20
Oct
RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် ဒိုင်ရ်ဒေသ ပီချောင်းဆုံရွာနှင့် လုံးတူ-တွီစပ်လမ်းခွဲနေရာတို့ကို စစ်အုပ်စုက (၂) ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၉) ဦး သေဆုံးပြီး (၅) ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်သူ့တပ်မတော် (CPA) က ယနေ့ (အောက်တိုဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့၌ စစ်အုပ်စုနှင့် ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုက ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၆) လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၉) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ (၁၈ - ၁၉ ရက်က ဒိုင်ရ်ဒေသ…