08
Oct
RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုခြင်းဟု မယူဆသင့်ကြောင်းနှင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံခြင်းမဟုတ်ကြောင်း မလေးရှားအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရေးအတွင်းရေးမှူး မူဟာမက်ကာမေးလ်အဗ္ဗဒူမူနင်က ပြောကြားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernamma က ဖော်ပြထားသည်။ မလေးရှားအစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုကာလအတွင်း မြန်မာထိပ်တန်း တာဝန်ရှိသူတစ်ဦးကို မလေးရှားသို့ ဖိတ်ခေါ်ခဲ့ခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရန် သံတမန်နည်းလမ်းအရ ထိတွေ့ဆက်ဆံခြင်းနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာ(စစ်အုပ်စု)ထိပ်ပိုင်းတာဝန်ရှိသူနဲ့ တွေ့ဆုံတာဟာ သူတို့ကို အသိအမှတ်ပြုတာလို့ မယူသင့်ပါဘူး။ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုလို့ မရပါဘူး”ဟု ကာမေးလ်မူနင်က ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားဖော်ပြထားသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား…