Category: ရွေးကောက်ပွဲဆိုင်ရာ
-

ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်
RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။တော်လှန်ရေးအတွင်း အရပ်သားအစိုးရပေါ်ပေါက်ရေး လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တကျော့ပြန်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ( ASECC ) တာဝန်ရှိသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပြထားသည်။[embedyt] https://www.youtube.com/watch?v=3HiRabFEO7w[/embedyt]#RedNewsAgency #REDNEWS #RNA -

ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ
“အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”
ကေဂျီ – Wiper
အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့ အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။
ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။
ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။
-

ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ်
“ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်”
ငြိမ်းမောင်
e-Government စနစ်အကောင် အထည်ဖော်ရာမှာ အခြေခံဖြစ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင် e-ID အကောင် အထည်ဖော်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလလောက်ကတည်းက ကြိုးပမ်းလာခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေအရသိရပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိဖို့၊ နိုင်ငံအတွင်း နေထိုင်သူတစ်ဦး ချင်းစီရဲ့ ကိုယ်ရေးအချက် အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး လူတစ်ဦးချင်းစီ ကိုကိုယ်ပိုင် နံပါတ်တစ် ခုစီ ထုတ်ပေးဖို့နဲ့ e-Government Application များမှာ အသုံးပြုနိုင် အစီအစဥ်တွေပါဝင်ပါတယ်။
National Database စနစ်တည် ဆောက်ပြီး e-Government Application နဲ့ Single Platform အဖြစ် ချိတ်ဆက်အသုံးပြုဖို့ပါ။ ဒီ e-ID စနစ်ကို အကောင်အထည် ဖော်နိုင်ရေး ပထမအဆင့်အနေနဲ့ နိုင်ငံတွင်း နေထိုင်သူအားလုံးကို electronic နည်းပညာအသုံးပြုပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက် အလက် (Biographic Data) နဲ့ လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓါတ်ပုံ (Biometric Data) များ ကောက်ယူမယ်၊ Database မှာ သိမ်းဆည်းပြီးတော့ လူတစ်ဦးချင်းစီအတွက် (Unique ID Number) ကို (Random) နဲ့ သတ် မှတ်ပေးမယ်၊ ပြီးရင်မှတ်ပုံတင်ထိန်းသိမ်းမယ်။ ဒုတိယ အဆင့်အနေနဲ့ electronic စနစ်နဲ့ မှတ်ပုံတင်ထားသူများအနက်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသား အရည်အချင်း ရှိသူများကို စိစစ်အတည်ပြုပြီးတော့နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးတာတွေ လုပ်ငန်းစဉ် မှာပါဝင်ပါတယ်။
ဒီလို စီစဉ်ပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ အောက်တိုဘာမှာတော့ နိုင်ငံတွင်းမှာ နေထိုင်သူ အသက် (၁၀) နှစ်နဲ့ အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီး Database မှာသိမ်းဆည်းမယ်၊ ဂဏန်း ၁၀ လုံး ပါတဲ့ Unique ID နံပါတ်ထုတ်ပေးတာကိုလည်း ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ လဝက က ပြောလာပြန်ပါတယ်။ ပြည်တွင်း နည်းပညာအကြံပေးတွေ၊ ပြည်တွင်းနည်းပညာဆိုင်ရာပညာရှင်တွေနဲ့ ညှိနှိုင်းပြီး System Architecture Design၊ e-ID စနစ်ဆိုင်ရာစီမံချက် Master Plan ၊ နည်းဥပဒေနဲ့ နိုင်ငံခြားသား အကြံပေးငှားရမ်းခြင်းဆိုင်ရာ TOR ရေးဆွဲအတည်ပြုခြင်းတွေကို ဆောင်ရွက်ခဲ့ပြီးပြီလို့လည်း ပြောပါတယ်။
-

