မြစ်ကြီးနား

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။ "ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ…
Read More
သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ မြစ်ကြီးနားထောင်တွင် မတရားဖမ်းဆီးချုပ်နှေင်ခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် - KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးမှ ယနေ့ ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။ အမိန့်ချမှတ်ခဲ့သော ယနေ့သည် ခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် မဟာသောကြာကြီး (Good Friday) နေ့ဖြစ်ကြောင်း၊ သခင်ခရစ်တော်ကို မတရား ကားစင်တင်ခံရန် အမိန့်ချသည့်နေ့မှာသိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ်ချမှတ်သည်မှာ စစ်ကောင်စီ၏ ဘာသာရေးနှင့်လူမျိုးရေး အငြိုးအတေးဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်တဦးက ပြောသည်။ (more…)
Read More
ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

RNA_နိုဝင်ဘာ(၇)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြချက်မရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးလိုက်ခြင်းသည် ကချင်တစ်မျိုးသားလုံးကို အလွန်အကြူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံ စစ်ကြေညာခြင်းဖြစ်သည်ဟု World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။   “ဤလုပ်ရပ်သည် ကချင်တမျိုးသားလုံးကို အလွန်အကျူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံစစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ သို့ပါ၍ ပြည်သူလူထုအားလုံး ဤတော်လှန်ရေးတွင် မိမိတက်နိုင်သည့်ဘက်မှ အရှိန်မြှင့်လျက် ပါဝင်ရပ်တည်ကြပါစိုး” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့်အတွက် အိမ်ထဲနေသည့် (၇) အရွယ်ကလေးငယ် သေနတ်မှန်သေဆုံး

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့်အတွက် အိမ်ထဲနေသည့် (၇) အရွယ်ကလေးငယ် သေနတ်မှန်သေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် ရဲတပ်ရင်းအနီး ဗုံးပေါက်ကွဲရာ စစ်ကောင်စီတပ်သားရဲများက ရမ်းသမ်းပစ်ခတ်သည့်အတွက် အိမ်ထဲတွင် ဂိမ်းဆော့နေသည့် (၇) နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကလေးငယ် မိုဟမ္မဒ်ဆိုင်ဖွလ္လဟ် (ခ) မောင်ဘုန်းခန့်ထည် ရင်ဘတ် သေနတ်မှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ Red News Agency
Read More