06
Oct
RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသား (၁) ဦးအား ပင်လယ်ပြင်တွင်း ကျားဖောင်၌ အလုပ်လုပ်ကိုင်ရန်အတွက် ခြိမ်းခြောက်ခေါ်ဆောင်ခဲ့သူများထဲမှ ဖမ်းဆီးရမိသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်ခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၆ ရက်)_ ထုတ်ပြန်ထားသည်။ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားသည် နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် ဖခင်ဖြစ်သူမှ လိုက်လံရှာဖွေရာ မင်္ဂလာဒုံမြို့နယ်နေ ဇော်လှိုင်မောင်မောင်၊ ဆိုတေး၊ ထွန်းဝင်းလှိုင်(ခ)ကုလားဝတုတ်၊ ကျော်နိုင်ဦး(ခ)ဘုံတို၊ မြမြထွေး(ခ)ကလေးမနှင့် ရီရီသန်းတို့ကို ခြိမ်းခြောက်ခေါ်ဆောင်သွားကြောင်း သိရပြီးနောက် ဒေသအာဏာပိုင်များကို တိုင်တန်းခဲ့ကြောင်း သိရသည်။ ယင်းနောက် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ချိန် ၎င်းတို့…