08
Oct
RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များရှီရာ စုပေါင်းရုံးအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ ဦးဇော်အောင်သည် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ၌ ရေမဆေးကျောက်ရှာသည့် အလုပ်သမားတစ်ဦးကို နှိပ်စက်သတ်ဖြတ်မှု ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာ (၇) ရက် နေ့လည်ပိုင်းက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်များနှင့် စစ်အုပ်စု လက်အောက်ခံ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းရုံး၌ တွေ့ဆုံပွဲကျင်းပနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) မှ တာဝန်ခံ ဦးဇော်အောင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ “ဦးဇော်အောင်က KNDPC ကုမ္ပဏီက တာဝန်ခံ။ သူ့ကုမ္ပဏီ ဆန်းကြွယ်ဆိုဒ်ခွဲမှာ ရေမဆေးကျောက်ရှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ကျောက်ခိုးတယ်ဆိုပြီး အခန်းတစ်ခုထဲချုပ်ထားတာ။ နောက် (၂)…