Tag: ငြိမ်းချမ်းစွာဆန္ဒပြ

  • ပစ်ခတ်ခံရသည့်အတွက် (၇) ဦးကျဆုံးခဲ့သော မြောက်ဥက္ကလာ

    ပစ်ခတ်ခံရသည့်အတွက် (၇) ဦးကျဆုံးခဲ့သော မြောက်ဥက္ကလာ

    RNA_မတ်(၄)၊၂၀၂၅ခုနှစ်။

    ငြိမ်းချမ်းစွာဆန္ဒပြနေသူများအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့်အတွက် ၂၀၂၁ ခုနှစ် မတ်လ (၃) ရက်နေ့က ပြည်သူ (၇) ဦး ကျဆုံးခဲ့ရသည့် (၄) နှစ်ပြည့်အတွက် ဝမ်းနည်းစွာ ပြန်လည်တင်ပြအပ်ပါသည်။

    #RedNewsAgency #RNA #RedNews

  • လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

    လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

    RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၄ခုနှစ်။

    ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် ထားဝယ်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရသည့် ဝမ်းနည်းဖွယ် (၃)နှစ်ပြည့် အခမ်းအနားကို “လမ်းမထက်ကသွေးတွေမခြောက်သရွေ့၊ လူထုတရပ်လုံး သွေးဆူကြဟေ့” ဆိုသည့် ကြွေးကြော်သံဖြင့် ယနေ့ နံနက်ပိုင်းက လောင်းလုံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

     

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြည်သူသိန်းချီပါဝင်သည့် ထားဝယ်မြို့ပေါ်က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်မှ ကျည်အစစ်များအသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ကိုဗညား (၃၉ နှစ်)၊ ကိုဖေသန်း (၃၈ နှစ်)၊ ကိုသန်းဝင်း (ခ) ဂျွန်မာခမ် (၃၆ နှစ်)နှင့် ကိုလွင်လွင် (၃၃ နှစ်) တို့ ကျည်ဆန်ထိမှန်ခဲ့ပြီး ပြည်လူထု လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ပြီး၊ ဒဏ်ရာရရှိခဲ့သူ ၃၀ ခန့်ရှိပြီး ၂၀ ခန့်ဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်ဟု DDMSC ထံမှ သိရသည်။

    (more…)

  • ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

    ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းမှာ လူငယ် ၂၇ ဦးကို ဒုတိယဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူးတို့ ဦးဆောင်အကြမ်းဖက် ဖမ်းဆီးခဲ့

    RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။
     
    ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိိ စစ်ကောင်စီတပ် အမှတ် ၁၃၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရန်နိုင်ဝင်းနှင့် ကြည့်မြင်တိုင်ရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်တို့ ဦးစီးပြီး ယမန်နေ့ ( စက်တင်ဘာလ ၁၃ ရက်) ညနေ ၆ နာရီဝန်းကျင်က ငြိမ်းချမ်းစွာဆန္ဒပြကြမည့် လူငယ်များအပါအဝင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၇ ဦးကို အကြမ်းဖက် ပစ်ခတ်ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
     
    ဖမ်းဆီးခံရသည့် ၂၇ ဦးကို အမှတ် ၁၃၉ ခြေလျင်တပ်ရင်း တည်ရှိသည့် ကြည့်မြင်တိုင်မြို့နယ် သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ် ၁ သစ်စက်ဝန်းအတွင်း စစ်ကြောရေးဝင်နေကြောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ပန်းပင်နီ ( ပန်းပင်ကြီး) လမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြရန် ပြင်ဆင်နေစဉ် အကြမ်းဖက် ပစ်ခတ်ရိုက်နှက် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

    (more…)