ဧရာဝတီတိုင်း

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် - AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် - AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား…
Read More
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီမှ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၃၈ နှစ် ချမှတ်ထားကြောင်း သိရသည်။ မြောင်းမြထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကိုဝေလင်းအောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ပုဒ်မ ၅၀ ညဖြင့် CDM ထောက်ပံ့သည့်အတွက် မြောင်းမြအကျဉ်းထောင် သီးသန့်တရားရုံးက ထောင်ဒဏ် (၁၀) နှစ်၊ ဧပြီလ ၄ ရက်နေ့က ၅၀၅ က ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က…
Read More
ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်တပ်က ပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက်နှင့် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တဦးသာ အတည်ပြုထားနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီပေးနေသူများထံမှ သိရသည်။ (more…)
Read More