တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၄ ခုနှစ်။

“ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး နိယာမတရားအတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများ တော်လှန်သော လမ်းစအသီးသီးကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား SSPP/SSA ၏ ဦးတည်ချက်၊ မူဝါဒ စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုပါက လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုနေမည်ဖြစ်ကြောင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ မိဘာပြည်သူလူထုထံ SSPP/AAS ကပန်ကြားထားသည်။

SSPP/SSA သည် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ပြီး လူမျိုးပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ကို အစဉ်တစိုက်ဦးတည်ပြီး ရေရှည်လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။



ရှမ်းပြည်တိုးတိုက်ရေးပါတီ/ရှမ်းပြည်တပ်မတော် – SSPP/SSA သည် ရှမ်ပြည်လက်နက်ကိုင်တော်လှန်ရေး၏ တောင်းဆိုတိုက်တွန်းချက်အရ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်၍ ရှမ်းပြည်လူမျိုးပေါင်းစုံ မိဘပြည်သူလူထုအား အလုပ်အကျွေးပြုသွားရန်အတွက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုအတွင်းမှ မွေးဖွားလာသည့် ပါတီအဖွဲ့အစည်းနှင့်တပ်မတော်ဖြစ်ကြောင်း ပန်ကြားချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor