Category: ဆောင်းပါး

  • တကယ်ရော တန်ရဲ့လား..?

    တကယ်ရော တန်ရဲ့လား..?

    “NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား”

    ရန်နိုင်

    NUG က အနောက်နိုင်ငံက PR (Public Relations) ကုမ္ပဏီတွေနဲ့ အကြံပေးတွေကို ငွေကြေးအမြောက်များပေးပြီး အသုံးပြုနေတယ်လို့ Asia Times ရဲ့ ဆောင်းပါးရှင် David Scott Mathieson က FARA မှတ်တမ်းတွေကို အကိုးအကားပြုပြီး “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေဖန်ထားတဲ့‌ ဆောင်းပါးရှိပါတယ်။

    FARA ဆိုတာက နိုင်ငံခြားတိုင်းပြည်ရဲ့ အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အဖြစ်မနေ မှတ်ပုံတင်ပေးရတဲ့ အမေရိကန်ရဲ့ဌာနတစ်ခုပါ။ NUG အတွက် အလုပ်လုပ်ပေးနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Bivings Group ဖြစ်စေ တခြားလော်ဘီအဖွဲ့တွေဖြစ်စေ FARA ဌာနမှာမှတ်တမ်းတွေ ပေးထားရပါတယ်။

    မှတ်တမ်းတွေအရ NUG က အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ (တစ်ခါတရံ တစ်လကို ဒေါ်လာသောင်းချီ) ကို အဲ့ဒီ PR လုပ်ငန်းတွေအတွက် သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။ဆောင်းပါးရှင်ကတော့ NUG ကို PR လုပ်ပေးနေတဲ့ လော်ဘီအဖွဲ့တွေကို “Grifters” (လူလိမ်လူညာတွေ) လို့ဝေဖန်ထားပါတယ်။ ဒီအဖွဲ့တွေက မြန်မာ့အရေးကို ကောင်းကောင်းနားမလည်ဘဲ အပေါ်ယံ အကြံပေးချက်တွေနဲ့ NUG ဆီကနေ လစာငွေ အမြောက်အမြား ရယူနေကြတယ်လို့ ဆိုထားပါတယ်။

    (more…)

  • မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

    မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

    “တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်ကောင်စီအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၍ ပယ်ချပေးခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင် စစ်ကောင်စီဘက်မှ ရပ်တည်ပေးခြင်းတို့ဖြင့် အကာအကွယ် ပေးထားသည်”

    ရန်နိုင်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ အသီးသီးတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အလွန်အမင်း မှီခိုနေရခြင်းမှာ ငြင်းဆို၍မရသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးတွင် ၉၆ ရာနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ၈၉ ရာနှုန်း အထိ မှီခိုနေရသည်ဟု မြန်မာ့မူဝါဒရေးရာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ရှုမြင်နေကြောင်း ISP Myanmar ၏ ၂၀၂၄ စစ်တမ်းတွင် ဖော်ပြထားသည်။

    ဤအခြေနေက ‘မြန်မာနိုင်ငံသည်တရုတ်လက်အောက်ခံနိုင်ငံ (သို့မဟုတ်) အချုပ်အခြာအာဏာကို ပြန်လည်ငှားရမ်းသုံးစွဲနေရသည့်နိုင်ငံ ဖြစ်နေပြီလား’ ဟု ပြည်တွင်းပြည်ပ ပညာရှင်များအကြား စိုးရိမ်ပူပန်မှု မြင့်တက်လာနေကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အဓိက ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် အစောပိုင်း စာရင်းများအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၀ ရာနှုန်းမှာ တရုတ်နိုင်ငံမှ ချေးငွေများ ဖြစ်နေခြင်းသည် မြန်မာနိုင်ငံအား “ကြွေးမြီထောင်ချောက်” အတွင်းသို့ ရောက်ရှိသွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

    (more…)

  • စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

    စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

    “လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်”

    ကျော်ကြီး

    လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ရာမှာလည်း ဒီမိုကရေစီက မပါမဖြစ်ပါနေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ပိုင်းရဲ့ ရောက်ရာနေရာ တက်ရာအခမ်းအနားတိုင်းရဲ့ မပါမဖြစ်စကားလုံးကလည်း ဒီမိုကရေစီရွေးကောက်ပွဲပါပဲ။

