စစ်ရာဇဝတ်မှု

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ သက္ကယ်ကျင်း၊ ဘို့မယ်၊ လက်ပံလှ၊ ကင်းမ၊ ဝန်ခြုံးစသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းတစ်ခုတို့ကို ယနေ့ (ဇွန်လ ၂၃ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပေါက်မြို့နယ် ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄)ဦး စုစုပေါင်း (၅) ဦးကျဆုံးခဲ့ရပြီး၊ စစ်ဘေးရှောင်များပါ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံထံမှသိရသည်။ သေဆုံးသည့် အရပ်သားများထဲတွင် သက္ကယ်ကျင်းကျေးရွာမှ ဦးခင်မောင်ညွန့် (အသက် ၅၆ နှစ်) နှင့် ဒေါ်မြို့တင် (အသက် ၅၇ နှစ်)၊ ရေကျော်ကျေးရွာမှ ဦးကျော်သူထွေး (အသက် ၃၈ နှစ်)ဖြစ်ပြီး၊ ဘို့မယ်ကျေးရွာမှ ပလဖ ဒုတာဝန်ခံနှင့် ဇနီးတို့ ကျဆုံးခဲ့ရသည်။…
Read More
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂)…
Read More
စစ်ကောင်စီ၏ ခလရ ၅၀ မှစစ်ကြောင်းထိုးပြီး ကလေးငယ် (၄)ဦး အပါအဝင် (၁၁) ဦးကို သတ်ဖြတ်ပြီး (၂၃) ဦးကို ဖမ်းဆီးသွား

စစ်ကောင်စီ၏ ခလရ ၅၀ မှစစ်ကြောင်းထိုးပြီး ကလေးငယ် (၄)ဦး အပါအဝင် (၁၁) ဦးကို သတ်ဖြတ်ပြီး (၂၃) ဦးကို ဖမ်းဆီးသွား

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၀) နှင့် အမြှောက်တပ်မှ ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ဂန့်ဂေါမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်မကျေးရွာသို့ ယနေ့ (မေလ ၁၂ ရက်) နံနက်စောစော ၁ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ဖြတ်ပြီး (၂၃) ဦးကိုဖမ်းဆီးသွားကြောင်း သိရသည်။ လယ်မကျေးရွာ မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက် သေနတ်များပစ်ဖောက် ဖမ်းဆီးပြီးနှိပ်စက်ကာ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ် ( ၇ တန်းကျောင်းသား)၊ သီဟလင်း ၁၅ နှစ် (၉…
Read More
စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။   စစ်ကောင်စီဘက်က ပြောနေသလို ယနေ့ လေကြောင်းဗုံးကြဲသွားသည့် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းတွင် မည်သည့်လက်နက်ကိုင်မျှမရှိ၊ ကလေးငယ်များ စာသင်နေကြခြင်း ဖြစ်သည်အတွက် ကျောင်းသူ ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးခရိုင်သက်မွေးပညာကော်မတီတာဝန်ခံ CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောသည်။   "နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေကော ကျွန်မတို့ကလေးတွေ ဘယ်လောက်ထိသေမှ ဘယ်လောက်ထိ ဆုံးရှုံးမှ ထွက်ပြီးပြောပေးကြမှာလဲ။ အားလုံး နားတွေ မကြားကြတော့ဘူးလား ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါ၊ safe our children ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါအုံး။ လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ပြောနေတယ် အခုလို့ ဒီလိုဖြစ်တယ် ကလေးတွေ သေကြေတယ် စာသင်ကျောင်းတွေ…
Read More
စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။ #RedNewsAgency #RedNews #RNA
Read More
ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဟု မင်းအောင်လှိုင်ပြော

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဟု မင်းအောင်လှိုင်ပြော

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တွေ့ဆုံဆွေးနွေးမှသာ အောင်မြင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။ မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းရေးစကား၊ တွေ့ဆုံဆွေးနွေးရေးစကားများ ပြောကြားနေသော်လည်း ပြည်သူများကို ပစ်မှတ်ထားကာ တိုက်ပွဲမဖြစ်ပွားသော မြန်မာနိုင်ငံအတွင်းက ဒေသများကိုပင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေခြင်း၊ စစ်ကောင်စီစိုးမိုးထိန်းချုပ်ထားသော နေရာများတွင် လူငယ် လူရွယ်များကို အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းစေခြင်း၊ မစိုးမိုးနိုင်သော ဒေသများတွင် စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းစစ်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။ စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

"ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်" ကျော်ရန်နိုင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့…
Read More
စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းအား ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် (၁၂) ဦးခန့် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

RNA_စက်တင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။ ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခဲ့ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံသည့်အတွက် သန်းခေါင်စာရင်းကောက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ "မြို့နယ်အတွင်းရှိ ပြည်သူများ၏ သဘောဆန္ဒအရ သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝတားမြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသူများသည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သလို စစ်ကောင်စီသက်ဆိုးရှည်စေရေး ထောက်ပံ့ပေးနေသူများ၊ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသူများအဖြစ် မိမိတို့ရှုမြင်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More