Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • တကယ်ရော တန်ရဲ့လား..?

    တကယ်ရော တန်ရဲ့လား..?

    “NUG က ပြည်သူတွေရဲ့ထောက်ပံ့ကူညီတဲ့ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့၊ အကူအညီတွေရဖို့ကြိုးစားနေပေမယ့် ထိထိရောက်ရောက် အကျိုးမြတ်ရှိရဲ့လား ဆိုတာစဉ်းစားစရာပါ။ အထူးစဉ်းစားရမှာကတော့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ မရှိသေးပဲ နိုင်ငံတကာအသိအမှတ်ပြုဖို့အရေးကို ကြိုးစားနေတာက လက်တွေ့ဆန်မှုရှိရဲ့လား”

    ရန်နိုင်

    NUG က အနောက်နိုင်ငံက PR (Public Relations) ကုမ္ပဏီတွေနဲ့ အကြံပေးတွေကို ငွေကြေးအမြောက်များပေးပြီး အသုံးပြုနေတယ်လို့ Asia Times ရဲ့ ဆောင်းပါးရှင် David Scott Mathieson က FARA မှတ်တမ်းတွေကို အကိုးအကားပြုပြီး “A history of high-paid Western grifters in Myanmar” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဝေဖန်ထားတဲ့‌ ဆောင်းပါးရှိပါတယ်။

    FARA ဆိုတာက နိုင်ငံခြားတိုင်းပြည်ရဲ့ အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ အဖြစ်မနေ မှတ်ပုံတင်ပေးရတဲ့ အမေရိကန်ရဲ့ဌာနတစ်ခုပါ။ NUG အတွက် အလုပ်လုပ်ပေးနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Bivings Group ဖြစ်စေ တခြားလော်ဘီအဖွဲ့တွေဖြစ်စေ FARA ဌာနမှာမှတ်တမ်းတွေ ပေးထားရပါတယ်။

    မှတ်တမ်းတွေအရ NUG က အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ (တစ်ခါတရံ တစ်လကို ဒေါ်လာသောင်းချီ) ကို အဲ့ဒီ PR လုပ်ငန်းတွေအတွက် သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။ဆောင်းပါးရှင်ကတော့ NUG ကို PR လုပ်ပေးနေတဲ့ လော်ဘီအဖွဲ့တွေကို “Grifters” (လူလိမ်လူညာတွေ) လို့ဝေဖန်ထားပါတယ်။ ဒီအဖွဲ့တွေက မြန်မာ့အရေးကို ကောင်းကောင်းနားမလည်ဘဲ အပေါ်ယံ အကြံပေးချက်တွေနဲ့ NUG ဆီကနေ လစာငွေ အမြောက်အမြား ရယူနေကြတယ်လို့ ဆိုထားပါတယ်။

    (more…)

  • မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

    မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်လက်အောက်ခံနိုင်ငံ ဖြစ်နေပြီလား..?

    “တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်ကောင်စီအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၍ ပယ်ချပေးခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင် စစ်ကောင်စီဘက်မှ ရပ်တည်ပေးခြင်းတို့ဖြင့် အကာအကွယ် ပေးထားသည်”

    ရန်နိုင်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ အသီးသီးတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုသည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အလွန်အမင်း မှီခိုနေရခြင်းမှာ ငြင်းဆို၍မရသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးတွင် ၉၆ ရာနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ၈၉ ရာနှုန်း အထိ မှီခိုနေရသည်ဟု မြန်မာ့မူဝါဒရေးရာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ရှုမြင်နေကြောင်း ISP Myanmar ၏ ၂၀၂၄ စစ်တမ်းတွင် ဖော်ပြထားသည်။

