RNA_ဧပြီ(၁၈)၊၂၀၂၄ ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ် လူရွယ်များကိုဦးတည်ပစ်မှတ်ထားပြီး ပထမအကြိမ် စစ်မှုထမ်းစုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ခန့်ရှိပြီး တပ်သားစစ်စုစောင်းမှု ခေါင်းစဉ်အောက်က ပေါ်တာဆွဲခံရသူ ၂၂၀ အနည်းဆုံးရှိသည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study က စစ်ကောင်စီ၏ စစ်မူထမ်းစနစ် အကောင်အထည်ဖော်နေမှုအခြေနေများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ယနေ့ အချိန်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းရရှိထားသည့် ပြည်သူ (၅၀၀၀) ခန့်ကို စခတ –၁ ဖောင်းကြီး (လှည်းကူး)၊ စခတ –၂ သပိတ်ကျင်း၊ စခတ – ၆ ရွှေမြင်တင် (ပုသိမ်)၊ စခတ – ၇ တောင်တွင်းကြီး၊ စခတ – ၈ ရွှေဘို၊ တတက –၁ ချင်းကုန်း (တိုက်ကြီး)၊ တတက – ၂ ဥတ္တရသီရီ၊ တတက – ၃ ကျိုင်းတုံ၊ တတက –၄ သံဖြူဇရပ်၊ တတက –၅ ကွင်းကောက်( အင်္ဂပူ)၊ တတက – ၆ အုပ်တွင်း၊ တတက – ၁၂ ပလောက်၊ တတက– ၁၃ တွင်းငယ် (သပိတ်ကျင်း) ရကသ – ၁ ဗထူး၊ တကန ဟိုပုံး သင်တန်းကျောင်းများတွင် သင်ကြားမှုများပြုလုပ်နေကြောင်း သိရသည်။





