Tag: လက်နက်ကိုင်တော်လှန်ရေး

  • ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

    ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

    RNA_မေ(၃၀)၊၂၀၂၅ခုနှစ်။

    ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် မေလ (၂၈) ရက်နေ့ တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသည့်အတွက် မိသားစု၊ တပ်ဖွဲ့ဝင်များနှင့်ထပ်တူ အထူးဝမ်းနည်းရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့ ထုတ်ပြန်ထားသည်။

    ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် အသက်ရှိစဥ်အတွင်း နွေဦးတော်လှန်ရေးမှ စတင်၍ လက်နက်ကိုင်တိုက်ပွဲကို ကြိုးစားမှုအပြည့်အဝဖြင့် ကျရာတာဝန်ထမ်းဆောင်ရင်း ရဲဘော်၏ အသက်ကို အဖိနှိပ်ခံပြည်သူလူထုအတွက် ပေးဆပ်ခဲ့ကြောင်း၊ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ရဲဘော်တစ်ဦးအနေဖြင့် လုပ်နိုင်သမျှကို ပြည့်စုံအောင်လုပ်ဆောင်ခဲ့သူဖြစ်သည့်အပြင် ခိုင်မာသော တော်လှန်ရေးခံယူချက်ကို စံနမူနာယူ၍ ရန်သူကိုခိုင်မာစွာ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
    (more…)

  • လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

    လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

    RNA_မေ(၁၈)၊၂၀၂၅ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ရာ (၅) နှစ်အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း တချို့သော တော်လှန်သောအဖွဲ့အစည်းများမှာ လက်လုပ်များကိုသာ အားကိုးနေကြသည်ကို မြင်တွေ့နေရသည်။

    အညာဒေသအခြေစိုက် NUG/MOD လက်အောက်ခံ PDF များသည်ပင် လက်နက်မပြည့်စုံသည့်အတွက် လက်လုပ်များကို တိုက်ပွဲအတွင်း အသုံးပြုနေကြရသည်များရှိကြောင်း၊ MOD လက်အောက်ခံမဟုတ်သော တပ်ဖွဲ့တချို့မှာ ယနေ့အထိ လက်လုပ်သေနတ်၊ မိုင်းစသည်တို့ကို အသုံးပြုနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပြထားသည်။

    (more…)

  • ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

    ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

    RNA_ဧပြီ(၂၇)၊၂၀၂၅ခုနှစ်။

    ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မွမ်းမံသင်တန်းဆင်း လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို တပ်တော်၏ ဗဟိုဌာနချုပ်နယ်မြေတွင် ယနေ့ ပြုလုပ်ကျင်းပခဲ့သည်။

    (more…)

  • တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

    တော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ

    “တော်လှန်ရေးတပ်သားတွေကြားမှာ စည်းကမ်းသေဝပ်တွေ၊ အမိန့်နာခံမှုတွေ၊ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်မှုတွေ၊ တော်လှန်ရေးအပေါ် ခိုင်မာယုံကြည်တဲ့စိတ်တွေ၊ အချင်းချင်းကြား ညီညွတ်မှုတွေ၊ လေးစားမှုတွေ၊ စစ်ရေးအသိဉာဏ်ပွင့်လင်းမှုတွေ “

    ကျော်ကြီး

    “အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ အစဖြစ်တယ်”လို့ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ဝီလျှံရှိတ်စပီးယားက ပြောဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းခဲ့ကြရတဲ့ အတိတ်ကဖြစ်ရပ်အကြောင်းအရာတွေဟာ သမိုင်းဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကြသလို အဲ့ဒီအတိတ်သမိုင်းဖြစ်စဉ်အတွင်းက နိုင်ငံတစ်ခုရဲ့ အောင်မြင်မှု၊ ကျဆုံးမှု၊ ချွတ်ယွင်းမှု၊ ကောင်းမွန်မှုဆိုတဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေအပေါ် နောင်အနာဂါတ်ခေတ်အဆက်ဆက်က ပြည်သူလူထုဟာ လေ့လာဆင်ခြင်သုံးသပ်ခွင့်ရနိုင်တာကြောင့် အတိတ်သမိုင်းဖြစ်ရပ်တွေဟာ သင်ကြားလေ့လာနိုင်တဲ့ အဖိုးတန်သင်္ခန်းစာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

