PSLF/TNLA

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ

Red News Agency ကနေ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ ကို တင်ဆက်ထားပါတယ်။ အဓိကသတင်းများမှာ နေပြည်တော်က ပြန်လာတဲ့ စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ထိန်းချုပ် ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ NUG ယာယီသမ္မတ ဒူဝါလရှီးလ တော်လှန်ရေးအင်အားစုများကို တိုက်တွန်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးနှင့် တော်လှန်ရေးသတင်းများ ကို Red News Agency မှ တင်ဆက်ပေးထားတာဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

RNA_မတ် (၁၆)၊၂၀၂၆ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့တစ်ခုလုံးကို ကိုးကန့်တပ်မတော် (MNDAA) မှ အပြည့်အဝထိန်းချုပ်ထားကြောင်းကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက Red News Agency ကို အတည်ပြု ပြောကြားသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် တအာင်းတပ်တော် (TNLA) နှင့် MNDAA တပ်ဖွဲ့တို့ ကွတ်ခိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် မြို့ကနေ ဆုတ်ခွါသွားသည့်အတွက် ကွတ်ခိုင်မြို့တစ်ခုလုံးကို MNDAA တပ်ဖွဲ့မှ ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း…
Read More
မိုးကုတ်နှင့်မိုးမိတ်မြို့က TNLA တပ်များဆုတ်ပေးပြီး အပစ်အခတ်ရပ်စဲမည်

မိုးကုတ်နှင့်မိုးမိတ်မြို့က TNLA တပ်များဆုတ်ပေးပြီး အပစ်အခတ်ရပ်စဲမည်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၅ခုနှစ်။ TNLA အနေဖြင့် သတ်မှတ်သဘောတူထားသော ကာလအတွင်း မိုးကုတ်နျင့် မိုးမိတ်မြို့နယ်မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွါမည်ဖြစ်ပြီးတော့ မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ (၀၀း၀၀)နာရီအချိန်မှ စတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ယနေ့ TNLA ကထုတ်ပြန်လိုက်သည်။ (more…)
Read More
စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မြန်မာစစ်အာဏာရှင် (စစ်ကောင်စီ) ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးစီမံချက်ဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား လေးနက်စွာ တောင်းဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်တိုက်တွန်းထားသည်။ စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျဆုံးပြီး အဖက်ဖက်မှ ယိိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော်သည် အဖြစ်ဆိုး ကျရောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More
ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၃၀ရက်) နံနက်စောစော ၁ နာရီခန့်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၁) ဦး၊ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄) ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၄) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု TNLA ကထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့ ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ မြို့များရှိ ပြည်သူများကို…
Read More
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

Red News / Fact Check ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA မှ ကျောက်ပေါက်နှင့် ရွှေဒါးဦးဆောင်အဖွဲ့မှ (၁၅) ဦး၊ ကျော်ဦးအဖွဲ့မှ ၁၃ ဦး၊ ကိုအေးအဖွဲ့မှ ၂၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့သည်ကို TNLA ဘက်မှ တင်ပြီး ပြန်ဖျက်သွားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီများသည် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီလော်ဘီများဝါဒဖြန့်မှု ------------------------------ စစ်ကောင်စီလော်ဘီ တယ်လီဂရန် ဗြုတ်စဗျင်းတောင်း သတင်းများ ဆိုသည့် ချန်နယ်မှစတင်ကာ ဇွန်လ ၂၉…
Read More
PSLF/TNLA ၏ အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

PSLF/TNLA ၏ အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဦးဆောင်ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ် (၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားအား တအာင်းပြည်တစ်နေရာတွင် ဇွန်လ ၂၅ ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဟု ယနေ့ TNLA ကထုတ်ပြန်ထားသည်။ နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲ အခမ်းအနားသို့ PSLF/TNLA၏ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ (၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လအပါအဝင် တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူများ၊ ကျောင်းသူ ကျောင်းသား မိသားစုဝင်များပါအဝင် (၆၀၀) ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။ (more…)
Read More
TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

TNLA နှင့် SSA တို့ မိုးမိတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန်စွပ်စွဲ

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာတောင်ဘက်တွင် တအာင်းတပ်မတော်-TNLA နှင့် ရှမ်းပြည်တပ်မတော် - SSA တို့ ဇွန်လ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ထားကြသည်။ မိုးဟောက်ကျေးရွာအနီး ပစ်ခတ်မှုဖြစ်စဉ်တွင် TNLA ကင်းလှည့်စဉ် SSA တပ်က (၂) ကြိမ်ခြုံခိုပစ်ခတ်သည်ဟု TNLA ကပြောကြားထားပြီး၊ SSA ဘက်ကလည်း TNLA မှစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ခုခံကာကွယ်ခဲ့ရသည်ဟု ပြောကြားထားကြသည်။ (more…)
Read More