    ဒီတော့ စကားလုံးက သုံးဖန်များလွန်းလို့ ဖောင်းပွနေသလိုတောင် ခံစားမိလိမ့်မယ် ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်ပဲလား ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အနှစ်သာရတွေရှိသေးလား ဆိုတာနဲ့ ဒီနေ့ မြန်မာပြည်မှာ အဲဒီစကားလုံးကို ကြားရတာဟာ မျှော်လင့်ချက်ထက် မေးခွန်းပိုများနေလားဆိုတာကို မှန်မှန်ကန်ကန်သိထားဖို့တော့ လိုပါတယ်။

    ပထမဆုံးအနေနဲ့ဆိုရရင် ကောင်းမွန်တဲ့ ဒီမိုကရေစီတစ်ခု ဖြစ်လာဖို့ဆိုတာဟာ အချက် (၃) ချက်ပေါ်မှာ အခြေခံနေပါတယ်။ အဲဒါတွေကတော့ ခိုင်မာတဲ့ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံတွေ ရှိဖို့၊ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်ဖို့၊ ပြီးတော့ အဲဒီအဖွဲ့အစည်းတွေဟာ တရားဝင်မှုရှိပြီး မှန်မှန်ကန်ကန် လည်ပတ်နေဖို့ပဲ ဖြစ်ပါတယ်။

    (more…)

  • ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    “ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ “အမိမြစ်ကြီး” ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်”

    ပင်လယ်သူ

    ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။

    မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ပြည်သူတွေဟာ အစိုးရကို ကြည့်ပြီး ကန့်ကွက်ခဲ့ကြတာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး လှုပ်ရှားသူ ဦးတင်မောင်ဦးက ၂၀၁၉ မှာ အခုလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ “ဒီစီမံကိန်းကို သဘောမတူတာက စစ်တပ်က လုပ်ခဲ့လို့တင် မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရင်လည်း သဘောမတူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူပဲလုပ်လုပ် ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် ဘာအကျိုးအမြတ်မှ ရေရေရာရာ မရှိလို့ပါပဲ။”

    ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသည်းပွတ်၊ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို လည်လှီးသတ်ဖြတ်မယ့် “မြစ်ဆုံစီမံကိန်း” ကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းတော့မယ်ဆိုပြီးတော့ အာဏာသိမ်းစစ်တပ်က တရားဝင်ပြောလာသလို ခြေလှမ်းတွေလည်း ပြင်လာပါပြီ။ ဒါဟာ ရိုးရိုးတန်းတန်း စီးပွားရေးစီမံကိန်းတစ်ခုကို ကြေညာတာမဟုတ်ဘဲ၊ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ပြုတ်လုနီးပါး အာဏာစက်ကို ဆွဲဆန့်ဖို့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို တရုတ်ထံ ထိုးအပ်လိုက်တဲ့ “အယုတ်မာဆုံးသော နိုင်ငံတော်သစ္စာဖောက်မှု” ဖြစ်ပါတယ်။

    (more…)

  • ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

    ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

    “ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ”

    ရန်နိုင်

    နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။

    ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့် လူတိုင်းမှာ အခြေခံအခွင့်ရေးတွေရှိရမယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ (UN) တည်ထောင်ခဲ့ကြတယ်။ လူတိုင်းရနိုင်မယ့် အခြေခံလူ့အခွင့်ရေးအချက် (၃၀) ကို အတည်ပြုပြီး နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်နေ့က လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ်ပြီးနှစ်စဉ်နှစ်တိုင်း လူသားတယောက်ရဲ့ရပိုင်ခွင့် အခွင့်ရေး တွေအကြောင်းကို ဆွေးနွေးကြတယ်။