    ဒီလိုနိုင်ငံတစ်ခုရဲ့ အတိတ်သမိုင်းဖြစ်ရပ်တွေကို လေ့လာသင်ယူသုံးစွဲခြင်းကနေ လက်ရှိပစ္စုပ္ပန်နဲ့ အနာဂါတ်မှာ အတိတ်ကထက် ပိုမိုကောင်းမွန်တည်ငြိမ်ပြီး တန်ဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုဖြစ်လာဖို့ ပြင်ဆင်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်ဆိုတာ ပစ္စုပ္ပန်ရဲ့အစဖြစ်ပြီး တန်းဖိုးရှိတဲ့နိုင်ငံသစ်တစ်ခုကို တည်ဆောက်ကြတဲ့အခါမှာ အတိတ်သမိုင်းဖြစ်ရပ်ကို သိမြင်နားလည် အသုံးချနိုင်ခြင်းဟာ အရေးပါတဲ့အတွက် နိုင်ငံသစ်တစ်ခုရဲ့ အသိမှတ်ဉာဏ်အဖြစ် ဒါမှမဟုတ် ဦးနှောက်အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်လို့တောင် တင်စားဖွဲ့ဆိုနိုင်ပါတယ်။

    (more…)

  • စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

    စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

    RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ခုနှစ်။
    စစ်ကတပ်ကို အဖြုတ်တိုက်ရေးဟာ ပြောသလောက် မလွယ်ကူတဲ့ကိစ္စ ဖြစ်ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်တော့မှလက်မလွှတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတော့ စစ်တပ်က ဘာတွေ လိုက်နာဖို့ လိုအပ်သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
  • ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

    ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၄ ခုနှစ်။

    အာရက္ခတပ်တော် (AA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံး သိမ်းပိုက်ရရှိလိုက်သော ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ (၇၀၀) ခန့်သေဆုံးနိုင်သည်ဟု AA ကထုတ်ပြန်လိုက်သည်။

    ဂွမြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

    (more…)

  • တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်မှာ အိမ်ပြန်ကြပြီ

    တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်မှာ အိမ်ပြန်ကြပြီ

    RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ ခုနှစ်။ တော်လှန်ရေးအားကောင်းသည့် ဒေသများတွင် ၂၀၂၄ ခုနှစ်သည် အိမ်ပြန်သည့်နှစ်ဖြစ်သော်လည်း တော်လှန်ရေးအားမကောင်းသည့် ဒေသများအတွက်တော့ ၂၀၂၅ ခုနှစ်မှသာ တော်လှန်ရေးအားကောင်းလာပြီး ကိုယ့်မြို့ကို ပြန်ချဉ်းကပ်နိုင်မည့်နှစ်ဖြစ်သည်။

    (more…)

  • ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

    ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

    RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • သင်တန်းသား တစ်ထောင်ကျော်ပါဝင်သော အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲ TNLA ကျင်းပ

    သင်တန်းသား တစ်ထောင်ကျော်ပါဝင်သော အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲ TNLA ကျင်းပ

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

    တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးသော သင်တန်းကာလ (၃) လကျော်ကြာခဲ့ပြီး၊ သင်တန်းသား (၁၀၀၀) ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ၄ လတာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီတပ်မှ ၅၃ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့

    ၄ လတာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီတပ်မှ ၅၃ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha ရဲဘော်များ၏ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ၄ လတာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၅၃) ဦးသေဆုံးခဲ့ပြီး (၆) ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    (more…)