော်လှန်ရေးကို အမှန်တစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန် လိုအပ်သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေမှ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့တွင် ပြောကြားလိုက်သည်။ တော်လှန်ရေးကို အမှန်တကယ်လုပ်မယ်ဆိုမည်ဆိုပါက စစ်မှန်သော တော်လှန်ရေးဖြစ်ရန်လိုအပ်ကြောင်း၊ ကရင်ပြည်ရရှိရေးအတွက် ရန်ကူပြိုကျသွားရန် ရှင်းလင်းသော ရည်မှန်းချက် တိတိကျကျရှိရန်လုပ်အပ်ကြောင်း၊ ရည်မှန်းချက် မရှိပါက ခရီးတစ်ဝက်၌ စိတ်ဓာတ်ကျ၍ လက်လျော့သွားမည့်အပြင် အခြားသူများကိုပါ စိတ်ဓာတ်ကျရန် ပုတ်ခတ်ပြောဆိုမှုပြုလုပ်မည်ဖြစ်သည့်အတွက် တော်လှန်ရေးမကြာသင့်ဘဲ ကြာနေသည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေကပြောကြားထားသည်။ (more…)
Read More
စစ်ကောင်စီတပ်စခန်းပြုလုပ်ထားသော KNU ဌာနချုပ်ဟောင်းကို KNU ပြန်လည်ရရှိ

စစ်ကောင်စီတပ်စခန်းပြုလုပ်ထားသော KNU ဌာနချုပ်ဟောင်းကို KNU ပြန်လည်ရရှိ

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသော ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) တို့၏ ဦးဆောင်မှု ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (အသက် ၈၆ နှစ်)သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံး၌ ကွယ်လွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်တွင် မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းတွင် ဈာပနအခမ်းအနား ကျင်းပခဲ့သည့် မြင်ကွင်းရုပ်သံ ဖြစ်သည်။ ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စတင်တည်ထောင်ချိန်တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို (၆) ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ကြောင်း၊ KWOဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး၌ ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
Read More
အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။ အညာဒေသအတွင်း စစ်ရေးသတင်းများနှင့်ပတ်သက်ပြီး သတိထားရမည့်အချက်များအပါအဝင် အညာဒေသအခြေအနေများနှင့် အညာဒေသတော်လှန်ရေးရဲဘော်များ သတ္တိကောင်းကြောင်းစသည်တို့ကို ကရင်ပြည်နယ်တိုက်ပွဲများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကျားဖြူစစ်ကြောင်းမှ ဗိုလ်မှူးကျော်ဟိန်းကပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgency #REDNEWS #RNA
Read More
စစ်ကောင်စီ၏ သေဘောဘိုးစခန်းကို အောင်မြင်စွာ သိမ်းပိုက်

စစ်ကောင်စီ၏ သေဘောဘိုးစခန်းကို အောင်မြင်စွာ သိမ်းပိုက်

RNA_ဇွန်(၆)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် တပ်စွဲထားသော သေဘောဘိုးစခန်းကို KNU တပ်မဟာ (၆)ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ရဲဘော်များက ဇွန်လ (၃) ရက်နေ့ ည (၁၁) နာရီခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More