နွေဦးတော်လှန်ရေး

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၀)ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရ

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၀)ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် (၁၀) ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းပြန်ကြားရေးက စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ AA တပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ဝီရဌာနီ (ပေါက်တော)၊ ဂွ၊ ကျောက်တော်၊ အဉ္ဇနပူရ (မင်းပြား) တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ ထိခိုက်သေဆုံးခဲ့ခြင်း…
Read More
ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီပြည်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် စက်တင်ဘာ (၂၇) ရက် ညနေ (၆) နာရီ (၄၅) မိနစ်၌ ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ထားသည်။ KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် အသက် (၇၆) နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ရဲဘော် နနဲပလိုးက Red News Agency ကို ပြောသည်။ ဗိုလ်မှူးကြီးဘုန်းနိုင်၏ နာရေးအခမ်းအနားကို စက်တင်ဘာ (၃၀) ရက်တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက်ကလည်း…
Read More
အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

အထူးတိုင်းစစ်ဌာနနယ်မြေ ဗုံးကြဲခံရမှုအပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား ပြော

RNA_စက်တင်ဘာ(၂၆)၊၂၀၂၆ခုနှစ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးတိုင်းစစ်ဌာနနယ်မြေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခဲ့မှုအတွင်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့သော်လည်း ၎င်းတို့အပေါ် မစိုးရိမ်ကြရန် တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၅) ရက်က ပြုလုပ်ခဲ့သည့် အထူးတိုင်းစစ်ဌာန၏ “ဝိုင်းချစ်မယ့် တိုင်းစစ်” ကမ်ပိန်း၌ ရဲဘော် အောင်စံရှား၏ စာဖြင့် ရေးသားပေးပို့မှုကို အထူးတိုင်းစစ်ဌာန စစ်ရေးအရာရှိ ရဲဘော်တိုးကြီးကတဆင့် ကမ်ပိန်း၌ ပြောကြာခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ကို မစိုးရိမ်ကြပါနဲ့။ အဓိကလိုအပ်နေတဲ့အရာတွေအတွက်ပဲ အင်အားဖြည့်ပေးကြပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က၊ ကိုယ်ရောက်နေတဲ့နေရာကနေ တစ်ယောက်တစ်လှည့် ဝိုင်းဝန်းပေးကြရင်း အားတစ်ခုဖြစ်ပေးကြပါ။ တစ်ယောက်ထဲ သန်မာဖို့မဟုတ်ဘူး။ အားလုံးအတူတူ သန်မာကြမယ်။ အတူတူရှိမယ်။ အတူတူရပ်တည်မယ်။ အတူတူ သန်မာကြမယ်”ဟု…
Read More
🔴 [UPDATE] NUG အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရပြီး (၆) ဦး ကျဆုံး ၊ Red News

🔴 [UPDATE] NUG အထူးတိုင်း စစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရပြီး (၆) ဦး ကျဆုံး ၊ Red News

Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ NUG အထူးတိုင်းစစ်ဌာနချုပ် ဝေဟင်မှ အင်အားသုံးခံရပြီး လေတပ် CDM တပ်ကြပ်ကြီးနေဝင်းအောင်အပါအဝင် (၆) ယောက် အသက်ပေးလှူသွားရတယ်ဆိုတဲ့သတင်း၊ ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်း ဝေဟင်မှ အင်အားသုံးခံရမှုအတွင်း ခရီးသွားပြည်သူ (၅) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ ကောလင်းကို စစ်အုပ်စုက ဝေဟင်မှ အင်အားသုံးမှုကြောင့် ဒေသခံ (၂) ဦး အသက်ဆုံးရှုံးပြီး (၈) ဦး ထိခိုက်ခဲ့တယ်ဆိုတဲ့သတင်း၊ လူမှုကွန်ရက်၌ ဝေဖန်ရေးသားမှုကြောင့် စစ်အုပ်စု ထိန်းသိမ်းထားသူ (၂၀၀၀) ကျော်ရှိလာပြီဆိုတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/4RNNo9AQqcA?si=QqY0FGuyWuZV0IEq…
Read More
ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

ကောလင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံး၊ (၈) ဦး ထိခိုက်ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၁) တပ်ရင်းက စက်တင်ဘာ (၂၄) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၄) ရက် ညနေ (၅) နာရီ (၁၅) မိနစ်ဝန်းကျင်က ကုက္ကိုကုန်းရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ပြီး ဗုံး (၂) လုံးနှင့် ရော့ကတ် (၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကုက္ကိုကုန်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့်…
Read More
NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ၊ (၆) ဦးခန့် ကျဆုံးပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရ

NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ၊ (၆) ဦးခန့် ကျဆုံးပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နေရာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၆) ဦးဝန်းကျင် ကျဆုံးခဲ့ရပြီး ထိပ်ပိုင်းတာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၁၁ နာရီဝန်းကျင်က NUG အထူးတိုင်းစစ်ဌာနချုပ်ရှိရာနေရာကို အာဏာသိမ်း စစ်တပ်မှ ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနှင့် CDM ဗိုလ်မှူး တင်လင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “အထူးတိုင်းစစ်ဌာနနေရာ ဗုံးကြဲခံရတယ်။ အောင်စံရှားတို့၊ တင်လင်းအောင်တို့ ထိတယ်၊ (၆) လောက်ကျတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက…
Read More
လူမှုကွန်ရက်၌ ဝေဖန်ရေးသားပြောဆိုမှုကြောင့် စစ်အုပ်စု ဖမ်းဆီးထားသူ (၂၀၀၀) ကျော်ရှိလာ

