Tag: စစ်ရာဇဝတ်မှု

  • အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

    အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

    RNA_မတ်(၉)၊၂၀၂၆ခုနှစ်။

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းမှာ ပြည်သူ (၃၀) ကို အာဏာသိမ်းစစ်တပ်က အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀၂၆ ခုနှစ် မတ်လ (၇) ရက်နေ့က ကျူးလွန်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။

    ရေတွင်းကုန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး NUG ၏ ထုတ်ပြန်ချက်မှာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။

    (more…)

  • စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

    စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    မြန်မာစစ်အာဏာရှင် (စစ်ကောင်စီ) ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးစီမံချက်ဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား လေးနက်စွာ တောင်းဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်တိုက်တွန်းထားသည်။

    စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျဆုံးပြီး အဖက်ဖက်မှ ယိိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော်သည် အဖြစ်ဆိုး ကျရောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    (more…)

  • လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

    လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

    RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ သက္ကယ်ကျင်း၊ ဘို့မယ်၊ လက်ပံလှ၊ ကင်းမ၊ ဝန်ခြုံးစသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းတစ်ခုတို့ကို ယနေ့ (ဇွန်လ ၂၃ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပေါက်မြို့နယ် ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄)ဦး စုစုပေါင်း (၅) ဦးကျဆုံးခဲ့ရပြီး၊ စစ်ဘေးရှောင်များပါ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံထံမှသိရသည်။

    သေဆုံးသည့် အရပ်သားများထဲတွင် သက္ကယ်ကျင်းကျေးရွာမှ ဦးခင်မောင်ညွန့် (အသက် ၅၆ နှစ်) နှင့် ဒေါ်မြို့တင် (အသက် ၅၇ နှစ်)၊ ရေကျော်ကျေးရွာမှ ဦးကျော်သူထွေး (အသက် ၃၈ နှစ်)ဖြစ်ပြီး၊ ဘို့မယ်ကျေးရွာမှ ပလဖ ဒုတာဝန်ခံနှင့် ဇနီးတို့ ကျဆုံးခဲ့ရသည်။

    (more…)

  • အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

    အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

    RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

    အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်။

    (more…)

  • စစ်ကောင်စီ၏ ခလရ ၅၀ မှစစ်ကြောင်းထိုးပြီး ကလေးငယ် (၄)ဦး အပါအဝင် (၁၁) ဦးကို သတ်ဖြတ်ပြီး (၂၃) ဦးကို ဖမ်းဆီးသွား

    စစ်ကောင်စီ၏ ခလရ ၅၀ မှစစ်ကြောင်းထိုးပြီး ကလေးငယ် (၄)ဦး အပါအဝင် (၁၁) ဦးကို သတ်ဖြတ်ပြီး (၂၃) ဦးကို ဖမ်းဆီးသွား

    RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၀) နှင့် အမြှောက်တပ်မှ ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဂန့်ဂေါမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်မကျေးရွာသို့ ယနေ့ (မေလ ၁၂ ရက်) နံနက်စောစော ၁ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ဖြတ်ပြီး (၂၃) ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။

    လယ်မကျေးရွာ မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် သေနတ်များပစ်ဖောက် ဖမ်းဆီးပြီးနှိပ်စက်ကာ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ် ( ၇ တန်းကျောင်းသား)၊ သီဟလင်း ၁၅ နှစ် (၉ တန်းကျောင်းသား)၊ မျိုးသီဟ ၁၅ နှစ် (၉ တန်းကျောင်းသား)၊ ကျော်စန်းခိုင် ၂၄ နှစ်၊ သက်ပိုင်ဦး ၂၃ နှစ်၊ အောင်ကြည်မင်း ၃၉ နှစ်၊ နေလင်းဦး ၂၅ နှစ်၊ ညီလေး ၂၇ နှစ်၊ ဂျွန်ဂိုဝင်း ၁၉ နှစ်၊ ကျော်မြတ်သူ ၁၉ နှစ်တို့ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု ယောအလင်းတန်းအဖွဲ့ ကိုဘကောင်းထံမှ သိရသည်။

    (more…)

  • စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

    စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

    RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
     
    စစ်ကောင်စီဘက်က ပြောနေသလို ယနေ့ လေကြောင်းဗုံးကြဲသွားသည့် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းတွင် မည်သည့်လက်နက်ကိုင်မျှမရှိ၊ ကလေးငယ်များ စာသင်နေကြခြင်း ဖြစ်သည်အတွက် ကျောင်းသူ ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးခရိုင်သက်မွေးပညာကော်မတီတာဝန်ခံ CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောသည်။
     
    “နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေကော ကျွန်မတို့ကလေးတွေ ဘယ်လောက်ထိသေမှ ဘယ်လောက်ထိ ဆုံးရှုံးမှ ထွက်ပြီးပြောပေးကြမှာလဲ။ အားလုံး နားတွေ မကြားကြတော့ဘူးလား ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါ၊ safe our children ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါအုံး။ လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ပြောနေတယ် အခုလို့ ဒီလိုဖြစ်တယ် ကလေးတွေ သေကြေတယ် စာသင်ကျောင်းတွေ ပျက်စီးတယ် အဲဒါကကော လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူးလား” ဟု ဆရာမ ဒေါ်ရတီအုန်းက ပြောသည်။

    (more…)

  • စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။

    #RedNewsAgency #RedNews #RNA

  • ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဟု မင်းအောင်လှိုင်ပြော

    ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဟု မင်းအောင်လှိုင်ပြော

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

    မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းရေးစကား၊ တွေ့ဆုံဆွေးနွေးရေးစကားများ ပြောကြားနေသော်လည်း ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ပွဲမဖြစ်ပွားသော မြန်မာနိုင်ငံအတွင်းက ဒေသများကိုပင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေခြင်း၊ စစ်ကောင်စီစိုးမိုးထိန်းချုပ်ထားသော နေရာများတွင် လူငယ် လူရွယ်များကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း၊ မစိုးမိုးနိုင်သော ဒေသများတွင် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းစစ်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

    စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။

    စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။

    (more…)

  • ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    “ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်”

    ကျော်ရန်နိုင်

    မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။

    အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာကနေ စစ်ဘေးမရှောင်နိုင်လို့ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ခေါင်းဖြတ်၊ ခြေဖြတ် လက်ဖြတ်မှုတွေနဲ့အတူ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဘုတလင်ဘက်ကို အင်အားဖြည့်လိုက်တဲ့ စစ်ကြောင်းကနေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်ဆိုရင် ဒီလိုဆိုးဆိုးရွားရွားတွေလုပ်နေတဲ့ စစ်ကြောင်းက တပ်မ (၃၃)ပါဝင်သလို သံတောင်က အထူးကွန်မန်ဒို သင်တန်းဆင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အခုလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ကြောင်း ဘယ်နေ့ကနေ စထွက်လာပြီး ဘုတလင်မြို့နယ်ထဲမှာ ဘယ်လောက်ဆိုးဆိုးရွားရွားတွေလုပ်နေတာလည်းဆိုတာကို ပြောပြချင်ပါတယ်။

    (more…)