    ဤအခြေနေက ‘မြန်မာနိုင်ငံသည်တရုတ်လက်အောက်ခံနိုင်ငံ (သို့မဟုတ်) အချုပ်အခြာအာဏာကို ပြန်လည်ငှားရမ်းသုံးစွဲနေရသည့်နိုင်ငံ ဖြစ်နေပြီလား’ ဟု ပြည်တွင်းပြည်ပ ပညာရှင်များအကြား စိုးရိမ်ပူပန်မှု မြင့်တက်လာနေကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အဓိက ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် အစောပိုင်း စာရင်းများအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ စုစုပေါင်း၏ ၄၀ ရာနှုန်းမှာ တရုတ်နိုင်ငံမှ ချေးငွေများ ဖြစ်နေခြင်းသည် မြန်မာနိုင်ငံအား “ကြွေးမြီထောင်ချောက်” အတွင်းသို့ ရောက်ရှိသွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

    (more…)

  • စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

    စစ်အုပ်စုရွေးကောက်ပွဲနဲ့ မြန်မာပြည်သူများရဲ့ နိုင်ငံရေးရေချိန်

    “လက်တွေ့မှာ သေနတ်ပြောင်းအောက်မှာ နေရတဲ့ ပြည်သူတွေအတွက် ကန့်ကွက်ပြောဆိုတာ၊ မဲမပေးချင်ဘူးလို့ ဖော်ပြတာတွေက လုံခြုံရေးအန္တရာယ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲ့ဒီလို အခြေအနေမှာ “ရွေးချယ်မှု” ဆိုတာက လွတ်လပ်တဲ့ ရွေးချယ်မှု မဟုတ်တော့ဘဲ ဖိအားနဲ့ ကြောက်ရွံ့မှုအောက်မှာ လိုက်လျောညီထွေဖြစ်အောင် လိုက်နာလိုက်ရတဲ့ အရာဖြစ်သွားပါတယ်”

    ကျော်ကြီး

    လက်ရှိအချိန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်ရာမှာလည်း ဒီမိုကရေစီက မပါမဖြစ်ပါနေတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ပိုင်းရဲ့ ရောက်ရာနေရာ တက်ရာအခမ်းအနားတိုင်းရဲ့ မပါမဖြစ်စကားလုံးကလည်း ဒီမိုကရေစီရွေးကောက်ပွဲပါပဲ။

    ဒီတော့ စကားလုံးက သုံးဖန်များလွန်းလို့ ဖောင်းပွနေသလိုတောင် ခံစားမိလိမ့်မယ် ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်ပဲလား ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အနှစ်သာရတွေရှိသေးလား ဆိုတာနဲ့ ဒီနေ့ မြန်မာပြည်မှာ အဲဒီစကားလုံးကို ကြားရတာဟာ မျှော်လင့်ချက်ထက် မေးခွန်းပိုများနေလားဆိုတာကို မှန်မှန်ကန်ကန်သိထားဖို့တော့ လိုပါတယ်။

    ပထမဆုံးအနေနဲ့ဆိုရရင် ကောင်းမွန်တဲ့ ဒီမိုကရေစီတစ်ခု ဖြစ်လာဖို့ဆိုတာဟာ အချက် (၃) ချက်ပေါ်မှာ အခြေခံနေပါတယ်။ အဲဒါတွေကတော့ ခိုင်မာတဲ့ အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံတွေ ရှိဖို့၊ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်ဖို့၊ ပြီးတော့ အဲဒီအဖွဲ့အစည်းတွေဟာ တရားဝင်မှုရှိပြီး မှန်မှန်ကန်ကန် လည်ပတ်နေဖို့ပဲ ဖြစ်ပါတယ်။

    (more…)

  • ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    “ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ “အမိမြစ်ကြီး” ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်”

    ပင်လယ်သူ

    ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။

    မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ပြည်သူတွေဟာ အစိုးရကို ကြည့်ပြီး ကန့်ကွက်ခဲ့ကြတာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး လှုပ်ရှားသူ ဦးတင်မောင်ဦးက ၂၀၁၉ မှာ အခုလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ “ဒီစီမံကိန်းကို သဘောမတူတာက စစ်တပ်က လုပ်ခဲ့လို့တင် မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရင်လည်း သဘောမတူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူပဲလုပ်လုပ် ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် ဘာအကျိုးအမြတ်မှ ရေရေရာရာ မရှိလို့ပါပဲ။”

    ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသည်းပွတ်၊ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို လည်လှီးသတ်ဖြတ်မယ့် “မြစ်ဆုံစီမံကိန်း” ကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းတော့မယ်ဆိုပြီးတော့ အာဏာသိမ်းစစ်တပ်က တရားဝင်ပြောလာသလို ခြေလှမ်းတွေလည်း ပြင်လာပါပြီ။ ဒါဟာ ရိုးရိုးတန်းတန်း စီးပွားရေးစီမံကိန်းတစ်ခုကို ကြေညာတာမဟုတ်ဘဲ၊ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ပြုတ်လုနီးပါး အာဏာစက်ကို ဆွဲဆန့်ဖို့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို တရုတ်ထံ ထိုးအပ်လိုက်တဲ့ “အယုတ်မာဆုံးသော နိုင်ငံတော်သစ္စာဖောက်မှု” ဖြစ်ပါတယ်။

    (more…)

  • ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

    ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

    “ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ”

    ရန်နိုင်

    နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။

    ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့် လူတိုင်းမှာ အခြေခံအခွင့်ရေးတွေရှိရမယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ (UN) တည်ထောင်ခဲ့ကြတယ်။ လူတိုင်းရနိုင်မယ့် အခြေခံလူ့အခွင့်ရေးအချက် (၃၀) ကို အတည်ပြုပြီး နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်နေ့က လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ်ပြီးနှစ်စဉ်နှစ်တိုင်း လူသားတယောက်ရဲ့ရပိုင်ခွင့် အခွင့်ရေး တွေအကြောင်းကို ဆွေးနွေးကြတယ်။

    တဖက်မှာလည်း အာဏာရှင်စနစ်ကိုနှစ်ခြိုက်နေတဲ့ အင်အားကြီးနိုင်ငံတွေကလည်း သူတို့ရဲ့ဘိုးဘေးအမွေ အာဏာရှင်စနစ်ကို ခေတ်နဲ့အညီ အဆင့်မြင့်တင်ကျင့်သုံးဖို့ ကြိုးစားနေကြတယ်။ ကွဲထွက်နေတဲ့အာဏာရှင် ပုံစံမျိုးမဟုတ်ပဲ လူအများနှစ်သက်လက်ခံတဲ့ နိုင်ငံရေးစနစ်ကနေအာဏာရှင်ဆန်တဲ့ပုံစံတွေကို ကျင့်သုံးလာ ကြတယ်။ ပြည်သူ့ဒီမိုကရက်တစ်အစိုးရလို့ ကြွေးကြော်ထားတာက မြောက်ကိုရီးယားပါ။ ဒီမိုကရေစီလို့ လူအများမြင်အောင်သုံးထားပေမယ့် ၎င်းရဲ့အာဏာရှင်ဆန်မှုကတော့ သိသိသာသာမြင်ရမှာပါ။ ဒီမိုကရေစီစနစ်နဲ့ သမ္မတကို ရွေးကောက်တင်မြောက်ထားပြီး နိုင်ငံအာဏာကိုတော့ မလွှတ်တမ်းဆုတ်ကိုင်ထားတဲ့ နိုင်ငံတွေကလည်း ခပ်များများပါ။

    Photo : Wai Hun Aung

    (more…)

  • ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာနောက်ကွယ်

    “နယ်စပ်ပဋိပက္ခသည် သမိုင်းဝင် အငြင်းပွားမှုများမှ စတင်ခဲ့သော်လည်း စစ်ရေးအခြေနေထိ ရောက်စေသည့် အရှိန်မြှင့်တင်မှုသည် အဓိကအားဖြင့် အထက်တန်းလွှာများအကြား ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်မှုများအပေါ် အခြေခံသည်။ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ “ကျားဖြန့် ကွန်ရက်များ” ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့ကို နှိမ်နင်းခြင်းတို့နှင့် ဆက်စပ်နေသည်”

