မိုးညှင်း

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။ "ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ…
Read More