သတင်း

စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာမ တစ်ဦးအပါအဝင် အရပ်သားပြည်သူတစ်ချို့ သေဆုံးခဲ့ရကြောင်း သိရသည်။ ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) လေကြောင်းမှ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
“အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲ ယနေ့ တိုက်ပွဲများတွင် ဒုညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် သေဆုံးသူများရှိ

“အောင်မြင်စစ်ဆင်ရေး” နောက်ဆက်တွဲ ယနေ့ တိုက်ပွဲများတွင် ဒုညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် သေဆုံးသူများရှိ

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၆ခုနှစ်။ NUG/MOD/PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်တောင်းမြစ်ဝှမ်းဒေသ "အောင်မြင်စစ်ဆင်ရေး" နောက်ဆက်တွဲအဖြစ် ယနေ့ (ဇန်နဝါရီ ၁၁ ရက်) တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဒု -ညွှန်ကြားရေးမှူး (၁) ဦးအပါအဝင် အခြားသေဆုံးသူများ ရှိခဲ့သည်။ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အတွင်း တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖော်ဆောင်သည့် အထွေထွေအုပ်ချုပ်ရေးရုံးကို ယနေ့ တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ဒုညွှန်ကြားရေးမှူး (၁)ဦးသေဆုံးပြီး အခြားဌာနဆိုင်ရာဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်ရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့သည့်အတွက် စစ်တပ်လက်အောက်ခံ (၂)ဦးသေဆုံးပြီး ဗိုလ်မှူး(၁)ဦး အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦးခန့် ထိခိုက်ခဲ့သည်ဟု အမှတ် -၂ စစ်ဆင်ရေးနယ်မြေမှ သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
PDF ရဲဘော်များ တစ်ရက်တည်း စစ်တပ် စခန်း (၁၄) ခုကို တိုက်ခိုက်ခဲ့

PDF ရဲဘော်များ တစ်ရက်တည်း စစ်တပ် စခန်း (၁၄) ခုကို တိုက်ခိုက်ခဲ့

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များနှင့် ပကဖ ရဲဘော်များ စသဖြင့် မဟာမိတ်များဖြင့် စုပေါင်းပြီး ပဲခူးတိုင်း၊ တောကျွဲအင်းမြို့အပါအဝင် အာဏာသိမ်းစစ်တပ်၏ တပ်စခန်း (၁၄) ခုကို ဇန်နဝါရီလ (၉) ရက်နေ့ တစ်ရက်တည်း တိုက်ခိုက်ခဲ့ကြသည်။ တောကျွဲအင်းမြို့ရှိ အာဏာသိမ်းစစ်တပ်၏ ရဲစခန်းနှင့် အခြားတပ်စွဲထားသော နေရာများအပါအဝင် သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထား ကင်းစခန်း၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ တပ်စခန်းစသည့် (၁၄) ခုကို တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ (၅၀) ထက်မနည်းသေဆုံးခဲ့ကြောင်း၊ စခန်းများကို တိုက်ခိုက်ချိန် ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် - မန္တလေးလမ်းဟောင်းတွင်လည်း…
Read More
မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

မြို့သစ်မြို့နယ်မှာ စစ်တပ် အထူးယာဉ်တန်း တိုက်ခိုက်ခံရပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၇)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာ၌ အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) အား ဟန့်တားသည့်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ ယာဉ် (၄) စီးပါ အထူးယဉ်တန်းအား ဇန်နဝါရီ ၆ ရက်နေ့က ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွေးကောက်ပွဲ အရာရှိတစ်ဦးအပါအဝင် (၈) ဦးသေဆုံးကြောင်း သိရသည်။ တိုက်ခိုက်ခံရမှုအတွင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ တစ်ဦးအပါအဝင် (၈)ဦး သေဆုံးသွားခဲ့ပြီး၊ G3 သေနတ် (၂)လက်၊ ၎င်းကျည် (၁၆၁) တောင့်နှင့် ကျည်ဘောက် (၃)ခု သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

RNA_ဇန်နဝါရီ(၂)၊၂၀၂၆ခုနှစ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည့်ပပြင် မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု NUG ၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို…
Read More
လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ တောင်းဆို

လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ တောင်းဆို

RNA_ဇန်နဝါရီ(၁)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အချက်များအပါအဝင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက်ဟုဆိုကာ Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ယနေ့ နံနက် (၁၀) နာရီတွင် ငြိမ်းချမ်းရေးတောင်းဆိုပွဲ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးများ အတည်ပြုခန့်အပ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ပညာရေး ကျန်းမာရေးအပါအဝင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဌာန (၁၁) ခုအတွက် ဝန်ကြီးများကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ (more…)
Read More
ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။ (more…)
Read More
ဆုကြေးထုတ်ခံထားရသော သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ဆုကြေးထုတ်ခံထားရသော သပိတ်ခေါင်းဆောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနိုင်ရေး ဆုကြေးထုတ်ပြီး ဝရမ်းထုတ်ခံထားရသော လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပြီးနောက် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Yadanabon University Students' Union) က ဒီဇင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက အဆက်အသွယ်ပျက်နေပြီး ဖမ်းဆီးသွားပြီဖြစ်ပြီး၊ ဖမ်းဆီးခံရချိန် ပြင်းထန်သည့် ရိုက်နှက်ခံရမှုများရှိသည့်အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု ထုတ်ပြန်ထားကြသည်။ (more…)
Read More
ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီးတို့ ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံရ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင် ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ဒီဇင်ဘာ (၁၆) ရက်နေ့ နံနက် (၁) နာရီကျော်တွင် ဆားခဲကျေးရွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဆရာမကြီး ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရမှုသည် အာဏာသိမ်းစစ်အုပ်စု စိုးမိုးနယ်မြေမဟုတ်သည့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာမကြီးတို့နေအိမ်ပေါ်ထိ တက်ရောက်ကာ ဓားတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းသည် မြို့နယ်ပညာရေးအဖွဲ့အလုံးစုံပျက်စီးအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး လုံခြုံရေးအထပ်ထပ်ရှိနေသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်အတွက် သာမာန်အရပ်သားများ လုပ်ကြံနိုင်မည်မဟုတ်ဟုလည်း ဖြစ်စဉ်သိသူတစ်ဦးက ပြောပြထားသည်။ (more…)
Read More