    ရန်ုနိုင်

    ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ရှေးဟောင်းဘုရားကျောင်းများအနီး ဖြစ်ပွားနေသော ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ သမိုင်းဝင်နယ်မြေ ပိုင်ဆိုင်မှုအငြင်းပွားခြင်းအဖြစ် မကြာခဏရှုမြင်လေ့ရှိကြသည်။ သို့သော် သက်ဆိုင်ရာနိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ ဤပဋိပက္ခ၏ အဓိကလှုံ့ဆော်မှုများမှာ နယ်မြေ (သို့မဟုတ်) ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးထက်ပိုသော နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြည်တွင်းနိုင်ငံရေးအာဏာနှင့်အကျိုးစီးပွားကာကွယ်လိုသည့် အကြောင်းအရင်းများကို တွေ့ခဲ့ရသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံရှိ အထက်တန်းလွှာအုပ်စုများသည် နိုင်ငံရေး အခက်အခဲများမှ လူထုအာရုံစိုက်မှုကို လွှဲပြောင်းရန် ၎င်းတို့၏ရာထူးကို ခိုင်မာစေရန်နှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များကို ဖုံးကွယ်ရန် ဤနယ်စပ်ပြဿနာကို လက်နက်အဖြစ် အသုံးပြုခြင်းဖြစ်သည်။

    ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဝီရကွန် ဦးဆောင်သောအစိုးရ၏ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်လာသည့်အခြေနေများက ၂၀၂၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခများ၏ နောက်ကွယ်မှ အဓိကအရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော တောင်ပိုင်းရေကြီးမှုများကို စီမံခန့်ခွဲရာတွင် အားနည်းခဲ့ခြင်း ကြောင့် ဝန်ကြီးချုပ် အနုတင်၏ လူထုထောက်ခံမှု ၄၈ ရာနှုန်းမှ ၂၃ ရာနှုန်းအထိ ထိုးကျသွားခဲ့ပြီး ၎င်း၏ ပါတီဖြစ်သော ဘွန်ဂျိုင်ထိုင်းပါတီ၏ လူကြိုက်များမှုလည်း သိသိသာသာလျော့ကျခဲ့သည်။ ထိုအခြေနေကြောင့် လာမည့်မတ်လရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေး အားနည်းချက်များကို ဖုံးကွယ်ရန်ကြိုးစားမှုတရပ်ဖြစ်သည်။

    (more…)

  • အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် မြန်မာနိုင်ငံက လမ်းကြောင်းသစ်ဖြစ်နေ

    အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် မြန်မာနိုင်ငံက လမ်းကြောင်းသစ်ဖြစ်နေ

    “အိန္ဒိယဟာ အရင် စစ်အစိုးရအပေါ် တစ်ခုတည်းပဲ အာရုံစိုက်ပြီး ချဉ်းကပ်တဲ့ မူမျိုးနဲ့ ကွဲပြားခြားနားပြီး နိုင်ငံရေးအဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တဲ့ “ဘက်ပေါင်းစုံမှ ချိတ်ဆက်ဆောင်ရွက်မှု” မဟာဗျူဟာကို ပြောင်းလဲသင့်ပါတယ်”

    Red News Agency

    မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေကြားထဲမှာပဲ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိတဲ့ မြေရှားဓာတ်သတ္တုနဲ့ အခြေခံအဆောက်အအုံ ကဏ္ဍများဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွေကို တည်ဆောက်ရန် လိုအပ်နေတယ်ဆိုတာ သေချာပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ မြေရှားဓာတ်သတ္တု တူးဖော်ရေးနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံများအထိ ပါဝင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ရှုပ်ထွေးနေတဲ့ ပထဝီနိုင်ငံရေးတို့ကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးလို စီမံကိန်းများမှာ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်နေပေမယ့် ဒီချဉ်းကပ်မှုဟာ လုံလောက်နေတာမျိုးတော့ မဟုတ်ပါဘူး။

    (more…)

