Tag: နေပြည်တော်
-

ပြည်သူ့ဆန္ဒမပါသည့် ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ရွေးချယ်ခံရ
RNA_မတ်(၁၆)၊၂၀၂၆ခုနှစ်။ပြည်သူများ၏ ဆန္ဒမပါသော ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်အောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်က၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အပိုင်း ၃ ပွဲခွဲကာ ကျင်းပခဲ့ပြီးနောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ စတင်ကျင်းပခဲ့တာဖြစ်ပြီး သဘာပတိအဖြစ် ဒဂုံမဲဆန္ဒနယ် ဦးနန္ဒကျော်စွာမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ -

တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ
RNA_ဧပြီ(၂၈)၊၂၀၂၅ခုနှစ်။
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တစ်လပြည့်ပြီဖြစ်သော်လည်း ငလျင်အသေးစားများ ထပ်မံလှုပ်ခတ်မှုအပြင် အင်းအားပြင်းငလျင်လှုတ်ခတ်ခဲ့သည့်အချိန်က ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများစသည့် ဒုက္ခများသည် ယနေ့အထိ ဆက်လက်ခံစားနေကြရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်၌ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အလွန်အင်အားပြင်း ရစ်ချ်တာစကေး ၇ ဒသမ ၇ ပမာဏရှိ ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအမွေအနှစ်များ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး ဧပြီလ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိခဲ့သည်။
-

နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့
RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာကို ဧပြီလ ၁၉ ရက်နေ့က အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု/ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (OPRF – PLA) ရဲဘော်များ (၃) နာရီကျော်ကြာ ထိန်းချုပ်ထားမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင် (၃)သုံးဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို ထိန်းချုပ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော် (အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော်လည်း ထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။ -
သတင်းအမှောင်ချခံထားရသည့် နေပြည်တော်
RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။
ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တွင် သေဆုံးအလောင်းများကြောင့် အပုပ်နံ့များထွက်နေခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ငလျင်လှုပ်ခတ်သည့်အနေ့က အလောင်းများကို ဖြစ်လိုအစဖျောက်ခြင်း၊ အိမ်ယာများမှ ဝန်ထမ်းများဖယ်ပေးရသော်လည်း အကူအညီမရခြင်းစသည့် နေပြည်တော်က သတင်းအမှောင်ချထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ရုပ်သံများနှင့်တကွ တင်ပြလိုက်ပါသည်။
#RedNewsAgency #REDNEWS #RNA #MyanmarEarthquake #earthquake #Earthquake2025
-

၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်
RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ပိတ်မိနေသော အသက် (၆၃) နှစ်အရွယ် အမျိုးသမီးကြီးအား ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်အဖွဲ့က အသိပေးထားသည်။ -

ကိုဘုန်းကြွယ်လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ပြန်ပို့လိုသော်လည်း လက်ခံသူမရှိသေး
RNA_မတ်(၅)၊၂၀၂၅ခုနှစ်။
ကိုဘုန်းကြွယ် လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ကျားဖြန့်အတွင်း လူကုန်ကူးခံရသူ (၄၀၀) ကျော်ကို ပြန်ပို့မည်ဆိုသော်လည်း လက်ခံမည့်သူ မရှိသေးသည့်အတွက် အခက်အခဲများ ဖြစ်နေသည်ဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ပြောကြားထားသည်။
#RedNewsAgency #REDNEWS #RNA #DKBA
-

စစ်တောင်းမြစ်အရှေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၈) ဦးထက်မနည်း ကျဆုံး
RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာဝန်းကျင် ဇန်နဝါရီလ (၃) ရက်နေ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် အာဇာနည် သူရဲကောင်း (၈) ဦးထက်မနည်း ကျဆုံးခဲ့ရကြောင်း သိရသည်။
-

စစ်ရှုံးနေတာ လက်ခံပေးဖို့ မင်းအောင်လှိုင်နှင့်အဖွဲ့ကို စစ်သုံ့ပန်းဗိုလ်မှူးချုပ် အသိပေး
RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။နေပြည်တော်မှာရှိသည့် မင်းအောင်လှိုင်နှင့်အဖွဲ့ကို ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေမှုကို လက်ခံပေးရန်နှင့် ပြည်သူများကို ဗုံးကြဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ပေးရန်စသည်တို့ကို အာရက္ခတပ်တော်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အသိပေးပြောကြားထားသည်။ -

