သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်လာသည်။   (more…)
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အတွင်းရှိ အမျိုးသမီးရဲမေများသည် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။   “S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ ပြောကြားထားသည်။ (more…)
Read More
သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာအနီး၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁)၊ တပ်ခွဲ (၃) စခန်းအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံစဉ် လက်နက်အင်အားမမျှသည့်အတွက် စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ရပြီး ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။ " CDSOM လို့ပေါ်ပေါက်ပြီး မြောင်နယ်ရဲ့တော်လှန်ရေးအစကတည်းက ကျဆုံးချိန်ထိ လက်တွဲညီညီ သစ္စာရှိရှိနဲ့ တပည့်ပေါင်းများစွာမွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်းပီသစွာ ရွတ်ရွတ်ချွံချွံတိုက်ပွဲတွေဝင်ခဲ့တဲ့မင်း။ အဖွဲ့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ ပိုင်ဆိုင်မှုတွေရောင်းချပေါင်နှံပီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့မင်း။ ငါယုံကြည် ငါအားကိုးရတဲ့မင်း ငါ့အနားကထွက်ခွားသွာခဲ့ပြီ။ ငါကိုယ်တိုင်လဲ လဲကျချင်နေပီ ဒါပေမယ့် အားတင်းပီး မင်းတို့ရဲ့ဆန္ဒတွေပြီးမြောက်သည်ထိ…
Read More
မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်သည့်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား မတ်လ (၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

RNA_မတ်(၃၀)၊၂၀၂၃ခုနှစ်။   မာနယ်ပေလောကျဆုံးပြီးချိန်မှစ၍ စစ်ကောင်စီတပ်အထိုင်ချနေသည့် သံလွင်မြစ်ကမ်းနားရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA နှင့် မဟာမိတ်များက ပြန်လည်သိမ်းယူသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၆) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော် သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ် အထိုင်ချနေထိုင်သည့် မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းစခန်းသိမ်းကို (၄၅) မိနစ်ကြာတိုက်ပွဲအပြီး မတ်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ပြန်လည်သိမ်းပိုက်ခဲ့နိုင်ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား(၇) ဦးထဲမှ (၅) ဦးသည်ထိုင်းဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားသည့်အတွက် ထိုင်းတော်ဝင်တပ်မတော်မှနီးစပ်ရာရှိထိုင်းပြည်သူ့ဆေးရုံမှဆေးကုသမှုပေးလျှက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KNLA နှင့် FFD ပူးပေါင်းတပ်ဖက်မှ ရဲဘော်တဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ UEC က NLD နှင့် SNLD အပါအဝင် ပါတီ (၄၀) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ “ပြည်သူရှိသ၍ ပါတီရှိနေမည်”ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။   “၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါကြောင်း အသိပေးအပ်ပါသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်းအခြေစိုက် People's Revolution Alliance - လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။ “ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People's Revolution Alliance…
Read More
PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု - People's Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။ (more…)
Read More
NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)
Read More