  • “အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

    “အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

    “ပြည်သူတွေရဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတဲ့တောင်းဆိုသံကို “အထွေထွေထိုးစစ်” ဆိုတဲ့ တုန့်ပြန်သံနဲ့ နှစ်သိမ့်ခဲ့ပေမယ့် ၅လ ကြာပြီးတဲ့အထိ တပ်ပေါင်းစုရော အထွေထွေထိုးစစ်ရော အစအနပေါ်မလာတော့ဘူး။ ပြည်သူလူထုမျှော်လင့်သလောက်တော့ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေကို တစုတစည်းတည်း စုပေါင်းထားနိုင်ပြီဆိုတဲ့ ဖော်ပြမှုမျိုးတော့ မတွေ့ရသေးဘူး”

    ရန်နိုင်

    “တော်လှန်ရေးအဖွဲ့အစည်းသာ ဆေးရုံတရုံဆိုရင်၊ တိုက်ပွဲတွေသာ ခွဲစိပ်ခန်းလိုမျိုးဆိုရင် ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးတို့ ဆရာခင်မောင်လွင်တို့က တကယ့်ကိုထိရောက်တဲ့ ခေါင်းဆောင်တွေ ဖြစ်မှာပဲ” လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ကိုသက်ထွေးနိုင်နဲ့ အင်တာဗျူးမှာပြောခဲ့တယ်။

    “တော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲ (နိုင်အောင်တိုက်ရမလဲ) ဆိုတာကို ဘယ်တက္ကသိုလ်ကမှ သင်ပေးတာ မဟုတ်ဘူး” လို့ ဆလိုင်းယောမာန်ရဲ့ မှတ်ချက်အရ တော်လှန်ရေးအောင်မြင်ဖို့အချက်ထဲမှာ ပညာတက်ခြင်း ဆရာဝန်ဖြစ်ခြင်းက အရေးကြီးတဲ့ အကြောင်းအရာမဟုတ်ဘူးလို့ ပြောလိုရင်းဖြစ်တယ်။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ခံယူချက်ပိုင်းဆိုင်ရာမှာ လေးစားစရာအလွန်ကောင်းပေမယ့် တော်လှန်ရေးတခုလုံး အရွေ့ဖြစ်လာအောင် အောက်ခြေကို ဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ အပိုင်းတွေမှာ ဒေါက်တာ ဇော်ဝေစိုး၊ ဆရာကြီး ခင်မောင်လွင်၊ ဦးကျော်နီတို့က အားနည်းချက် ရှိနေတယ်လို့ ဆိုထားပါတယ်။

    (more…)

  • ၂၁ ရာစု ဦးနှောက်နဲ့ ကျော်ဖြတ်လိုက်ကြရအုံးမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ယန္တရား

    ၂၁ ရာစု ဦးနှောက်နဲ့ ကျော်ဖြတ်လိုက်ကြရအုံးမယ့် စစ်တပ်ရဲ့ဝါဒဖြန့်ယန္တရား

    “စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားက သာမန်ပြည်သူတွေရဲ့မသိစိတ်ထဲကို အကြောက်တရားတွေပုံစံအမျိုးမျိုးနဲ့ ရောက်အောင် ဝါဒဖြန့်ကြတယ်။ Symbolism & Imagery ဆိုတဲ့ မသိစိတ်ထဲကိုစွဲမြဲစေမယ့်ပုံတွေ၊ သင်္ကေတတွေ၊ သီချင်းတွေနဲ့ လူအများရဲ့စိတ်ထဲကို ထိန်းချုပ်နည်းတွေသုံးကြတယ်”

    ရန်နိုင်

    စစ်အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့တဲ့နည်းလမ်းဟောင်းတွေက မရိုးနိုင်ပေမယ့်အခုချိန်ထိ အလုပ်ဖြစ်နေတာကိုတော့ အသိအမှတ်ပြုရမှာပါ။ စစ်တပ်သဘောကို နောကျေနေတယ်ဆိုပေမယ့် တကယ်တမ်းမှာ စိတ်ဓါတ်စစ်ဆင်ရေးနည်းလမ်းနဲ့ ဝါဒဖြန့်နေတာကိုတော့သိသိရက်နဲ့ ခံနေရတုန်းပါပဲ။ ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်ကြံပြောတတ်တဲ့ စစ်အာဏာရှင်တွေက အမှားတွေကိုဝါဒဖြန့်နေပေမယ့် အမှားဖြစ်တယ်လို့ ဝန်ခံလေ့မရှိကြဘူး။