စစ်ကောင်စီကျရှုံးတော့မှာ ဘာ့ကြောင့် သေချာနေရတာလဲ
“လက်နက်ကိုင်တော်လှန်ရေးဟာ ၃ နှစ်ကျော်ကာလအကြာမှာပဲ သမိုင်းအဆက်ဆက် သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်တွေကို ထိခိုက်ကျရှုံးလောက်အောင်၊ ပုံပျက်ယိုင်နဲ့ပြီး ပြိုကျလာအောင်အထိ စွမ်းဆောင်ပြနိုင်လာခဲ့ပါပြီ”
ကေဂျီ – Wiper
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ချိန်မှာတော့ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တော့တာဆိုလို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မှုဆယ် ၅ မြို့ သာကျန်ရှိပါတော့တယ်။ အပစ်အခတ်ရပ်စဲပြီး ၅ လ ကျော်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ညီနောင် ၃ ဖော်တို့ရဲ့ အသီးသီး စစ်ရေးပြင်ဆင်လာမှုတွေကို တွေ့မြင်လာရပြီး ဘယ်အချိန် ထပေါက်ကွဲမယ်မသိရတဲ့ ဖျက်အားပြင်း ဗုံးတလုံးလို အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဇွန်လ ၁၂ရက်နေ့ လောက်ကစပြီး လားရှိုး– မူဆယ် လမ်းပေါ်က ကောင်းဟုန်၊ နမ့်ဖ၊ မန်နားရွာအနီးက လမ်းများနဲ့ နမ္မတူ– သီပေါ လမ်းပိုင်းနေရာတချို့ကို မြေတူးစက်နဲ့ တူးပြီးဖျက်ဆီးကာ သွားလာလို့ မရနိုင်အောင် လုပ်ဆောင်လာခဲ့ပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း စစ်ကောင်စီဟာ လက်နက်ကြီးတွေ၊ တရုတ်ထုတ်နဲ့ ရုရှားထုတ် ဒရုန်းတွေကို ပြင်ဆင်ထားပြီး မြို့အပြင်မှာရှိတဲ့ စစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းနေပါတယ်။ စစ်ကောင်စီဟာ ဟိုင်ဂင်သဘောတူညီချက်များကို သွေဖီပြီး ကိုးကန့်နဲ့ တအာင်းဒေသတွေကို လက်နက်ကြီး ပစ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
-

တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်
“လုံခြုံမယ်လို့ထင်ထားတဲ့ နေပြည်တော်လည်းမလုံခြုံဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နယ်မြေမရှိတော့ဘူးဆိုတာ”
********************************ရန်နိုင်
ရှေးပဝေသဏီက စစ်ဘုရင်ကြီးတွေရဲ့ စစ်တိုက်နည်း မဟာဗျူဟာတွေအရဆိုရင် ရန်သူ့ရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်ရင် ရန်သူ့ကိုအောင်နိုင်ပြီဟု သတ်မှတ်ခဲ့ကြတယ်။ တရုတ်စစ်ဘုရင်ကြီးဖြစ်တဲ့ ဆွန်ဇုကတော့ အခြေချရာနယ်မြေတွေကို မှုန့်မှုန့်ညက်ညက်ခြေဖျက်ပြီး ရန်သူအလိုလို ကြောက်ရွံ့အရှုံးပေးလာစေတဲ့ ဗျူဟာကို သုံးခဲ့တယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ပွဲတွေမှာတော့ ဆိုခဲ့တဲ့ စစ်နည်း ဗျူဟာ ၂ ခုလုံးကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတင်မကသေးပဲ ရောမခေတ်က သုံးခဲ့တဲ့ ထရိုဂျန်ဆန်ဆန် စိမ့်ဝင်စစ်ကိုလည်း လက်တွေ့အသုံးချနေတယ်။ ကမ္ဘာ့အဆင့် ၃၈ ဆိုတဲ့ စစ်တပ်ကြီးလဲ တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ အလဲလဲအကွဲကွဲနဲ့ သမိုင်းဝင်အရှက်တွေကွဲနေရတယ်။
တော်လှန်ရေးစကတည်းက CDM တွေက စွန့်ခွာသွားကြသလို၊ UG တွေကလည်း အမှည့်ခြွေ ခြွေနေတာမို့ အင်အားက အိုကြီးအိုမ ရဲဘော်ဟောင်းကြီးတွေကိုပဲ အားကိုးနေရတော့တာ။ ဒါကိုတောင် အားမရသေးလို့ ရန်ကုန်မြို့ရဲ့ စစ်ရုံးချုပ်လိုနေရာတွေ၊ ကြည့်မြင့်တိုင် ကမ်းနားက ဆီတင်သင်္ဘောကြီးတွေကိုပါ ရန်ကုန် ပ.က.ဖ တွေက လက်စွမ်းပြ ဖောက်ခွဲပြလိုက်သေးတယ်။ ဒီထက်ပိုထိရောက်တဲ့ မစ်ရှင်တွေရှိသေးကြောင်း စစ်ကောင်စီကို သတိပေးလိုက်သေးတယ်။ စိမ့်ဝင်စစ်တွေရဲ့ လက်တွေကျတဲ့ အောင်ပွဲတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လှိမ့်နေအောင် ခံနေရတာဖြစ်တယ်။
တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေကလည်း အနှစ်အနှစ်အလလက စုစည်းထားတဲ့ စစ်အာဏာရှင် မုန်းတီးမှုတွေကို နွေဦးတော်လှန်ရေးမှာ ပေါက်ကွဲပြလိုက်ပြီး သက်ဆိုင်ရာ နယ်မြေတိုင်းမှာ စစ်ကောင်းစီ ကင်းစင်နယ်မြေဖြစ်စေခဲ့တယ်။ လောလောလတ်လတ် မင်းအောင်လှိုင်ကိုယ်တိုင် ရေစက်ချပေးလိုက်တဲ့ (၅) မိနစ် ဖလူးစခန်းအပါအဝင် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇၊ သဃ်န်းညီနောင် ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာတော့မယ့် မြဝတီမြို့ကြီးက ထည်ထည်ဝါဝါ ပေါ်လာပြီဖြစ်တယ်။