မောင်တော

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် - AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် - AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား…
Read More
ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။ ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄)…
Read More
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (more…)
Read More
AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် - AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။ မောင်တောမြို့…
Read More
ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏…
Read More
MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

(၁၂)၊၂၀၂၃ ခုနှစ်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ…
Read More
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည် BNA(Anailysis) မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်းဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။ (more…)
Read More
ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှစ ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင် ပြည်သူများ၏ စပါးခင်းများ အချိန်မီ ရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် အတွက် ရက္ခိုင့်တပ်တော်- AA စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား ရိတ်သိမ်းပေးနေကြောင်း သိရသည်။ (more…)
Read More
AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ ရက္ခိုင့်တပ်တော် - AA နှင့် စစ်ကောင်စီတပ် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းတို့ နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။   ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ကကလေးကင်ပွန်းတပ် (အမည်ပေး) ပွဲ ကျင်းပနေစဉ် မောင်တောမြို့နယ် စစ်ကောင်စီတပ် နခခ(၇)မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၅) နှစ် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနေရာတွင် သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။   နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု…
Read More