လေသံပြောင်းလို့ ဦးကျိုးလာတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ
“ဒီမိုကရေစီနှင့်ရွေးကောက်ပွဲကို အကြောင်းပြ စစ်တပ်အသုံးချခံပါတီများအဖြစ် သို့မဟုတ် စစ်တပ်လက်ဝေခံ ပါတီများအဖြစ်သာ ရပ်တည်ကြပြီး ပြည်သူထောင်ကျော်ကို သတ်ဖြတ်ထားသည့် စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက် စစ်ကျွန်ဘဝကို ရွေးချယ်ခဲ့ကြသူများသာဖြစ်သည်”မေဇော်
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ၊ ၂၂ ရက်နေ့က ပဲခူးတိုင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက ရွေးကောက်ခံ အစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အာမခံချက်ပေးသည့် စကားပြောကြားခဲ့သည့်အပြင် တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူမဆို လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကောင်းမွန်လိုစိတ်ဖြင့်သာ လုပ်ဆောင်နေသဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့သေး၏။
အမှန်စင်စစ်မှာမူ စစ်ကောင်စီတပ်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် လူထု ဆုံးဖြတ်ထားသော မဲရလဒ်ကို လက်ခံနိုင်စွမ်းမရှိဘဲ စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ ထပ်မံကျင်းပခြင်းသည် ၎င်းတို့အပေါ် နိုင်ငံတကာဖိအားများလျော့ကျရန် အတွက်သာဖြစ်ပြီး ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမှာ အနှုတ်ပြနေ၏။ စစ်ခေါင်းဆောင်များသည် ယခုနှစ် ဇန်နဝါရီလက စတင်ကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို အသစ်ပြဌာန်းခဲ့သည်။ ထို့နောက် ရက် (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင် UEC သို့ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးချယ်ခံရန်ပါတီများကိုစည်းရုံးခဲ့သည်။

အဆိုပါ ရက် (၆၀) တာ ကာလအတွင်း နိုင်ငံရေးပါတီ (၆၃) ခုက မှတ်ပုံတင်လျှောက်ထားခဲ့ကြပြီး UEC ၏ မေလ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ခွင့်ပြုချက်ရရှိသည့် နိုင်ငံရေးပါတီ ၁၆ ခု ရှိပြီဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲသို့ ဝင်ရောက်လျှောက်ထားခြင်းမရှိသည့် NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ (၄၀) ကျော်ကိုမူပါတီအဖြစ်မှဖျက်သိမ်းကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့သည်။
-

ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ
RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။
စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။
[embedyt] https://www.youtube.com/watch?v=eoTiKEr_pf0[/embedyt]
အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း “တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြပြီး တိတ်ဆိတ်မှုဖြင့် စစ်အာဏာရှင်ကို လက်မခံကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲ လက်မခံကြရန်၊ တော်လှန်ရေး အရှိန်မြှင့်တင်ကြရန် လူထုက ကြွေးကြော်ကာ နှိုးဆော်ခဲ့သည်။
#RedNewsAgency
-

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?
မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? NUG ကိုလာပြောချင်လဲ ?
စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။
[embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt]
စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။
-

ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ
RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။
မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။
-

ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ
RNA_ဖားကန့်၊ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။
စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုနေသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့နှင့် လဝကရုံးများရှိရာ ဖားကန့်မြို့ စုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ယနေ့ညနေ (၅) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ဖားကန့် စုပေါင်းရုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလော အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက လူထုလက်မခံသည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖားကန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများနှင့် လူဦးရေစာရင်း ကောက်ယူနေကြောင်း သိရသည်။
-

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖားကန့်မှာပြုလုပ်
RNA_ဖားကန့်၊ဇန်နဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဟုပြောထားသည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဖားကန့်မြို့နယ်မှာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာဈေးထိပ်၊ ဖားကန့်နှင့်လုံးခင်းသွားလမ်းမကြီးပေါ်တွင် ယနေ့ နံနက်က “တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ၊ ပါဝင်ပါတ်သက်သူတိုင်းဟာ သမိုင်းတရားခံဖြစ်သည်”ဟုရေးသားထားသည့် စာတန်းကို ဖားကန့် သပိတ်ကော်မတီမှ ချိတ်ဆွဲထားသည်။

-

“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”
ထောင်ချီသည့်လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများနှင့်အတူဆန္ဒပြRNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။[embedyt] https://www.youtube.com/watch?v=ECTFLCTBIgc[/embedyt]အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ထောင်ချီသည့် လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတန်းများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် ယနေ့ ရေစကြိုမြို့နယ် ကျေးရွာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။#RedNewsAgency