International

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH အား ဆက်လက်အသိအမှတ်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH အား ဆက်လက်အသိအမှတ်ပြု

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ကျင်းပသည့် အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုလိုက်သည်။ တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတကာစင်မြင့်တွင် ကိုယ်စားပြုခွင့်နှင့် အသိအမှတ်ပြုခွင့် ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် ဆက်လက်အသိအမှတ်ပြုခြင်းသည် မြန်မာပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီစိတ်ဆန္ဒအား အကြမ်းဖက်မှုများအပါအဝင် မည်သည့် နည်းလမ်းဖြင့်မျှ ဖျက်ဆီးနိုင်ခြင်းမရှိသည်ကို ထပ်မံ သက်သေပြခြင်းပင် ဖြစ်ကြောင်း CRPH ကပြောကြားထားသည်။ (more…)
Read More
မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာ့ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott ၏ ပြောကြားမှုကို ရိုက်တာသတင်းဌာနက အောက်တိုဘာ (၈) ရက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်ငွေးကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။ အမေရိကန်နိုင်ံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့် (Michael Vance) အပါအဝင် ထိပ်တန်းတာဝန်ရှိသူအချို့ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း…
Read More
မြန်မာဂျီနိုဆိုဒ်အမှု ကိုင်တွယ်နေသည့် ICJ ယာယီတရားသူကြီး နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

မြန်မာဂျီနိုဆိုဒ်အမှု ကိုင်တွယ်နေသည့် ICJ ယာယီတရားသူကြီး နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ နော်ဝေ နိုဘယ်ဆုရွေးချယ်ကော်မတီက ချီးမြှင့်သည့် ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တောင်အာဖရိကနိုင်ငံမှ နာဗာနီသမ် “နာဗီ” ပိလေး (Navanethem “Navi” Pillay) ရရှိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည့် နာဗီပီလေးကို ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေးအတွက် တရားမျှတမှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နာဗီပီလေးသည် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ယာယီတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ဂမ်ဘီယာမှ တရားစွဲဆိုထားသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမှု၌လည်း အထူးယာယီတရားသူကြီးအဖြစ် ပါဝင်နေသူဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် နိဘယ်ဆုရှင်များကို…
Read More
ဘန်ကောက်လေဆိပ်၌ အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော် သိမ်းဆည်းရမိ

ဘန်ကောက်လေဆိပ်၌ အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော် သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌ ခရီးဆောင်အိတ် (၂)လုံးအတွင်း ထည့်ထားသည့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ယနေ့ (အောက်တိုဘာ ၅ ရက်) ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ဘန်ကောက်ကို ရောက်ရှိလာသည့် ခရီးသည် (၂) ဦး၏ ခရီးဆောင်အိတ်ကို လေဆိပ်အကောက်ခွန်အရာရှိများက စစ်ဆေးချိန် ထိုင်းဘတ်ငွေ (၅၆) သန်းကျော် တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ဘန်ကောက်ရေကြီးမှုအတွင်း လေဆိပ်၌ ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုကြောင့် ထိုင်းလေကြောင်းလိုင်း CEO ရာထူးမှ နုတ်ထွက်ရ

ဘန်ကောက်ရေကြီးမှုအတွင်း လေဆိပ်၌ ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုကြောင့် ထိုင်းလေကြောင်းလိုင်း CEO ရာထူးမှ နုတ်ထွက်ရ

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရေကြီးမှုအတွင်း သုဝဏ္ဏဘူမိလေဆိပ် သောင်းနှင့်ချီသည့် ခရီးဆောင်အိတ်များ စုပုံကြန့်ကြာနေမှုနေကြောင့် ထိုင်းအမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ချိုင်းအေယမ်ဆီရီ (Chai Eamsiri) သည် ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့တွင်း ရေကြီးရေလျှံမှုများကြောင့် သုဝဏ္ဏဘူမိလေဆိပ်၌ လေကြောင်းခရီးစဉ် စီမံခန့်ခွဲမှု အမှားအယွင်းများနှင့် ခရီးဆောင်အိတ် သယ်ယူပို့ဆောင်မှုစနစ်လည်း ချို့ယွင်းမှုများရှိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အပေါ် ထိုင်းအမျိုးသားလေကြောင်းလိုင်း ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Lavaron က ဦးဆောင်ပြီး ဘုတ်အဖွဲ့အစည်းအဝေးကျင်းပခဲ့ကာ ယခုဖြစ်စဉ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှီစေရန် အမှုဆောင်အရာရှိချုပ် မစ္စတာချိုင်းကို ရာထူးမှ နုတ်ထွက်စေခဲ့ခြင်း ဖြစ်သည်။ ဘန်ကောက်မြို့…
Read More
အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ပြောကြားထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ စက်တင်ဘာကုန်၌ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းမှုသည် အီရတ်နိုင်ငံတွင်း ဆယ်စုနှစ် (၂) ခုကျော်ကြာ ရှိနေခဲ့သည့် ၎င်းတို့၏ စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ခြင်းခဲ့ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုသည် ဘဂ္ဂဒက်နှင့် ဝါရှင်တန်ကြား ပြီးခဲ့သည့် (၂) နှစ်ကျော်ကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း အီရန်နှင့် အမေရိကန်ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် အီရတ်နိုင်ငံတွင်းသို့ ကူးစက်မှုများလည်း ရှိနေခဲ့သည်။ အီရန်စစ်တပ် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များကလည်း အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများရှိနေပြီး အမေရိကန်ကလည်း ယင်းအဖွဲ့များ၏ အခြေစိုက်စခန်းများကို…
Read More
မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့်အခြေအနေနှင့် ကြုံနေရကြောင်း ကုလအတွင်းရေးမှူး ပြော

မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့်အခြေအနေနှင့် ကြုံနေရကြောင်း ကုလအတွင်းရေးမှူး ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အာရုံစိုက်မှု လျော့နည်းလာမည့် အခြေအနေကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။ ယခု စက်တင်ဘာလကုန်ပိုင်းတွင်း ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းပြောကြားချိန်တွင် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပွားနေသည့် စစ်ပွဲများ၊ စီးပွားရေးအကျပ်အတည်းများနှင့် အခြားသောဖြစ်ရပ်များကြောင့် မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ အာရုံစိုက်မှု လျော့နည်းနိုင်သည့် အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ဖြစ်သည်။ “အကြမ်းဖက်မှုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမြင့်တက်နေတဲ့ မြန်မာ့ပဋိပက္ခဟာ အခြားကမ္ဘာ့အရေးတွေကြားမှာ မှေးမှိန်နေပြီး အာရုံစိုက်မှုလျော့နည်းသွားမယ့် အခြေအနေနဲ့ ကြုံတွေ့နေပါတယ်”ဟု အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခ ဂါဇာကို အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအပါအဝင် ယူကရိန်းစစ်ပွဲနှင့် ဆူဒန်စစ်ရေးပဋိပက္ခအခြေအနေများကို ပြောကြားချိန်…
Read More
ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မဲ့ ဂျူးသင်္ချိုင်းဆောက်လုပ်မှုအပေါ် အနုထင် ပြင်းပြင်းထန်ထန် ဝေဖန်

ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မဲ့ ဂျူးသင်္ချိုင်းဆောက်လုပ်မှုအပေါ် အနုထင် ပြင်းပြင်းထန်ထန် ဝေဖန်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။အစ္စရေးလူမျိုး (၃) ဦးအပါအဝင် နိုင်ငံခြားသား (၄) ဦးကို တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် ဂျူးသင်္ချိုင်း၌ မီးသင်္ဂြိုလ်မှုအပေါ် ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ထိုင်းဥပဒေနှင့် ထိုင်းလူမှုအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုကို လေးစားရန်လိုအပ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။“ကိုယ်ပိုင်သင်္ချိုင်းတည်ဆောက်ဖို့ ခွင့်ပြုချက်တောင်းတယ်ဆိုတာ ကျွန်တော် အခုလေးတင်မှ သိလိုက်ရပါတယ်။ ဒါက စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်သွားပါပြီ။ ဘာသာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို တည်ဆောက်ဖို့ဆိုတာ ဒီလောက်မရိုးရှင်းပါဘူး”ဟု အနုထင်ချန်ဗီရာကူက စက်တင်ဘာ (၁၇) ရက် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်ရက်ပိုင်းက ချာချိုင်ဆောင်ခရိုင်အတွင်း၌ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် ဂျူးသင်္ချိုင်း၌ အစ္စရေးနိုင်ငံသား (၃) နှင့် အခြားနိုင်ငံခြားသား (၁) ဦးတို့ကို မီးသင်္ဂြိုလ်ခဲ့ပြီး မြှုပ်နှံခဲ့မှုအပေါ် ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ…
Read More
မြန်မာစစ်အုပ်စုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ သိသိသာသာ ပျက်ကွက်နေဟု အမေရိကန်သတ်မှတ်

မြန်မာစစ်အုပ်စုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌ သိသိသာသာ ပျက်ကွက်နေဟု အမေရိကန်သတ်မှတ်

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အာဏာရှင်များက ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုက်ဖျက်ရေးတို့ကို လုပ်ဆောင်ရာမှာ သိသိသာသာ အားနည်းပျက်ကွက်နေခြင်းကြောင့် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိသည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း အိမ်ဖြူတော်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ထိပ်တန်းနိုင်ငံစာရင်းတွင်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတ်မှတ်ထားချိန် အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနှင့် မက္ကဆီကိုနိုင်ငံတို့နှင့်အတူ မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်ဖြန့်ချိရာ နိုင်ငံများထဲတွင် ပါဝင်နေကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။ အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ည့် နိုင်ငံပေါင်း (၂၃) နိုင်ငံစာရင်းတွင် တရုတ်၊ အိန္ဒိယ၊…
Read More
“သေမယ်ဆို ကိုယ့်နိုင်ငံကို ပြန်ပြီးမှ သေ” ဟု ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် ရင့်ရင့်သီးသီး ပြော

“သေမယ်ဆို ကိုယ့်နိုင်ငံကို ပြန်ပြီးမှ သေ” ဟု ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် ရင့်ရင့်သီးသီး ပြော

RNA_စက်တင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၏ဥပဒေများကို ချိုးဖောက်သည့် နိုင်ငံခြားသားများအနေဖြင့် အသက် သေဆုံးမှုအခြေအနေ ရှိလာပါက ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေဆုံးကြရန် (Go Die in Your Own Country) ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ရင့်ရင့်သီးသီး ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ “ခင်ဗျားတို့ ဒီကိုလာပြီး ကောင်းကောင်းမွန်မွန်နဲ့ ပိုက်ဆံရှာဖို့ပါပဲ။ ခင်ဗျားတို့ သေမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေကြပါ။ ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံထဲလာပြီးမှ သေဆုံးကြတာမျိုးကို အလိုမရှိပါဘူး” ဟု အနုထင်က ယနေ့ (စက်တင်ဘာ ၁၇ ရက်) ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြောကြားမှုသည် ထိုင်းနိုင်ငံတွင်း ပုဂ္ဂလိကသင်္ချိုင်းများ တည်ဆောက်ရန် လုပ်ဆောင်နေသည့် နိုင်ငံခြားသားများအား ရည်ညွှန်းကာ အနုထင်က ပြည်ထဲရေးဝန်ကြီးဌာနအစည်းအဝေး၌…
Read More