လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၄ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံနိုင်ငံများအတွင်း ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောကြားထားသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၅၆၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPPက ထုတ်ပြန်ထားပြီး၊ ယင်းသေဆုံးခဲ့ရသူများထဲတွင် ကလေးငယ်များ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများပါဝင်ကြောင်း သိရသည်။ (more…)
Read More
မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် - AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊…
Read More
KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

"ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်" မောင်ဝိ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCAရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်တပ်က ကျင်းပရန်ပြင်ဆင်နေပြီး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေသာမက၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ကိုပါ တက်ရောက်ဖို့ စစ်တပ်က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားမှု မတိုင်ခင် စစ်တပ်ရဲ့ လုပ်ရပ်အချို့နဲ့ NCA ဆိုတာကရော တိုင်းရင်းသားတွေအပေါ် တန်းတူအခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။ စစ်တပ်က ကျင်းပမယ့် NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲ…
Read More
တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ဘုန်းတော်ကြီးတပါးနှင့် မိသားစု ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးသေဆုံး

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း မြောက်ယမား ရေလှောင်တမံဆည်ရင်းရှိ အစည်းအဝေးဆောင်နှင့် ညောင်ကုံးကျေးရွာကို ယနေ့ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။ “ညောင်ကုံးကျေးရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တော့ နေအိမ်အတွင်းက မိသားစု ၅ ဦးတပြိုင်တည်းသေသွားတယ်၊ ဘုန်းကြီးတပါးလည်းပါတယ် အမျိုးသမီးတဦးပါတယ် အားလုံးသေ ၉ ဦးသေတယ်၊ ၈ ဦးဒဏ်ရာရှိတယ် ဒဏ်ရာရတဲ့အထဲမှာ ကလေး ၂ ဦးပါတယ်။ နေအိမ်က ၁၁ လုံးမီးလောင်တယ်။ မြောက်ယမားဆည်ရင်းက အစည်းအဝေးဆောင်မှာကြတော့ အမျိုးသမီးတဦးသေတယ်၊ အမျိုးသမီးတဦးဒဏ်ရာရတယ်” ဟု ပုလဲအခြေစိုက် Red…
Read More
ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်အပါအဝင် တရားခံများကို NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့မှ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားပြီးတရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တရားခံ (၆) ဦးတို့အား မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။ စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်   RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။   “ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို…
Read More
စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။   " လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် " ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ (more…)
Read More
ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။   နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေး (Informal Meeting)တွင် စစ်ကောင်စီတပ်၏ အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုများ၊ တာတိုင်ရွာနှင့် နမ့်နိန်ကျေးရွာဖြစ်စဉ်တို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ တင်ပြသည့် အလွတ်သဘောအစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းတက်ရောက်ခွင့်ရပြီး မိန်းခွန်းပြောကြားရာတွင် စစ်အာဏာသိမ်းမှု (၂) နှင့်ပြည့်အတွင်း ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်ကိစ္စများကို တင်ပြခဲ့ခြင်းဖြစ်သည်။ (more…)
Read More
”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ" ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။ (more…)
Read More