ဖားကန့်

ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရပ်ကွက်များအတွင်းလှည့်လည်ကာ ပြည်သူများကိုဖမ်းဆီး၊ ဒရုန်းနှင့်လက်နက်ကြီးတို့ကို အသုံးပြုပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို KIA/KPDF ရဲဘော်များက ဇွန် (၉) ရက်နေ့က တိုက်ခိုက်သည့်အတွက် သေဆုံးမှုများရှိကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၂)ဦး ဇွန်လ (၉) ရက်နေ့က ငွေသစ္စာလ္ဘက်ရည်ဆိုင် ထိုင်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အပြင် ကုဋေကျေးရွာမှ ကုမ္ပဏီများကို မီးရှို့နေသော စစ်ကောင်စီတပ်သားများ KIA/KPDF ရဲဘော်များက ဒရုန်းဗုံးနှင့် ၄၀ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။ (more…)
Read More
ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

ဂိုဒေါင်များတွင် ယမ်းသိုလှောင်မှု ရှိ မရှိ ပြည်သူများစစ်ဆေး

RNA_ဇွန်(၉)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငြိမ်းချမ်းသာယာ(ခ)ခွန်ဆာကုန်း အပိုင်း (၃) တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုအပြီး ပြည်သူများသည်လုပ်ငန်းခွင်များအတွင်း ယမ်းသိုလှောင်မှု ရှိ မရှိ ဇွန်လ (၈) ရက်နေ့က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ငြိမ်းချမ်းသာယာ အပိုင်း(၃) အတွင်း ဇွန်လ ၆ ရက် နေ့ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ဗုံးသီးပစ်ခတ်မှုကြောင့် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ကာ ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည့်အပြင်၊ ဇွန်လ (၃) ရက်နေ့ကလည်း ဆောင်းချိန်ကျေးရွာ ဓမ္မာရုံအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု၏ ယမ်းဂိုဒေါင်ပေါ် ဒရုန်းဖြင့် ဗုံးကျဲချခဲ့သည့်အတွက် ပေါက်ကွဲကာ ပြည်သူ (၃) ဦးသေဆုံးရသည်။…
Read More
စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

RNA_ဇွန်(၈)၊၂၀၂၅ခုနှစ်။ တိုက်ပွဲများ ငြိမ်သက်နေသော ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီးနောက် နယ်မြေစိုးမိုးရေးမြို့တွင်း စစ်ကြောင်းများလှည့်လည်စဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ ပစ်ခတ်မှုများကြောင့် ယနေ့ (ဇွန်လ ၈ ရက်) အထိ အနည်းဆုံး ပြည်သူ (၁၇) ဦးသေဆုံးခဲ့ရပြီဟု သိရသည်။ (more…)
Read More
ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

ဖားကန့်မှာပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ ကလေးငယ် (၂) ဦးအပါအဝင် (၉) ဦးသေဆုံး

RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ခွန်ဆာကုန်း (ခ) ငြိမ်းချမ်းသာယာကျေးရွာ အပိုင်း(၃)၊ ဘုန်းကြီးကျောင်းနှင့် ရဲစခန်းကြား ဇွန်လ ၆ ရက်နေ့ ည (၉) နာရီ (၇) မိနစ်ခန့်က လက်နက်ကြီကျသည်ဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းအထိ ကလေးငယ် (၂) ဦးနှင့် အမျိုးသမီး (၁) ဦးအပါအဝင် ပြည်သူ (၉) ဦး၏ အလောင်းများ တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
Read More
စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရပ်နားခြင်းမရှိခဲ့သော ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ မေလ ၂၆ ရက်နေ့ ဝန်းကျင်မှစတင်ကာ ရပ်နားသွားသည်ကို တွေ့ရှိရသည်။ ဖားကန်းမြို့တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မြဥယဉ် ကုမ္ပဏီနှင့် အခြား ကုမ္ပဏီအသေးတစ်ချို့ မေလ ၂၆ ရက်နေ့က နားသွားပြီဖြစ်ကြောင်း၊ ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၁၀၀ ခန့်ကလည်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီဖြစ်သည်။ (more…)
Read More
အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ကာမိုင်းမှ ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ လယ်ပြင်ကျေးရွာ၊ ဖန်းခါးဆောင်နှင့် ငြိမ်းချမ်းသာယာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ထားကြရန်နှင့်အသင့်အနေအထားပြင်ထားသင့်သည်ဟု KIA/KPDF နှင့် နီးစပ်သူများထံမှ သိရသည်။ အင်အား ၆၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းကြောင်းအတိုင်း စစ်ကြောင်းတက်လာစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ ဝန်းကျင်သာ ဖားကန့် လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည်။ (more…)
Read More
စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ပေါင်းပြီး အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်နယ်မြေဘက် စစ်ကြောင်းထိုး

RNA_ဧပြီ(၂၄)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်-မိုးကောင်း-မြစ်ကြီးနားလမ်းနှင့် တနိုင်း-မိုးကောင်း-မြစ်ကြီးနားလမ်းဆုံတို့ဖြစ်သော လဝါးကျေးရွာမှ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ် (SNA)တို့ ပူးပေါင်းထားသော အင်အား (၇၀၀) ကျော်ဖြင့် KIA/KPDF ထိန်းချုပ်ထားသော ဖားကန့်-မိုးကောင်းလမ်းကြောဖြစ်သည့် နမ့်ယားဘက်ကို စစ်ကြောင်းထိုးလာသည်ဟု ယနေ့ ဒေသခံများက ပြောကြားထားသည်။ ဖားကန့်လာသည့် ခရီးသွားပြည်သူများ၏ အတက်အဆင်းလမ်းများကို ပိတ်ထားကြောင်း၊ ဖားကန့်မှ ဟိုပင် - မိုးညှင်းထွက်သည့် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီနှင့်ရှမ်းနီတပ်တို့ ပူးပေါင်းပြီး အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ စစ်ကောင်စီသည် ဖားကန့်ဝင်များကို ပြန်ယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၅)၊ ၂၀၂၅ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိ (ဒေသအခေါ် ) ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့သည့်ဖြစ်စဉ်အတွင်း အသက် (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံးကြောင်း အတည်ပြုပြီး အလောင်းရှာဖွေမှုများကို ယနေ့ လမ်းဟောင်းပေါ်သွားသည့်အတွက် ရပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (more…)
Read More
ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိ

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၄)၊ ၂၀၂၅ ခုနှစ်။   ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွားနားကပ်ပြီး ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ရွှံ့နွံဖုံးလွှမ်းသွားသည့် ဖြစ်စဉ်အတွင်း သေဆုံးသူ (၃၅) ဦးကျော်ရှိကြောင်း သိရသည်။   စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိ နေအိမ်များပေါ် ဇန်နဝါရီ ၁၃ ရက် နံနက် (၁) နာရီ (၃၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယနေ့ (ဇူလိုင်လ ၁၄ ရက်) နေ့လယ်ပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း (၂၁) လောင်းတွေ့ရှိထားပြီး ပျောက်ဆုံး (၁၅) ဦးရှိသည်ဟု…
Read More
ယနေ့ ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား (၈) ဦးသေဆုံး

ယနေ့ ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား (၈) ဦးသေဆုံး

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၃)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာနှင့် ကျေးရွာအနီး မြေစာပုံနေရာအချို့အား ယနေ့ နံနက်ပိုင်းက စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ‌ဗုံးနှစ်လုံးကြဲချမှုအပြင် စက်လက်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ပြည်သူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၂) ဦး သေဆုံးခဲ့ရသည်။ (more…)
Read More