လူမှုကွန်ရက်၌ ဝေဖန်ရေးသားပြောဆိုမှုကြောင့် စစ်အုပ်စု ဖမ်းဆီးထားသူ (၂၀၀၀) ကျော်ရှိလာ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်း (၅) နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်၌ စစ်အုပ်စုအား ဝေဖန်ရေးသားမှုနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား အားပေးထောက်ခံသည့် အရေးအသားများကြောင့် စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံထားရသူပေါင်း (၂၀၂၉) ဦးရှိလာသည်ဟု Data for Myanmar မှ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း (၂၂၇) မြို့နယ်မှ အမျိုးသား (၁၃၁၅) ဦးနှင့် အမျိုးသမီး (၇၁၄) တို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းမှ (၅၀၄) ဦး၊ မန္တလေးတိုင်းမှ (၄၆၅) ဦးနှင့် ပဲခူးတိုင်းမှ (၂၇၁) ဦးတို့ဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ လူမှုကွန်ရက်၌ စစ်အုပ်စုကို…
Read More
🔴 [UPDATE] ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်တပ် လူမဆန်တာ လုပ်နေ ၊ Red News Agency

🔴 [UPDATE] ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်တပ် လူမဆန်တာ လုပ်နေ ၊ Red News Agency

Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ စစ်အုပ်စုဟာ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်ထားတဲ့ တပ်သားတွေကို စစ်မြေပြင်မှာ ဖယ်ရှားခိုင်းတာတွေ ရှိနေတယ်ဆိုတဲ့သတင်း၊ အဓမ္မစုဆောင်းခံရချိန် ညီနဲ့ အစ်မဖြစ်သူတို့ကို စစ်အုပ်စုက အသက်အန္တရာယ်ပြုခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ဝန်ခံပြောကြားထားတဲ့သတင်း၊ မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့် အခြေအနေနှင့် ကြုံနေရတယ်ဆိုတဲ့သတင်း၊ ခေါင်လန်ဖူးက စစ်အုပ်စုရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို KIA သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/gFm1SdEGttI?si=iRxxWi3cZIWecSJi (more…)
Read More
ဒဏ်ရာရဆေးမကုနိုင်သည့်တပ်သားများကို စစ်မြေပြင်၌ ပစ်သတ်ခိုင်းမှုများရှိဟု AA ဖမ်းဆီးရမိသည့် စစ်အုပ်စု စစ်သုံ့ပန်း ပြော

ဒဏ်ရာရဆေးမကုနိုင်သည့်တပ်သားများကို စစ်မြေပြင်၌ ပစ်သတ်ခိုင်းမှုများရှိဟု AA ဖမ်းဆီးရမိသည့် စစ်အုပ်စု စစ်သုံ့ပန်း ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျေးရွာ မင်းချောင်းတံတားအနီး၌ ကင်းစောင့်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၀) ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း AA သတင်းပြန်ကြားရေးဌာနက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။ AA တပ်တော်မှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ပြည်သူ့စစ် စစ်သုံ့ပန်းသည် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) လက်အောက်ခံ အမှတ် (၂၅၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ရန်ငြိမ်းအောင်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ဝန်ခံထွက်ဆိုချက်အရ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို ဆေးကုသ၍ မရနိုင်ပါက…
Read More
စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

စစ်မှုထမ်းစုဆောင်းခံရချိန် ညီနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စု သတ်ဖြတ်ခဲ့ဟု ကာယကံရှင်ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု၏ စစ်မှုထမ်း အပတ်စဉ် (၂၀)တွင် အဓမ္မတပ်သားသစ် စုဆောင်းခံခဲ့ရသူ မောင်ဇော်ကိုကို၏ ညီဖြစ်သူနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြောင်း ကာယကံရှင် ပြောဆိုထားသည့် ရုပ်သံကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စက်တင်ဘာ (၂၂) ရက်တွင် ထုတ်ပြန်ထားသည်။ စစ်မှုထမ်းအပတ်စဉ် (၂၀) တွင် စစ်သင်တန်းတက်ခဲ့ရသည့် အသက် (၂၄) နှစ်အရွယ် မောင်ဇင်ကိုကိုသည် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၂၆၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦးဖြစ်ပြီး စစ်အုပ်စုတပ်ရင်းစခန်းမှ ထွက်ပြေးလာပြီး ကော့သောင်း ပကဖအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။ “ကျွန်တော့်ညီနဲ့ ကျွန်တော့်အစ်မကိုလည်း ကျွန်တော် စစ်မှုထမ်းသင်တန်းတက်နေတာကို သိရဲ့နဲ့ သူလျှိုဆိုပြီး သတ်တယ်။ ကျွန်တော့်ညီအလောင်းကိုတော့ အဖေနဲ့…
Read More