လူသားဒိုင်း

ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်၊ ရှားတောမြို့နယ်၊ တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ် (၃) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံများထဲက သုံးပွင့်ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးအား KNDF က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီထံမှ သိရသည်။ ရှားတောမြို့နယ်မတွင်း စစ်ရာဇတ်မှု ကျူးလွန်ထားသည့် စသ်ကောင်စီလက်အောက်ခံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ရှားတောမြို့သိမ်းတို့က်ပွဲကို KA၊ KNDF၊ Loikaw PDF ပူးပေါင်းတပ်ဖွဲ့က…
Read More
နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။ ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။ (more…)
Read More