05
Oct
RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ စစ်အုပ်စု အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းကို (၃) နှစ်ကျော်အကြာ အောက်တိုဘာ (၄) ရက်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။ မြိုင်မြို့နယ် ဒေသအဖွဲ့အစည်းများက ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်အုပ်စုနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။ စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ဂွေးကုန်ရွာမှ ပြည်သူ (၅) ဦး၊ မကျီးကုန်းရွာမှ ပြည်သူ (၁)…