Editor

1640 Posts
ရန်ကုန်၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ (၁၀၆) ဦးကို ဖမ်းဆီးရမိ

ရန်ကုန်၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ (၁၀၆) ဦးကို ဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသူ နိုင်ငံခြားသားခြားနှင့် မြန်မာနိုင်ငံသား စုစုပေါင်း(၁၀၆) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၁၄ ရက်) ထုတ်ပြန်ထားသည်။ သာကေတမြို့နယ် အမှတ် (၈) ရပ်ကွက် Golden River Resident Condo အခန် (၉) ခန်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား အမျိုးသား (၄၈) ဦးနှင့် အမျိုးသမီး (၄) ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား (၈) ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၃၁) ဦးနှင့် အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၁၀၆) ဦးတို့ကို…
Read More
မိသားစုလွှဲငွေကိစ္စ ဖိအားပေးမှုသည် ထိုင်းရောက် မြန်မာလုပ်သားများအား တရားမဝင်ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်နေဟု ထိုင်းအစိုးရ ပြော

မိသားစုလွှဲငွေကိစ္စ ဖိအားပေးမှုသည် ထိုင်းရောက် မြန်မာလုပ်သားများအား တရားမဝင်ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်နေဟု ထိုင်းအစိုးရ ပြော

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံလစာမှ (၂၅) ရာခိုင်နှုန်းကို မိသားစုထံ မဖြစ်မနေလွှဲရန် စစ်အုပ်စု၏ ဖိအားပေးမှုသည် ထိုင်းရောက် မြန်မာလုပ်သားများအား အထောက်အထားမဲ့ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကော်က သတိပေးပြောကြားထားသည်။ နိုဝင်ဘာ (၁၂) ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန် မိသားစုလွှဲငွေကိစ္စနှင့်ပတ်သက်၍ အလေးအနက် သတိပေးပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေသည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ဆီဟာဆက်က ပြောကြားခဲ့ခြင်းဖြစ်သည်။ (more…)
Read More
စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကို ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းနေဟု AA ပြော

စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကို ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းနေဟု AA ပြော

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုနှင့် တိုက်ပွဲပြင်းထန်နေသည့် စစ်တွေနှင့် ကျောက်ဖြူမြို့တို့အပါအဝင် မာန်အောင်မြို့ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာ (၁၃) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) ရက်မှ စတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲများ (၃) နှစ်တာကာလအတွင်း မြို့နယ်ပေါင်း (၁၄) မြို့နယ်ကို AA တပ်တော်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကာ ကျန်မြို့နယ်များကိုလည်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု AA တပ်တော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ဖမ်းဝရမ်းထုတ်ခံထားရသည့် မြန်မာအလုပ်သမားခေါင်းဆောင် ရဲစခန်း သွားရောက်အဖမ်းခံ

ဖမ်းဝရမ်းထုတ်ခံထားရသည့် မြန်မာအလုပ်သမားခေါင်းဆောင် ရဲစခန်း သွားရောက်အဖမ်းခံ

RNA_နိုဝင်ဘာ(၁၃)၊ ၂၀၂၆ခုနှစ်။ ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် မြန်မာအလုပ်သမားခေါင်းဆောင် ကိုဆူရတ် (ခ) ဝီရဆန်ထုန်သည် ကန်ချနာဘူရီရဲစခန်း၌ ယနေ့ (နိုဝင်ဘာ ၁၃ ရက်) သွားရောက် အဖမ်းခံခဲ့ကြောင်း ထိုင်းသတင်းဌာန Amarin က ဖော်ပြထားသည်။ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် Bright Future အဖွဲ့မှ ခေါင်းဆောင်ကို မှတ်ပုံတင်စာရွက်စာတမ်း မမှန်မကန်ပြုလုပ်မှုဖြင့် ထိုင်းတရားရုံးက နိုဝင်ဘာ (၉) ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လည် (၁) နာရီဝန်းကျင်တွင် ကိုဆူရတ်က ရဲစခန်း၌ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
မြောက်ဦး ဗုံးကြဲခံရမှုအတွင်း ပြည်သူ (၂) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ

မြောက်ဦး ဗုံးကြဲခံရမှုအတွင်း ပြည်သူ (၂) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ အာရက္ခပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်အား နိုဝင်ဘာ (၁၂) ရက်နေ့ ည (၈) နာရီ (၄၉) မိနစ်ခန့်မှ စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ပြည်သူ (၂) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရရှိခဲ့သည်။ ကြက်ဈေးရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှုတွင်း စာသင်ကျောင်းဆောင်နှင့် သာသနိက အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးမှုများရှိကြောင်း၊ နိုဝင်ဘာလ (၅) ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ နန်းကျားရွာအား စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ အရပ်သားပြည်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး ပြည်သူ (၁၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု AA က ယနေ့…
Read More
လျှပ်စစ်ကေဘယ်လ်ကြိုး ခိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိ

လျှပ်စစ်ကေဘယ်လ်ကြိုး ခိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ လျှပ်စစ်ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ခိုးယူနေသည့် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Budalin Mobile Team (BMT) က ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ထုတ်ပြန်ထားသည်။ ယခုလ နိုဝင်ဘာ (၆) ရက်က စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၂) ဦးသည် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဘုတလင်မြို့ ဗန္ဓုလတိုးချဲ့ကွက်သစ်အတွင်း လျှပ်စစ်ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ခိုးယူနေချိန် BMT တပ်ဖွဲ့နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ အရပ်သားအသွင်ယူဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (more…)
Read More
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပေါက်မြို့နယ်က “FREE HER” လှုပ်ရှားမှု

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပေါက်မြို့နယ်က “FREE HER” လှုပ်ရှားမှု

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ "FREE HER" လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့က ထုတ်ပြန်ထားသည်။ တော်လှန်ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများနှင့်အတူ —Free Aung San Suu Kyi,Release Now,End Political Detention,Free Her Aung San Suu Kyi စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ "အမေစုနဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ"…
Read More
KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

KNLA တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စု သိမ်းယူခဲ့ဆိုသည်မှာ မဟုတ်မှန်ကြောင်း KNU ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၃) ဌာနချုပ်ကို စစ်အုပ်စုက သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားမှုအပေါ် မဟုတ်မှန်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။ KNU/KNLA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုနှင့် သိမ်ဖြူဇရပ်မြို့နယ် ကော်ကတ်ရွာအနီးဝန်းကျင်ရှိ တပ်စခန်း (၂) ခုနှင့် ကော်ထီးထရွာအနီးရှိ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၃) မှာ စခန်းတို့အပါအဝင် ယာယီအခြေပြု စခန်း (၄) ခုကို သိမ်းယူရရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။ (more…)
Read More
ထိုင်းအစိုးရအနေဖြင့် မြန်မာ့ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန် သတ္တိမရှိကြောင်း ထိုင်းအမတ်ဟောင်း ပြော

ထိုင်းအစိုးရအနေဖြင့် မြန်မာ့ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန် သတ္တိမရှိကြောင်း ထိုင်းအမတ်ဟောင်း ပြော

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်၏ နေပြည်တော်ခရီးစဉ်သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပြဿနာအရင်းခံကို ကိုင်တွယ်ဖြေရှင်းရန်ထက် အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းလိုခြင်းသာဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း Kannavee Suebsang က ၎င်း၏ လူမှုကွန်ရက်၌ ဝေဖန်ရေးသားထားသည်။ နိုဝင်ဘာ (၁၂) ရက်က နေပြည်တော်ကို ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး တင်းမောင်ဆွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (more…)
Read More
ရန်ကုန် ကုလရုံးရှေ့၌ လူမျိုးတုံးသတ်ဖြတ်မှုစာတန်း ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်

ရန်ကုန် ကုလရုံးရှေ့၌ လူမျိုးတုံးသတ်ဖြတ်မှုစာတန်း ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ အာဏာသိမ်း စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ စစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်းအရာပါ စာတန်းကို ချိတ်ဆွဲပြီး လူထုလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့ (Yangon 4 Brothers) က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကော် နေပြည်တော်သို့ လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံနေချိန် “မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးခြင်းဖြစ်သည်” (SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE) ဆိုသည့် စာတန်းကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့က ကုလသမဂ္ဂရုံးရှေ့၌ လှုပ်ရှားမှု…
Read More