    တဖက်မှာလည်း အာဏာရှင်စနစ်ကိုနှစ်ခြိုက်နေတဲ့ အင်အားကြီးနိုင်ငံတွေကလည်း သူတို့ရဲ့ဘိုးဘေးအမွေ အာဏာရှင်စနစ်ကို ခေတ်နဲ့အညီ အဆင့်မြင့်တင်ကျင့်သုံးဖို့ ကြိုးစားနေကြတယ်။ ကွဲထွက်နေတဲ့အာဏာရှင် ပုံစံမျိုးမဟုတ်ပဲ လူအများနှစ်သက်လက်ခံတဲ့ နိုင်ငံရေးစနစ်ကနေအာဏာရှင်ဆန်တဲ့ပုံစံတွေကို ကျင့်သုံးလာ ကြတယ်။ ပြည်သူ့ဒီမိုကရက်တစ်အစိုးရလို့ ကြွေးကြော်ထားတာက မြောက်ကိုရီးယားပါ။ ဒီမိုကရေစီလို့ လူအများမြင်အောင်သုံးထားပေမယ့် ၎င်းရဲ့အာဏာရှင်ဆန်မှုကတော့ သိသိသာသာမြင်ရမှာပါ။ ဒီမိုကရေစီစနစ်နဲ့ သမ္မတကို ရွေးကောက်တင်မြောက်ထားပြီး နိုင်ငံအာဏာကိုတော့ မလွှတ်တမ်းဆုတ်ကိုင်ထားတဲ့ နိုင်ငံတွေကလည်း ခပ်များများပါ။

    Photo : Wai Hun Aung

    (more…)

  • ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    “နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ “ကျားဖြန့် ကွန်ရက်များ” ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်”

    ရန်ုနိုင်

    ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး အခက်အခဲများမှ လူထုအာရုံစိုက်မှုကို လွှဲပြောင်းရန် ၎င်းတို့၏ရာထူးကို ခိုင်မာစေရန်နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဖုံးကွယ်ရန် ဤနယ်စပ်ပြဿနာကို လက်နက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

    ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရကွန် ဦးဆောင်သောအစိုးရ၏ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်လာသည့်အခြေနေများက ၂၀၂၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကအရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော တောင်ပိုင်းရေကြီးမှုများကို စီမံခန့်ခွဲရာတွင် အားနည်းခဲ့ခြင်း ကြောင့် ဝန်ကြီးချုပ် အနုတင်၏ လူထုထောက်ခံမှု ၄၈ ရာနှုန်းမှ ၂၃ ရာနှုန်းအထိ ထိုးကျသွားခဲ့ပြီး ၎င်း၏ ပါတီဖြစ်သော ဘွန်ဂျိုင်ထိုင်းပါတီ၏ လူကြိုက်များမှုလည်း သိသိသာသာလျော့ကျခဲ့သည်။ ထိုအခြေနေကြောင့် လာမည့်မတ်လရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေး အားနည်းချက်များကို ဖုံးကွယ်ရန်ကြိုးစားမှုတရပ်ဖြစ်သည်။

    (more…)

  • NUG အဖြေရှာရမယ့် ပုစ္ဆာများ

    NUG အဖြေရှာရမယ့် ပုစ္ဆာများ

    “လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်”

    ရန်နိုင်

    အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။

    “လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့ တိုင်ထားတာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာတွေကို မှန်ခြင်း/မှားခြင်းဆိုပြီး မဝေဖန်ပဲ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ဒီလိုအဖြစ်တွေကြောင့် တော်လှန်ရေးအပေါ် လူထုရဲ့ယုံကြည်မှုထိခိုက်ရတဲ့ အကြောင်းတွေနဲ့ လိပ်မူခံရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားစီရင်ရေးယန္တရားက ဘယ်လောက်ထိ အလုပ်လုပ်နိုင်မလဲဆိုတဲ့ ရှု့ထောင့်ကနေ အနည်းငယ်လေ့လာကြည့်ရအောင်ပါ။

    (more…)

  • စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

    စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

    “သူမသည် နိုင်ငံခြားမှရရှိခဲ့သည့် နည်းပညာအသိအမြင်ကို အသုံးချခဲ့သည်။ အရင်းအမြစ်တစ်ခုအရ သူမသည် စင်္ကာပူတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော ကွန်ပျူတာသိပ္ပံကျောင်းသားဟောင်း (ဟက်ကာ) တစ်ဦးနှင့်ပူးပေါင်းကာ “တစ်ကြိမ်တည်းဖြင့်လူတစ်သောင်းကျော်၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည့်” ဝှက်စာဖြင့်ဆက်သွယ်သည့်စနစ် (Encrypted Communication System) ကို တည်ဆောက်စေခဲ့သည်”

