နွေဦးတော်လှန်ရေး

စစ်အုပ်စုက ၎င်းတို့မထိန်းချုပ်နိုင်သည့် (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်တိုး

စစ်အုပ်စုက ၎င်းတို့မထိန်းချုပ်နိုင်သည့် (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ထပ်တိုး

■ ကျောက်မဲ၊ သီပေါနှင့် ငါန်းဇွန်တို့ကို စစ်အုပ်ချုပ်ရေး ပယ်ဖျက် RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်။ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ်များအပါအဝင် တိုင်းနှင့် ပြည်နယ် (၈) ခုက မြို့နယ်ပေါင်း (၅၅) မြို့နယ်အား စစ်အုပ်ချုပ်ရေးသက်တမ်း ရက်ပေါင်း (၉၀) ထပ်တိုးကြောင်း အောက်တိုဘာ (၁၈) ရက်တွင် စစ်အုပ်စုက ထုတ်ပြန်လာသည်။ စစ်အုပ်စုချုပ်ရေးသက်တမ်းထပ်တိုးထာသည့် မြို့နယ်များတွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များလည်းပါဝင်ပြီး “ဝ”ပြည် သွေးစည်းညီညွတ်ရေးမတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်၊ မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့နယ်တို့လည်း ပါဝင်နေသည်။ UWSA နှင့် NDAA တို့သည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေသည့် အဖွဲ့များလည်း…
Read More
ယခုနှစ်တွင်း တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် စစ်မှုထမ်းတပ်သားသစ် (၃၀၀) ကျော် ပါဝင်နေ

ယခုနှစ်တွင်း တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် စစ်မှုထမ်းတပ်သားသစ် (၃၀၀) ကျော် ပါဝင်နေ

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဘက်ပြောင်းအလင်းဝင်လာသူ စုစုပေါင် (၁၀) လအတွင်း (၁၆၇၃) ဦးအထိရှိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (၃၄၀) ဦးပါဝင်ကြောင်း ပြည်သူ့ရင်ခွင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ပထမပတ်အထိ တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း (၁၁၉၃) ဦးအထိရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးလာသူ (၄၈၀) ဦးအထိရှိကြောင်း သိရသည်။ ၎င်းတို့အထဲတွင် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း လအလိုက် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအရေအတွက်သည် ဇွန်လအတွင်းက (၄၂၃) ဦးအထိ အများဆုံးရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ကချင်ပြည်နယ် ရွှေကူမြို့နယ်…
Read More
မြန်မာ့နွေဦးသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာဆု ချီးမြှင့်ခံရ

မြန်မာ့နွေဦးသပိတ်ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် ကိုနန်းလင်းတို့ ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာဆု ချီးမြှင့်ခံရ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ကိုနန်းလင်းတို့ကို ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ကြောင်း Forum 2000 ဖောင်ဒေးရှင်းက အောက်တိုဘာ (၁၁) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာဆုရရှိသူများထဲတွင် ၂၀၂၅ ဒီဇင်ဘာလအတွင်းက စစ်အုပ်စု၏ မတရားဖမ်းဆီးမှုကို ခံထားရပြီး ၂၀၂၆ ဇန်နဝါရီလအတွင်း၌ ထောင်ဒဏ် (၃၇) နှစ် ချမှတ်ခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုထက်မြက်အောင်လည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ Forum 2000 နိုင်ငံတကာဆု ချီးမြှင့်ခံရမှုသည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု ဆန့်ကျင်ရေး၌…
Read More
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH အား ဆက်လက်အသိအမှတ်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က CRPH အား ဆက်လက်အသိအမှတ်ပြု

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ကျင်းပသည့် အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုလိုက်သည်။ တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတကာစင်မြင့်တွင် ကိုယ်စားပြုခွင့်နှင့် အသိအမှတ်ပြုခွင့် ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် ဆက်လက်အသိအမှတ်ပြုခြင်းသည် မြန်မာပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီစိတ်ဆန္ဒအား အကြမ်းဖက်မှုများအပါအဝင် မည်သည့် နည်းလမ်းဖြင့်မျှ ဖျက်ဆီးနိုင်ခြင်းမရှိသည်ကို ထပ်မံ သက်သေပြခြင်းပင် ဖြစ်ကြောင်း CRPH ကပြောကြားထားသည်။ (more…)
Read More
SRA ညီလာခံသို့ တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်၊ ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ဟု ဆို

SRA ညီလာခံသို့ တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်၊ ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ဟု ဆို

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ စစ်အာဏာရှင်တော်လှန်ရေးလက်နက်ကိုင် (၁၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဒုတိယအကြိမ်မြောက် ညီလာခံကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၈) ရက်မှ (၃၀) ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံ၌ ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ AA တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) မှ အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ SRA…
Read More
🔴 [UPDATE] မင်းအောင်လှိုင်နှင့် ဆက်ဆံနေတိုင်း ထောက်ခံနေခြင်းမဟုတ် 

