NUG

PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

PDF နှင့် တော်လှန်ရေးတပ်များက (၃၇) မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး (၄၁) မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ထိန်းချုပ်

RNA_ဇန်နဝါရီ(၂)၊၂၀၂၆ခုနှစ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည့်ပပြင် မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု NUG ၏ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို…
Read More
ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။ (more…)
Read More
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

"ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ" ရန်နိုင် နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့်…
Read More
NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

NUG လူဟောင်းများဖြင့် ထပ်မံ ပြင်ဆင်ဖွဲ့စည်း

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)အား လူဟောင်းများဖြင့်သာ ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ (ဒီဇင်ဘာ ၈ ရက်) တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” အား ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ဟုဆိုကာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုပြီး ထုတ်ပြန်လိုက်သည်။ (more…)
Read More
NUG အဖြေရှာရမယ့် ပုစ္ဆာများ

NUG အဖြေရှာရမယ့် ပုစ္ဆာများ

"လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်" ရန်နိုင် အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။ “လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့…
Read More
NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုစသည်တို့ဖြင့် အတိုင်ခံထားရ

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုစသည်တို့ဖြင့် အတိုင်ခံထားရ

RNA_နိုဝင်ဘာ (၂၁)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ကိုညီညီမင်းတို့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှုများနှင့် ပတ်သက်ပြီး နိုဝင်ဘာ (၁၉) ရက်နေ့ နေ့စွဲဖြင့် ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌ၊ NUG ပြည်ထောင်စု ဝန်ကြီးချုပ်ထံ ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားထားသည်။ NUG ဝန်ကြီးချုပ်ရုံး ဝန်ထမ်း (၁၉) ဦး၏ တိုင်ကြားစာတွင် ငွေအလွဲသုံးစားလုပ်မှုများ၊ မိသားစုဝင်များကို ရုံးအတွင်း နေရာပေးမှုအတွင်း "လူကြီးတူကအစ ပညာပြသည့် အခြေအနေမျိုး" ဖြင့် အခြားဝန်ထမ်းများ…
Read More
စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲ ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကို NUG အရေးယူ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူအပြစ်ပေးနိုင်ရန် NUG စလင်းမြို့နယ် တရားရေးအဖွဲ့မှ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေသည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိထားသည့် တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်းသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး စစ်အုပ်စု၏ ရွေးကောက်ပွဲ​မှာ ဦးဆောင်ပါဝင်နေသည့်အတွက် ပြည်သူအား အကြမ်းဖက်မှုပြုလုပ်နေသည်ဟု NUG ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
“အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

“အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

"ပြည်သူတွေရဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတဲ့တောင်းဆိုသံကို “အထွေထွေထိုးစစ်” ဆိုတဲ့ တုန့်ပြန်သံနဲ့ နှစ်သိမ့်ခဲ့ပေမယ့် ၅လ ကြာပြီးတဲ့အထိ တပ်ပေါင်းစုရော အထွေထွေထိုးစစ်ရော အစအနပေါ်မလာတော့ဘူး။ ပြည်သူလူထုမျှော်လင့်သလောက်တော့ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေကို တစုတစည်းတည်း စုပေါင်းထားနိုင်ပြီဆိုတဲ့ ဖော်ပြမှုမျိုးတော့ မတွေ့ရသေးဘူး" ရန်နိုင် “တော်လှန်ရေးအဖွဲ့အစည်းသာ ဆေးရုံတရုံဆိုရင်၊ တိုက်ပွဲတွေသာ ခွဲစိပ်ခန်းလိုမျိုးဆိုရင် ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးတို့ ဆရာခင်မောင်လွင်တို့က တကယ့်ကိုထိရောက်တဲ့ ခေါင်းဆောင်တွေ ဖြစ်မှာပဲ” လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ကိုသက်ထွေးနိုင်နဲ့ အင်တာဗျူးမှာပြောခဲ့တယ်။ “တော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲ (နိုင်အောင်တိုက်ရမလဲ) ဆိုတာကို ဘယ်တက္ကသိုလ်ကမှ သင်ပေးတာ မဟုတ်ဘူး” လို့ ဆလိုင်းယောမာန်ရဲ့ မှတ်ချက်အရ တော်လှန်ရေးအောင်မြင်ဖို့အချက်ထဲမှာ ပညာတက်ခြင်း ဆရာဝန်ဖြစ်ခြင်းက အရေးကြီးတဲ့…
Read More
NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

Red News / Fact Check အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြေအောက်ဆေးရုံတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများသည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားသည့်အကြောင်းအရာ၊ တော်လှန်ရေးအင်အားစုများ သိက္ခာကျစေမည့်အကြောင်းအရာ၊ ငွေကြေးအလွဲသုံးစား လုပ်ဆောင်နေသည် စသည့်အကြောင်းအရာတို့ဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် အင်တိုက် အားတိုက်ဝါဒဖြန့်ချိနေကြောင်း တွေ့ရှိရသည်။ စစ်ကောင်စီလော်ဘီ ဝါဒဖြန့်မှု --------------------------- မြေအောက်ဆေးရုံနှင့်ပတ်သက်၍ လှောင်ပြောင်ထားသော ဝါဒဖြန့်ပို့စ်အား ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လော်ဘီများဖြစ်သော အကုန်သိချန်နယ်နှင့် မှိုင်းဝေချန်နယ်တို့မှစတင်ကာ အလှူခံထားသောငွေနှင့် ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်ချိထားမှုကို တွေ့ရှိရသည်။ ၎င်းတို့ တင်ထားသောပို့စ်ကို တစ်နေ့တည်းမှာပင် စစ်ကောင်စီလော်ဘီ ချန်နယ် (၁၇) ခုကနေ ထပ်မံဖြန့်ချိခဲ့ကြပါတယ်။ ဇွန်လ…
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More