Articles

လောဘနှင့် အကျပ်အတည်းကြားက ထောင်ချောက်

လောဘနှင့် အကျပ်အတည်းကြားက ထောင်ချောက်

ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်လက်မဲ့များကို ပစ်မှတ်ထားနေသည့် CPG အွန်လိုင်းလိမ်လည်မှု - ကျားဖြန့် Anna_RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ အရှေ့တောင်အာရှဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတစ်ခုအဖြစ် အမြစ်တွယ်နေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်း "ကျားဖြန့်" လုပ်ငန်းများသည် ပုံစံအမျိုးမျိုး ပြောင်းလဲကာ ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။ မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်တွင် သက်ကြီးရွယ်အိုများနှင့် ပြည်ပရောက် ရွှေ့ပြောင်း အလုပ်လက်မဲ့များကို အဓိက ပစ်မှတ်ထားလာသည့် လုပ်ငန်းတစ်ခုမှာ Creative Plus Group (CPG) အမည်ခံ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းပင်ဖြစ်သည်။ ဖုန်းတစ်လုံးရှိရုံဖြင့် အိမ်မှာနေရင်း ဗီဒီယိုကြည့်ကာ ဝင်ငွေရှာနိုင်သည်ဆိုသော ဆွဲဆောင်မှုနောက်ကွယ်တွင် လူအများအပြားသည် စုဆောင်းထားသမျှ ငွေကြေးများ ဆုံးရှုံးကာ အကြွေးနွံနစ်သည့် အခြေအနေသို့ ရောက်ရှိနေကြသည်။ ထိုင်း-မြန်မာ နယ်စပ်မှ မြန်မာရွေ့ပြောင်းများအပါအဝင်…
Read More
“သူ” မပါရင် တော်လှန်ရေး ဘယ်လိုရှေ့ဆက်မလဲ? ၊ NUG အခန်းကဏ္ဍ

“သူ” မပါရင် တော်လှန်ရေး ဘယ်လိုရှေ့ဆက်မလဲ? ၊ NUG အခန်းကဏ္ဍ

“NUG သည် တော်လှန်ရေးအတွက် စုစည်းပေးမည့်အစား ဝန်ထုတ်ဝန်ပိုး (Liability) ဖြစ်လာနေပြီလား? ၊ တော်လှန်ရေးအင်အားစုများက NUG ၏ ဗဟိုချုပ်ကိုင်မှုကို လက်မခံတော့ဘဲ မိမိတို့ဒေသအလိုက် သီးခြားရပ်တည်သည့် Semi-autonomous zones များအဖြစ်သာ အားကောင်းလာနေသည်” မြန်မာ့နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း စစ်ရေးနှင့် နိုင်ငံရေး အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ NUG သည် တရားဝင်မှု၏ သင်္ကေတအဖြစ် ရပ်တည်ခဲ့သော်လည်း ယနေ့တွင် ဝေဖန်မှုများ၊ စိန်ခေါ်မှုများ ပိုမိုတက်လာနေသည်။ NUG မရှိတော့ပါက တော်လှန်ရေးသည် ဘယ်လို လမ်းကြောင်းသို့ ဦးတည်မည်နည်း? စုစည်းမှု မရှိတော့ပါက လက်နက်ကိုင်အဖွဲ့များအကြား ပြိုင်ဆိုင်မှုများ တိုးလာမည်လား? ဒီဗီဒီယိုမှာ သုံးသပ်ချက်များကို အပြည့်အစုံ ဆွေးနွေးတင်ပြထားပါတယ်။…
Read More
တကယ်ရော တန်ရဲ့လား..?

တကယ်ရော တန်ရဲ့လား..?

"NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား" ရန်နိုင် NUG က အနောက်နိုင်ငံက PR (Public Relations) ကုမ္ပဏီတွေနဲ့ အကြံပေးတွေကို ငွေကြေးအမြောက်များပေးပြီး အသုံးပြုနေတယ်လို့ Asia Times ရဲ့ ဆောင်းပါးရှင် David Scott Mathieson က FARA မှတ်တမ်းတွေကို အကိုးအကားပြုပြီး “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေဖန်ထားတဲ့‌…
Read More
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

"တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်ကောင်စီအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၍ ပယ်ချပေးခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင် စစ်ကောင်စီဘက်မှ ရပ်တည်ပေးခြင်းတို့ဖြင့် အကာအကွယ် ပေးထားသည်" ရန်နိုင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ အသီးသီးတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အလွန်အမင်း မှီခိုနေရခြင်းမှာ ငြင်းဆို၍မရသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးတွင် ၉၆ ရာနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ၈၉ ရာနှုန်း အထိ မှီခိုနေရသည်ဟု မြန်မာ့မူဝါဒရေးရာအသိုင်းအဝိုင်းမှ…
Read More
စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

"လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်" ကျော်ကြီး လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ရာမှာလည်း ဒီမိုကရေစီက မပါမဖြစ်ပါနေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ပိုင်းရဲ့ ရောက်ရာနေရာ တက်ရာအခမ်းအနားတိုင်းရဲ့ မပါမဖြစ်စကားလုံးကလည်း ဒီမိုကရေစီရွေးကောက်ပွဲပါပဲ။ ဒီတော့ စကားလုံးက သုံးဖန်များလွန်းလို့ ဖောင်းပွနေသလိုတောင် ခံစားမိလိမ့်မယ် ထင်ပါတယ်။…
Read More
ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

"ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ "အမိမြစ်ကြီး" ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်" ပင်လယ်သူ ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့…
Read More
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

"ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ" ရန်နိုင် နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့်…
Read More
ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

"နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ "ကျားဖြန့် ကွန်ရက်များ" ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်" ရန်ုနိုင် ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး…
Read More
NUG အဖြေရှာရမယ့် ပုစ္ဆာများ

NUG အဖြေရှာရမယ့် ပုစ္ဆာများ

"လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်" ရန်နိုင် အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။ “လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့…
Read More
စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

စစ်အုပ်စုလောင်းရိပ်အောက်မှ စွမ်းအားကြီးလာသည့် “နတ်ဆိုး ဧကရီ” မင်ကျင်ကျင်

"သူမသည် နိုင်ငံခြားမှရရှိခဲ့သည့် နည်းပညာအသိအမြင်ကို အသုံးချခဲ့သည်။ အရင်းအမြစ်တစ်ခုအရ သူမသည် စင်္ကာပူတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော ကွန်ပျူတာသိပ္ပံကျောင်းသားဟောင်း (ဟက်ကာ) တစ်ဦးနှင့်ပူးပေါင်းကာ "တစ်ကြိမ်တည်းဖြင့်လူတစ်သောင်းကျော်၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည့်" ဝှက်စာဖြင့်ဆက်သွယ်သည့်စနစ် (Encrypted Communication System) ကို တည်ဆောက်စေခဲ့သည်" ရန်နိုင် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မင်မိသားစု ရာဇဝတ်ဂိုဏ်း၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ "မင်ကျင်ကျင်" (Ming Zhenzhen) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဝမ်ကျိုးမြို့မှ သေဒဏ်ချမှတ်ခဲ့သည်။ သူမသည် လိမ်လည်မှု ရည်ရွယ်ချက်ရှိရှိလူသတ်မှု နှင့် အခြားပြစ်မှု ၁၄ မျိုးဖြင့် စီရင်ခံရခြင်းဖြစ်သည်။ "မင်ကျင်ကျင်"၏ ဘဝဇာတ်ကြောင်းကို…
Read More