Tag: Mon State Defense Force – MSDF

  • မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

    မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

    RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။

    မွန်ပြည်သူများ၏ သဘောဆန္ဒကို ဦးထိပ်ထားပြီး၊ မွန်နိုင်ငံရေး အင်အားစုများအကြား ညီညွတ်ရေးကို ဦးတည်သည့်အတွက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများကို မဟာမိတ်အသွင်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။

    MSRFမှ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိသူတချို့သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်း တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ MSRF နှင့် MSDF တို့သည် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည် ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန်စသည့် သဘောတူညီမှုများ ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြမည်

    လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြမည်

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) New Mon State Party (Anti-military Dictatorship) ကို NUG အပါအဝင်တော်လှန်ရေး အင်းအားစုများက ကြိုဆိုကြပြီး မွန်ပြည်ကာကွယ်ရေးတပ်မှလည်း အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင် (အာဏာရှင်စနစ် အမျိုးမျိုး) ချေမှုန်း ပျက်သုဉ်းရေးအတွက် လက်တွဲပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်ကာကွယ်ရေးတပ် (Mon State Defense Force – MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Liberation Army)၊ စစ်အာဏာရှင်ဟူသမျှ တော်လှန်သော မွန်လူငယ်အင်အားစု – (Mon Against Dictatorship)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG စသည့် တော်လှန်ရေးအင်အားစုများက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)ကို ကြိုဆိုကြပြီး လက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြသည်။

    (more…)