    ရန်နိုင်

    မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မင်မိသားစု ရာဇဝတ်ဂိုဏ်း၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ “မင်ကျင်ကျင်” (Ming Zhenzhen) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဝမ်ကျိုးမြို့မှ သေဒဏ်ချမှတ်ခဲ့သည်။ သူမသည် လိမ်လည်မှု ရည်ရွယ်ချက်ရှိရှိလူသတ်မှု နှင့် အခြားပြစ်မှု ၁၄ မျိုးဖြင့် စီရင်ခံရခြင်းဖြစ်သည်။

    “မင်ကျင်ကျင်”၏ ဘဝဇာတ်ကြောင်းကို စိစစ်ကြည့်မည်ဆိုပါက တကယ့်ကို ထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်မားသူ တစ်ဦးဖြစ်ကြောင်း တွေ့ရမည်ဖြစ်သော်လည်း သူမ၏ထက်မြတ်သည့် အရည်အချင်းများအားလုံးကို ကျားဖြန့်ရာဇဝတ်ဂိုဏ်းများအတွက်သာ အသုံးပြုသွားနိုင်ခဲ့သည်။

    ကျားဖြန့်ရာဇဝတ်ဂိုဏ်းကို လွယ်လွယ်ကူကူလုပ်ကိုင်ခွင့်ပေးခဲ့သည့် မြန်မာစစ်အာဏာရှင်တို့၏ ပယောဂမကင်းမှုကြောင့် ရာဇဝတ်သားဘဝဖြင့်အဆုံးသတ်ခဲ့ရသည်။ ကျားဖြန့်ရာဇဝတ်ဂိုဏ်း များကိုခွင့်ပြုပေးထားသည့် နိုင်ငံရေးပတ်ဝန်းကျင်ကြောင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ဧကရီ တယောက်အဖြစ်သို့ ပြောင်းလဲခဲ့ရသည်။

    (more…)

  • မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

    မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

    “မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်”

    ရန်နိုင်

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ/ဘိန်းစိမ်း (Opium/Heroin) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင်၊ မက်သာဖက်တမင်း (Methamphetamine) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးစနစ်၏ အချက်အချာတွင် ရှိနေပြီး၊ နိုင်ငံ၏ စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အာဏာတည်ဆောက်မှုတို့ကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့နေခဲ့သည်။

    ဝေဖန်သူများနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ၊ ဤကဲ့သို့ ကြီးမားသော မူးယစ်ဆေးဝါး လုပ်ငန်းကြီးများ လည်ပတ်နေခြင်းသည် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်တပ် (တပ်မတော်)နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ပတ်သက်မှု၊ အဂတိလိုက်စားမှုနှင့် မဟာဗျူဟာမြောက် ထိန်းချုပ်မှုများကြောင့်သာ ဖြစ်သည်ဟု ခိုင်မာစွာ ယူဆကြသည်။

    (more…)

  • အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် မြန်မာနိုင်ငံက လမ်းကြောင်းသစ်ဖြစ်နေ

    အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် မြန်မာနိုင်ငံက လမ်းကြောင်းသစ်ဖြစ်နေ

    “အိန္ဒိယဟာ အရင် စစ်အစိုးရအပေါ် တစ်ခုတည်းပဲ အာရုံစိုက်ပြီး ချဉ်းကပ်တဲ့ မူမျိုးနဲ့ ကွဲပြားခြားနားပြီး နိုင်ငံရေးအဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တဲ့ “ဘက်ပေါင်းစုံမှ ချိတ်ဆက်ဆောင်ရွက်မှု” မဟာဗျူဟာကို ပြောင်းလဲသင့်ပါတယ်”

    Red News Agency

    မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေကြားထဲမှာပဲ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိတဲ့ မြေရှားဓာတ်သတ္တုနဲ့ အခြေခံအဆောက်အအုံ ကဏ္ဍများဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွေကို တည်ဆောက်ရန် လိုအပ်နေတယ်ဆိုတာ သေချာပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ မြေရှားဓာတ်သတ္တု တူးဖော်ရေးနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံများအထိ ပါဝင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ရှုပ်ထွေးနေတဲ့ ပထဝီနိုင်ငံရေးတို့ကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးလို စီမံကိန်းများမှာ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်နေပေမယ့် ဒီချဉ်းကပ်မှုဟာ လုံလောက်နေတာမျိုးတော့ မဟုတ်ပါဘူး။

    (more…)