Author: RNA Editor

  • TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

    TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

    RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။

    မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

    ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း SSPP ကထုတ်ပြန်ထားသည်။

    (more…)

  • ရန်သူနှင့်ပူးပေါင်းသွားသူများကို ခွင့်လွှတ်မည်မဟုတ်ဟု TRI ဗျူဟာ အသိပေး

    ရန်သူနှင့်ပူးပေါင်းသွားသူများကို ခွင့်လွှတ်မည်မဟုတ်ဟု TRI ဗျူဟာ အသိပေး

    RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။

    အာဏာသိမ်းစစ်တပ်အနေဖြင့် PDF များကို ဘယ်သောအခါမှ အပြုတ်တိုက်နိုင်မည်မဟုတ်သည့်အတွက် ပြန်ဆုတ်ပေးလိုက်သော နယ်မြေများကို မုချပြန်လည်သိမ်းပိုက်မည်ဖြစ်ပြီး ကြားကာလအတွင်း ရန်သူနှင့် ပူးပေါင်းသွားသူများကို တော်လှန်ရေးပြီးဆုံးသည်အထိ ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာမှ အသိပေးထားသည်။

    TRI ဗျူဟာမှ စိုးမိုးနယ်မြေတစ်ချို့ ပြန်လည်ဆုတ်ခွါပေးနေချိန် အခက်အခဲများကြားတွင် ကြံ့ကြံ့မခံနိုင်သည့် မိသားစုဝင်အချို့နှင့် ရဲဘော်အချို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး – နန်းတွင်း) မှ နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ မန္တလေးမြို့ပေါ်တွင် “ဘာမှမလုပ်ပါဘူး၊ တံခါးဖွင့်ပေးထားပါတယ်၊ ပြန်လာခဲ့ပါ” ဟုဆိုကာ မြို့နယ်/ရပ်ကွက်အလိုက် ညွှန်ကြားချက်များထုတ်၍ သတင်းလွှင့်ကာ ပြန်ခေါ်ခဲ့ကြောင်း၊ အခက်အခဲကြားကို မကျော်လွှားနိုင်ဘဲ သာယာမှုကို ရွေးချယ်ကာ တပ်ကို သစ္စာဖောက်၍ နန်းတွင်းထဲသို့ ရောက်ရှိသွားကြသူများရှိလာသည်ဟု သိရသည်။

    (more…)

  • မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု

    မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးလက်ယာ တို့ကို အတည်ပြု

    RNA_မတ်(၁၃)၊၂၀၂၆ခုနှစ်။
     
    မကွေးတိုင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်းစသည့် ဝန်ကြီးများကို မတ်လ ၁၂ ရက်နေ့က အတည်ပြု ခန့်အပ်ခဲ့ကြောင်း သိရသည်။
     
    ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်မှ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံဆိုင်ရာဥပဒေ ပုဒ်မ ၆၂ အရတင်သွင်းလာသော ဒုတိယဝန်ကြီးချုပ်လောင်းနှင့် ဝန်ကြီးလောင်းများ၊ အစီအမံဆိုင်ရာဥပဒေပုဒ်မ ၇၇ အရ ရှေ့နေချုပ်လောင်းအမည်စာရင်းကို အစီအမံဆိုင်ရာဥပဒေ ၆၃ အရ လွှတ်တော် ဥက္ကဋ္ဌကလွှတ်တော် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်၏ သဘောထားရယူကာ ကန့်ကွက်သူမရှိ ထောက်ခံကြပါသဖြင့် အတည်ပြုနိုင်ခဲ့သည်ဟု မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားသည်။

    (more…)

  • လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့်ပတ်သက်ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ်သူတို့အား ထိန်းသိမ်းထား

    လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့်ပတ်သက်ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ်သူတို့အား ထိန်းသိမ်းထား

    RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။

    NUG/MOD ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲမေ (၁) ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး လက်ရှိတွင် သက်ဆိုင်ရာတပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်ဟု ယနေ့ MOD ကထုတ်ပြန်လိုက်သည်။

    အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ NUG/MOD? ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

     

    နစ်နာသူ(တိုင်တန်းသူ)နှင့် ကျူးလွန်သူဟု သံသယရှိသူ (တိုင်တန်းခံရသူ)များသည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး၊ နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းမာပင် အမှတ် (၂၀) တပ်ရင်း တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော် မသဇင်သည် တပ်ရင်း၏ ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်း အလှူခံခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တပ်ရင်းကဖမ်းဆီးပြီး ယင်းမာပင်ခရိုင် ပလဖရုံးအချုပ်ခန်းအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ကြိုးဖြင့်တုတ်၊ ပါးစပ်အဝတ်စည်းပြီး သုံးရက်ဆက်တိုက်အဓမ္မပြုကျင်ခံခဲ့ရသည့်အပြင် နှိပ်စက်ညှင်းပန်းမှုများ၊ လူမျိုးရေးခွဲခြားမှုတွေများနှင့် (၃)နှစ်အရွယ် သမီးငယ်နှင့် မသဇင်တို့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုများကိုပါ ကျူးလွန်သူများက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၀)အတွင်းဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရောက် အရေးယူရန် ဗကသများ အဖွဲ့ချုပ်၊ Progressive Voice၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ စစ်ကိုင်းတိုင်း သပိတ်အင်အားစု၊ မြန်မာမွတ်စ်စလင်အစည်းအရုံး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၁၄၉ ဖွဲ့မှ မတ်လ (၉) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

    #REDNEWS #RNA #RedNewsAgency

  • AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

    AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

    RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။

    အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား အာဏာသိမ်းစစ်တပ်မှ မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်နှင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး နှင့် Y-12 (၄) စီးတို့ဖြင့် အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု AA ကထုတ်ပြန်လိုက်သည်။

    (more…)

  • အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

    အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

    RNA_မတ်(၉)၊၂၀၂၆ခုနှစ်။

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းမှာ ပြည်သူ (၃၀) ကို အာဏာသိမ်းစစ်တပ်က အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀၂၆ ခုနှစ် မတ်လ (၇) ရက်နေ့က ကျူးလွန်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။

    ရေတွင်းကုန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး NUG ၏ ထုတ်ပြန်ချက်မှာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။

    (more…)

  • မတ်လ (၂) ရက်နေ့ လွတ်ငြိမ်းဖြင့် နိုင်/ကျဉ်း (၄၄၀၃) ဦးလွတ်မြောက်

    မတ်လ (၂) ရက်နေ့ လွတ်ငြိမ်းဖြင့် နိုင်/ကျဉ်း (၄၄၀၃) ဦးလွတ်မြောက်

    RNA_မတ်(၄)၊၂၀၂၆ခုနှစ်။

    အာဏာသိမ်းစစ်တပ်၏ ၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသူ/သားများကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် မတ်လ (၄) ရက်နေ့အထိ အကျဉ်းထောင် (၃၉) ခုမှ နိုင်ငံရေး အကျဉ်းသူ/သား (၄၄၀၃) ဦး လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်သည်။

    (more…)

  • BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

    BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၆ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA မှ ထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့် ရဲဘော်များအနေဖြင့် မိမိတို့နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံရန် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

    BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ချိုသာစွာပြောဆိုဆက်ဆံရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြင်းထန်စွာသတိပေး

    ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ချိုသာစွာပြောဆိုဆက်ဆံရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြင်းထန်စွာသတိပေး

    RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။

    အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် တိုင်ကြားခံရသော NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာကို NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးက နောက်နောင် ဝန်ထမ်းများအပေါ် ချိုသာစွာ ပြောဆို ဆက်ဆံရန် ပြင်းထန်စွာသတိပေးလိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။

    စုံစမ်းစစ်ဆေးမှုများအရ “ဒေါ်ကြည်ပြာအနေဖြင့် နောက်နောင်တွင် ဝန်ထမ်းများအပေါ် ချိုသာစွာပြောဆို ဆက်ဆံမှု မရှိခြင်းကို မပြုလုပ်ဘဲ ချိုသာစွာပြောဆိုဆက်ဆံရန် ပြင်းထန်စွာသတိပေးလိုက်သည်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

    ဗိုလ်နဂါး နှင့် BNRA တပ်ဖွဲ့ဝင်များ ဆင်မပိုအိစံ သတ်ဖြတ်မှုအပါအဝင် (၇) မှုဖြင့် တိုင်တန်းခံထားရကြောင်း NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်

    RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၆ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အခြေစိုက်၊ BNRA ခေါင်းဆောင် ဗိုလ်နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များသည် ဆင်မပိုးအိစံအား သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ အမျိုးသမီးငယ် (၂) ဦးအား သက်ငယ်မုဒိမ်းမှု၊ ပကဖ ရဲဘော် (၁၀) ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်သည့်အမှုအပါအဝင် အမှု (၇) မှုဖြင့် တိုင်တန်းခံထားရသူဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညပိုင်းတွင် NUG ပြည်ထဲရေးဌာနမှ အရေးပေါ်သတင်းထုတ်ပြန်ထားသည်။

    တိုင်တန်းခံထားရသည့်အတွက် ဗိုလ်နဂါးအး ယင်းမာပင် ပလဖစခန်း (ပ) ၈၉/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ပုလဲ ပလဖစခန်း (ပ) ၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၀၆၊ ယင်းမာပင် ပလဖစခန်း (ပ) ၁၄/၂၆ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)၊ ပုလဲပလဖစခန်း (ပ)၄/၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)