ပဒိုစောတောနီး

စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၄ခုနှစ်။   စစ်ကောင်စီတပ်အနေဖြင့် ခံစစ်၊ခွါစစ်မှာ တိုက်ခိုက်ခံရပါက ပြေးစစ်ကို အသုံးပြုနေရပြီး နောက်ဆုံ နေပြည်တော်မှာ ခံကတုတ်ပြင်ပြီးတော့ အသေခံရတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြေည်တော်ကို ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောကြားထားသည်။ စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွါနေရမှုများ၊ KNU အနေဖြင့်လည်း နယ်မြေစိုးမိုးမှုများမှာ အားကောင်းနေပြီး မဒေါက်ရထားလမ်းနှင့် အနီးစပ်ဆုံးအထိ ရောက်ရှိပြီး အဲနေရာမှ ညောင်လေးပင်၊ ပဲနွယ်ကုန်းစသည့် နေရာများမှ ရွာပေါင်း ၆၀ ကျော်ထိ ရောက်ရှိခဲ့သည့်ဟု KNU ကထုတ်ပြန်သည့် ပဒိုစောတောနီး၏ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့သည့် အကြောင်း မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားသည်။   #RedNewsAgency https://t.me/rednewsagency/5727
Read More
စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

စစ်ကောင်စီအကြံပေးအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံပေးသင့်

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီအထူးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောအနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်ကို အကောင်းဆုံးအကြံများပေးပြီး၊ ပြည်သူလူထု၏ အသံကို ရဲရဲနားထောင်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်တခုကို လုပ်ဆောင်ရန်လိုအပ်နေပြီဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ ယနေ့ တိုက်ပွဲများသည် အဖြူအမဲကွဲသွားပြီဖြစ်သည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင်လက်အောက်မှ စစ်သည်တော်များကိုလည်း ပြည်သူ့ဘက်ရပ်တည်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပန်ကြားထားမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ Red News Agency
Read More
စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။ “စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ KNLA သည် စစ်ရေးအရ အတွေ့အကြုံ အစဉ်အလာများရှိခဲ့ကြောင်း၊ စစ်ရေးအရ ယခုထက်ပို ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး၊ ယခုထက်ပိုမိုပြင်းထည်သည့် ပြည်သူ လူထုနှင့်အတူ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ ယနေ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြည်သူသို့ပြောကြားချက်များထဲမှ စစ်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

"ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ" ငြိမ်းမောင် KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ " ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက်…
Read More