13
Oct
RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ဘက်ပြောင်းအလင်းဝင်လာသူ စုစုပေါင် (၁၀) လအတွင်း (၁၆၇၃) ဦးအထိရှိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (၃၄၀) ဦးပါဝင်ကြောင်း ပြည်သူ့ရင်ခွင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ပထမပတ်အထိ တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း (၁၁၉၃) ဦးအထိရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးလာသူ (၄၈၀) ဦးအထိရှိကြောင်း သိရသည်။ ၎င်းတို့အထဲတွင် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း လအလိုက် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအရေအတွက်သည် ဇွန်လအတွင်းက (၄၂၃) ဦးအထိ အများဆုံးရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ကချင်ပြည်နယ် ရွှေကူမြို့နယ်…