Tag: လူသားဒိုင်း

  • ယနေ့အတွက် သတင်း

    ယနေ့အတွက် သတင်း

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA

  • ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

    ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

    ကရင်နီပြည်၊ ရှားတောမြို့နယ်၊ တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ် (၃) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံများထဲက သုံးပွင့်ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးအား KNDF က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီထံမှ သိရသည်။

    ရှားတောမြို့နယ်မတွင်း စစ်ရာဇတ်မှု ကျူးလွန်ထားသည့် စသ်ကောင်စီလက်အောက်ခံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ရှားတောမြို့သိမ်းတို့က်ပွဲကို KA၊ KNDF၊ Loikaw PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

    ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား မှောက်လျက်အနေအထားဖြင့် တွေ့ရစဉ်။

    “ရှားတောမှာ ကလေးငယ်လေးတွေကို ပစ်သတ်သွားတဲ့ ကောင်တွေကို သေသွားတဲ့ကလေးတွေရဲ့ မျက်နှာကို ကြည့်ခိုင်းတော့ မကြည့်ရဲဘူးတဲ့ အဲ့တော့ကျနော်တို့ပြည်သူတွေလည်း အဲ့လိုကောင်တွေဟာ ဘယ်လိုကောင်တွေလည်းဆိုတာ မြင်ရအောင်ပြပေးလိုက်ပါတယ် သူတို့ မိသားစုတွေမြင်ပါစေ အနီနဲ့က တပ်သား ကွက်ကျားနဲ့က သုံးပွင့်ဗိုလ်ကြီး” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက တင်ပြထားသည်။

    (more…)

  • နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

    နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

    RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။

    ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။

    (more…)