ရှားတော

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

RNA_မတ်(၂၃)၊၂၀၂၄ခုနှစ်။ ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊မိုးဗြဲ၊ နန်းဖယ်ခုံပါဝင်သည့် မြို့(၇)မြို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးအကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်း (၆၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါသည်။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ တပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊…
Read More
ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

ကလေးငယ် ၃ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၈) ဦးကို သတ်ဖြတ်သည့် သုံးပွင့်ဗိုလ်ကြီးနှင့်တပ်သားကို KNDF ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်၊ ရှားတောမြို့နယ်၊ တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ကလေးငယ် (၃) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအပါအဝင် (၈) ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံများထဲက သုံးပွင့်ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦးအား KNDF က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီထံမှ သိရသည်။ ရှားတောမြို့နယ်မတွင်း စစ်ရာဇတ်မှု ကျူးလွန်ထားသည့် စသ်ကောင်စီလက်အောက်ခံများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ရှားတောမြို့သိမ်းတို့က်ပွဲကို KA၊ KNDF၊ Loikaw PDF ပူးပေါင်းတပ်ဖွဲ့က…
Read More
Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ Loikaw PDF ရဲဘော်များသည် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲများဖြစ်သည့် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ပြီး ဒုတိယမြို့သိမ်းတိုက်ပွဲအဖြစ် ရှားတော တိုက်ပွဲတွင်လည်း အပြည့်အဝပါဝင်ခဲ့သည်ဟု သိရသည်။ "Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်" ဟု ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) - Loikaw PDF မှ ထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More
တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား စစ်ကောင်စီ၏ တပ်များက အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တလတာနီးပါး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး၊ ဒု - ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် (၁၆၀) ကျော်သေဆုံးခဲ့ပြီီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။   ရှားတောမြို့နှင့် ပတ်ဝန်းကျင်မှ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။…
Read More
ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။ ကရင်နီပြည်၊ ရှားတောမြို့သိမ်းနိုင်ရေးအတွက် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအပါအဝင် ၄၀ ကျော်ဆုံးပြီး မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရှားတော့မြို့သိမ်းနိုင်ရေးအတွက် ကရင်နီတပ်တော် - KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အင်အား ၈၀ ခန့်ရှိ ဗျူဟာကုန်းကို ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား) ရှားတောမြို့နယ်၊ ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုး အပါအဝင် (၁၆) ယောက် သေဆုံးကြောင်း သိရသည်။ " ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ခွေး အင်အား ၃၀၀ ကျော်သည် ယမနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့်…
Read More