    ပြည်သူကို လော်ဘီအားနဲ့ အမြဲတမ်းလိမ်ညာနေတဲ့ စစ်အာဏာရှင်တွေက ထူးထူးခြားခြား “မှားပါတယ်” လို့ ဝန်ခံခဲ့တဲ့ဖြစ်ရပ် တခုတော့ရှိခဲ့ပါတယ်။ တစ်နှစ်ကျော်လာတဲ့အထိ အပစ်ပေးအရေးယူခြင်းမရှိသေးတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ နာယက ဆရာတော်၊ ရွှေကျင်ဂိုဏ်းရဲ့ဗဟိုအလုပ်အမှုဆောင် ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ပါ။ PDF တွေပစ်ခတ်တာလို့ စစ်တပ်လော်ဘီတွေက ဝိုင်းလိမ်ခဲ့ပေမယ့် ဖုံးမရပဲအဖြစ်မှန်ပေါ်လာချိန်မှာတော့ သေဆုံးသူဆရာတော်၊ အတူပါလာတဲ့ဆရာတော်နဲ့ ကားသမားတို့ရဲ့အမှားအဖြစ် ပုံဖော်ကြတယ်။

    (more…)

  • အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

    အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

    “စစ်ကောင်စီအနေနဲ့ တရားဝင်မှုကို ရယူနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ “လုံးဝကို မရနိုင်ပါဘူး”လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အာဏာရှိနေမှုဟာ တရားဝင်မှုကို မရနိုင်ပါဘူး”

    ကျော်ကြီး

    ပြည်သူလူထုသာလျှင် အစိုးရတစ်ရပ်ရဲ့ အာဏာကိုဖန်တီးပေးနိုင်ပြီး အာဏာရဲ့ တရားဝင်အရင်းအမြစ်ဖြစ်တယ်။ အစိုးရအားလုံးရဲ့ တရားဝင်မှုဟာ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်အပေါ်မှာသာ အခြေခံတယ်လို့ အမေရိကန်နိုင်ငံရဲ့ လေးဆက်မြောက်သမ္မတကြီး ဂျိမ်းမက်ဒီဆင်က ပြောခဲ့ပါတယ်။ ဒီအဆိုတွေဟာ ခေတ်သစ်ဒီမိုကရေစီစနစ် ဖြစ်တည်လာကာစ ဥရောပဉာဏ်အလင်းခေတ်လို့ ဆိုကြတဲ့ ၁၇-၁၈ ရာစု သမိုင်းမှတ်တမ်းထဲက အနှစ်သာရပြည့်ဝတဲ့ အခြေခံအယူအဆအတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။

    ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ အုပ်ချုပ်မှုမူဝါဒတွေဟာ ၂၀ ရာစုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလအတွင်းကထဲက ကမ္ဘာ့နိုင်ငံအများအပြားမှာ အောင်အောင်မြင်မြင် အခြေပြုနိုင်ခဲ့ပြီး ဒီနေ့ကမ္ဘာမှာတော့ အားကောင်းနေခဲ့ပါပြီ။ ဆက်ရရင်တော့ ဒီမိုကရေစီစနစ်ဟာ ပြည်သူလူထုက စတင်တဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှု၊ နောက် ဥပဒေအထက်မှာ ဘယ်သူမှမရှိရ ဆိုတဲ့အချက်တွေကို အခြေခံထားတဲ့စနစ်ဖြစ်တာကြောင့် အုပ်ချုပ်ခံပြည်သူလူထုရဲ့ သဘောတူညီမှု မရရင် ဘယ်လိုအစိုးရမျိုးမှ တရားဝင်မှုကို မရနိုင်ပါဘူး။

    (more…)