ရခိုင်ပြည်နယ်

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

RNA_ဇန်နဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းခုကိုလည်း အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီတိုင်းအစပ်၊ မကွေးတိုင်းအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြေင်း၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား (၅) ရက်ခန့်အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ (၂၆) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားနေ

ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားနေ

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။ အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး၊ ရခိုင်ပြည်နယ်နှင့်အစပ် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအစပ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း (၂၈) ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း (၂၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၅ ခုနှစ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ (၁၈) ရက်နေ့ (၄) နာရီ (၄၅) မိနစ်မှစတင်ကာ ဗုံး (၃) ကြိမ်ကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ(၅)၊၂၀၂၅ ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာ စခန်းတို့မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးအား လက်နက်ငယ် (၉) လက်နက်၊ ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့က ချင်းကာကွယ်ရေးတပ် - အရှိုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (more…)
Read More
ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် (AA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံး သိမ်းပိုက်ရရှိလိုက်သော ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ (၇၀၀) ခန့်သေဆုံးနိုင်သည်ဟု AA ကထုတ်ပြန်လိုက်သည်။ ဂွမြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့်…
Read More
စစ်ရှုံးနေတာ လက်ခံပေးဖို့ မင်းအောင်လှိုင်နှင့်အဖွဲ့ကို စစ်သုံ့ပန်းဗိုလ်မှူးချုပ် အသိပေး

စစ်ရှုံးနေတာ လက်ခံပေးဖို့ မင်းအောင်လှိုင်နှင့်အဖွဲ့ကို စစ်သုံ့ပန်းဗိုလ်မှူးချုပ် အသိပေး

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။   နေပြည်တော်မှာရှိသည့် မင်းအောင်လှိုင်နှင့်အဖွဲ့ကို ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေမှုကို လက်ခံပေးရန်နှင့် ပြည်သူများကို ဗုံးကြဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ပေးရန်စသည်တို့ကို အာရက္ခတပ်တော်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အသိပေးပြောကြားထားသည်။ (more…)
Read More
“ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများ နပခ သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့

“ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများ နပခ သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ရှိ၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် "ရန်သူ့လက်နက် ကိုယ့်လက်နက်" ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများပါအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်သည့်ရုပ်သံတွင်တွေ့ရှိရကြောင်း ကောက်နုတ်တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။ စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။ (more…)
Read More