မင်းပြား

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် - AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် - AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား…
Read More
AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ ရက္ခိုင့်တပ်တော် - AA၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နဉ်မြေများကို သိမ်းပိုက်ရရှိထားပြီး စစ်ရေးရည်မှန်းချက်အရ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ "တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်”ဟု AAက ထုတ်ပြန်ထားသည်။ (more…)
Read More
AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စင်းနှင့် ဇက်သင်္ဘော (၂) စင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေချမရနိုင်အောင် ပျက်စီးသွားသည်ဟု AA ကထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော…
Read More
စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

"ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်" *********************** သူရိန် ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီအထိနာပြီး စစ်စခန်းများလက်လွှတ် ဆုံးရှုံးမှုများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အလုံးအရင်းလိုက် လက်နက်ချပြီး ထွက်ပြေးမှုများနှင့် သိမ်းဆည်းရရှိသည့် ဗျူဟာကုန်း များ၊ အဓိကစစ်စခန်းများကို တဟုန်းထိုး တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိသည့် စစ်စခန်းများကိုလဲ တိုက်ခိုက်လျက်ရှိပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်ထားသည်။ ရက္ခိုင့်တပ်တော် AA သည် အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေခြင်းကို တစ်နိုင်ငံလုံးမှ…
Read More
AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် - AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။ မောင်တောမြို့…
Read More
ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏…
Read More