သတင်း

အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ အမျိုးသမီးအချုပ်ဆောင်မှ အမှုရင်ဆိုင်ရန် မတ်လ ၂၁ ရက်နေ့က တရားရုံးသွားသည့်အကျဉ်းသူ တဦးထံမှ မူးယစ်ဆေး WY- အပြား ၃၀ ကျော်ကို ရုံးထုတ်အပြန် စစ်ဆေးရေးလုပ်စဉ် ဖမ်းမိသွားကြောင်း အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တဦးထံမှ သိရသည်။   “အခု အမျိုးသမီးဆောင် ကြပ်မှာပေါ့၊ ရုံးထုတ်ပြန်လာသူဆီက ဆေးမိထားတော့လေ၊ အလိုလိုနေရင်း နေကပူ နေရတာ ကြပ်ကြပ်တည်းတည်း အခုတော့ လွတ်လပ်ခွင့်ရတာလေးတွေပါ ပိတ်ပစ်မယ်ထင်၊ နောက်ပြီး စစ်ဆေးရေးမကြာခဏဝင်နိုင်တယ်၊ ထောင်မှာက မူယစ်ဆေးကို ကြံဖန်သွင်းကြတာ ပိုက်ဆံရှိတဲ့လူတွေကထောင်ထဲမှာ မူးယစ်ဆေး မသိအောင် ပြန်သုံးပေါ့၊ အခုမိတာက ပုတီးအဖြစ်စိပ်လို့ရတဲ့ Digital တာလီ…
Read More
မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင်း သောင်းကြမ်းထွက်လာသည့် စစ်ကောင်စီတပ် တပ်မ ၉၉မှ ဘီလူးကွန်မန်ဒို စစ်ကြောင်း မြောင်မြို့နယ်ထဲဝင်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံးကြောင်း သိရသည်။   တပ်မ (၉၉) မှ ဘီလူးကွန်မန်ဒိုစစ်ကြောင်းတွင် ပျူစောထီးနှင့်ရဲများမပါဝင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်နှင့် တပ်သားများသာစုစည်းထားသည့် အင်အား (၁၅၀) ခန့်ပါသည့် စစ်ကြောင်းတခုဖြစ်ကြောင်း၊ မတ်လ ၂၂ ရက်နေ့ည ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM နှင့်မဟာမိတ်များက တိုက်ခိုက်သည့်အတွက် ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် (၁၉) ဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ထံမှ သိရသည်။ (more…)
Read More
စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။ မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က…
Read More
လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း

လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း

RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်သေနတ် အများစုဖြင့်သာ ကာကွယ်နေရကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တို့ထံမှ သိရသည်။ “ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တော်တော်များများက လက်နက်အစစ်ရှားပါသေးတယ်၊ မိုင်းခွဲမယ်၊ အဝေးပြစ်တွေနဲ့ ပစ်မယ်၊ ကြားဖြတ်တိုက်မယ်ဆိုရင်တော် မဟာမိတ်တွေနဲ့ စုလုပ်ရပါတယ်။ ရဲဘော်တွေအနေနဲ့ သူပစ် ကိုယ်ပစ်ကြားမှာ အချိန်မရွေးထိခိုက်နိုင်တာပေါ့ အဲဒီအချိန်ဆို စိတ်ထိမ်းနိုင်ဖို့ခက်တယ်၊ ဒီစခတွေကို တော်တော်မုန်းနေကြတာဗျ၊ လူသတ်မီးရှို့ ဖျက်ဆီးနေတာကို အမျိုးမျိုးလည်း ကြိမ်ဆဲကြတာပေါ့၊ ပစ်စရာရှိ ပစ် ပြေးစရာရှိ ပြေးရတာပဲ၊ နယ်မြေစိုးမိုးမှု ဒီကောင်တွေမရအောင် ခုခံနေကြရတာပါ” ဟု တိုက်ပွဲဝင် ရဲဘော်တဦးက ပြောသည်။ ယခုတပတ်…
Read More
မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။   မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force - SSTF  (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM…
Read More
Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

စစ်ကောင်စီတပ်နှင့် (၃) ရက်တာတိုက်ပွဲဖြစ်ပွားပြီး Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ   RNA_မတ်လ(၁၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT)၏ ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ တပ်မ ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT၏ ကျားမဲစစ်ကြောင်းတို့ (၃)ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့က Myingyan Black Tiger(MBT)၏ ဌာနချုပ် ခစန်း စွန့်ခွါလိုက်ရကြောင်း သိရသည်။   “ 18.3.2023)တွင် MBT၏ ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရပြီး ယနေ့ချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျှက်ရှိသည်။ (၃)ရက်တာတိုက်ပွဲအတွင်း MBTမှ…
Read More
ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

ဖားကန့်၌ ရဲကား ပစ်ခတ်ခံရသည့်နေရာအနီးမှ ပြည်သူများ‌နေအိမ် ဘူဒိုဇာများဖြင့် ဖြိုချရှင်းလင်းအတင်းရွှေ့ပြောင်းခိုင်း

RNA_ဖားကန့် မတ် (၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းနေရာ ယမန်နေ့ညနေက KIA/PDF မှ ရဲကားအားပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ ပြည်သူများအား ယနေ့ညနေတွင် စစ်ကောင်စီက ချက်ချင်းအတင်းရွှေ့ပြောင်းခိုင်းနေပြီး အိမ်များကို ဘက်ဟိုး ဘူဒိုဇာများဖြင့်ဖြိုချဖျက်ဆီး ရှင်းလင်းပစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့က KIA/PDF ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲသုံးဦး သေဆုံးခဲ့ပြီး စစ်ကောက်စီက လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာပြည်သူများအား ပစ်မှတ်ထားတုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်တစ်ဦး အမျိုးသမီး တစ်ဦးအပါ ပြည်သူ(၆)ဦးသေဆုံးခဲ့ရပြီး သားအမိနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ (more…)
Read More
လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

RNA_ဖားကန့်၊ မတ် (၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ‌ကျော်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ခဲ့သော (၂) နှစ်ကျော်အရွယ် ကလေးငယ် ယောက်ကျားလေးမှာ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။ ကလေးငယ်၏ မိခင်မှာ ဦးခေါင်းကျည်ထိထားကာ သတိလစ်မေ့မျောနေပြီး ကလေးငယ်၏ ဘယ်ဘက်လက်တစ်ဖက်မှာ ဖြတ်တောက်ကုသရမည့်အခြေအနေတွင်ရှိပြီး ကာယကံရှင်လက်မှတ်ထိုးမည့်သူမရှိ အခြားဆွေမျိုးသားချင်းများနှင့်ချိတ်ဆက်မရပဲ ဖြစ်နေကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။ (more…)
Read More