🔴 [UPDATE] မင်းအောင်လှိုင်နှင့် ဆက်ဆံနေတိုင်း ထောက်ခံနေခြင်းမဟုတ် 

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ 📌 တင်ဆက်ပေးမဲ့သတင်းတွေကတော့ ဒီပဲယင်းနှင့် ချောင်းဦးကို တစ်ဖက်အဖွဲ့အစည်းမှ ဝေဟင်မှအင်အားသုံးခဲ့တဲ့အတွက် မိသားစုဝင် (၄) ဦး အသက်ဆုံးရှုံးပြီး သံဃာအပါအဝင် (၆) ဦး ထိခိုက်ခဲ့ရတဲ့သတင်း၊ မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံနေပေမဲ့ အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဘူးလို့ မလေးရှားအစိုးရ ပြောကြားလိုက်တဲ့သတင်း၊ ပြည်ပရောက် မြန်မာ မီဒီယာ (၅) ခုကို ဖမ်းဆီးရန် အင်တာပိုလ်နှင့် ချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတဲ့သတင်း အပါအဝင် စိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ (more…)
Read More
လက်နက်ဖိုးအကြွေးတောင်းပြီး ပြန်လာသည့် ပကဖရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရ

လက်နက်ဖိုးအကြွေးတောင်းပြီး ပြန်လာသည့် ပကဖရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရ

RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်ကြား အုတ်ရှစ်ကြီးရွာအနီး၌ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရကြောင်း ဒီပဲယင်းဒေသခံတစ်ဦးထံက သိရသည်။ ယခုလ အောက်တိုဘာ (၄) ရက်က ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာ၌ လက်နက်ဖိုး အကြွေးသွားတောင်းသည့် ဘုတလင် ပကဖအဖွဲ့မှ ရဲဘော် (၂) ဦးသည် ငွေကျပ် သိန်း (၂၀၀) ကျော်နှင့်အတူ ပေါက်ချိုင်ရွာမှ ပြန်လာချိန် အရာတော်မြို့နယ် အုတ်ရှစ်ရွာအနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ “ပေါက်ချိုင်ဘက်ကို ကြွေးသွားတောင်းပြီးအပြန်မှာ ဖြစ်တာ။ သူတို့ ရောင်းထားတဲ့ (လက်နက်ဖိုး) ပစ္စည်းအတွက် အကြွေးသွားတောင်းပြီး အပြန်မှာ ဖြစ်တာ။ အချင်းချင်းကြား ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်ပြီး…
Read More
မြန်မာနောင်းနှင့် ဧရာဝတီအပါအဝင် ပြည်ပမီဒီယာ(၅) ခုကို ဖမ်းဆီးရန် အင်တာပိုလ်နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြော

မြန်မာနောင်းနှင့် ဧရာဝတီအပါအဝင် ပြည်ပမီဒီယာ(၅) ခုကို ဖမ်းဆီးရန် အင်တာပိုလ်နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြော

RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများတွင်အခြေစိုက်ကာ သတင်းရေးသားဖော်ပြနေသည့် သတင်းမီဒီယာ (၅) ခုကို ဖမ်းဆီးရန် အမှုဖွင့်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက အောက်တိုဘာ (၆) ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဖြေကြားပြောဆိုထားသည်။ စစ်အုပ်စု ထိန်းချုပ်ထားသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းလွှတ်တော်အမတ် ဒေါ်သန်းသန်းအေးက ပြည်ပနိုင်ငံများတွင် နေထိုင်ပြီး နိုင်ငံတော်’ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသူများကို အရေးယူရန် ရှိ မရှိ မေးမြန်းမှုအပေါ် စစ်အုပ်စု ပြည်ထဲရေးဒုဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် မမှန်မကန်ရေးသားဖော်ပြခြင်း ဆောင်ရွက်နေသူများနှင့် သတင်းမီဒီယာများဖြစ်သည့် မြန်မာနောင်း၊ ခေတ်သစ်၊ မဇ္ဈိမ၊ ဒီဗွီဘီ၊…
Read More
🔴 [UPDATE] ကျားဖောင် လူကုန်ကူးသူများကို ထောင်ဒဏ် ၁၅ နှစ်ချမှတ် ၊ ပြည်သူများ နေ့စဉ် တိုက်ခိုက်ခံနေရ

🔴 [UPDATE] ကျားဖောင် လူကုန်ကူးသူများကို ထောင်ဒဏ် ၁၅ နှစ်ချမှတ် ၊ ပြည်သူများ နေ့စဉ် တိုက်ခိုက်ခံနေရ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ တင်ဆက်ပေးမဲ့သတင်းတွေကတော့ စိတ်ကျန်းမာရေးမကောင်းသူကို ကျားဖောင်လုပ်ကိုင်ရန် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများအား ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်လိုက်တယ်ဆိုတဲ့သတင်း၊ တောင်သာမြို့နယ်က မူလတန်းကျောင်းကို ဝေဟင်မှ အင်အားသုံး တိုက်ခိုက်ခံရတဲ့အတွက် ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ခဲ့တယ်ဆိုတဲ့သတင်း၊ ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀,၀၀၀) ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြားလိုက်တဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေ ဖြစ်ပါတယ်။ https://youtu.be/Ifx3LZrcUdU?si=7XUw9tXriZ_vJZVS (more…)
Read More
ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ပိုင်းမှ ကျေးရွာများကို စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ ရေဦးမြို့နယ်အနောက်ပိုင်း ညောင်ပင်သာရွာ၊ မကြီးကုံး (မကျည်းကုန်း) ရွာ၊ အုတ်ဖိုရွာနှင့် ညောင်စောက်ရွာတို့ရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အောက်တိုဘာ (၄) ရက် နေ့လည် ပိုင်း၌ စစ်အုပ်စုက အသေခံဒရုန်း (၃) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်စောက်ရွာမှ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “ကာမီကာဇယ် အသေခံဒရုန်း (၃) စီး နဲ့ ရေဦးအနောက်ပိုင်း ကျေးရွာတစ်ရွာ ကိုတိုက်ခိုက်ခံရပြီး ပြည်သူ အမျိုးသမီး…
Read More