Tag: မင်းအောင်လှိုင်

  • ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    ဧရာဝတီကို ပေါင်နှံပြီး အာဏာသက်ဆိုးရှည်ရေး ကြိုးပမ်းနေတဲ့ စစ်တပ် (သို့မဟုတ်) တရုတ်လက်အောက်ခံဘဝ တွန်းပို့ခံရတဲ့ မြန်မာနိုင်ငံ

    “ဧရာဝတီမြစ်ဆိုတာ မေခနဲ့ မလိခ ပေါင်းဆုံရာ မြစ်ဆုံကနေ မြစ်ဖျားခံပြီး မြန်မာ့ယဉ်ကျေးမှု၊ လူမှုဘဝနဲ့ သမိုင်းကို ထိန်းကျောင်းလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ “အမိမြစ်ကြီး” ပါ။ မြစ်ဆုံကို ကာကွယ်ခြင်းဟာ ဧရာဝတီကို ကာကွယ်ခြင်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းလည်း ဖြစ်ပါတယ်”

    ပင်လယ်သူ

    ပြည်သူ့သဘောထားနဲ့ ကန့်ကွက်မှုတွေကြောင့် မြစ်ဆုံစီမံကိန်းဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ရပါတယ်။ NLD အစိုးရတက်လာတဲ့အခါ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး စည်းရုံးခဲ့ပေမဲ့ NLD သက်တမ်း ၅ နှစ်အတွင်းမှာလည်း ပြန်မစနိုင်ခဲ့ပါဘူး။ ပြည်သူတွေအနေနဲ့တော့ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရရပ်တန့်ဖို့ အမြဲတောင်းဆိုခဲ့ကြပါတယ်။

    မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေတဲ့ ပြည်သူတွေဟာ အစိုးရကို ကြည့်ပြီး ကန့်ကွက်ခဲ့ကြတာ မဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး လှုပ်ရှားသူ ဦးတင်မောင်ဦးက ၂၀၁၉ မှာ အခုလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ “ဒီစီမံကိန်းကို သဘောမတူတာက စစ်တပ်က လုပ်ခဲ့လို့တင် မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရင်လည်း သဘောမတူနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူပဲလုပ်လုပ် ဒီစီမံကိန်းဟာ တိုင်းပြည်အတွက် ဘာအကျိုးအမြတ်မှ ရေရေရာရာ မရှိလို့ပါပဲ။”

    ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ နှလုံးသည်းပွတ်၊ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို လည်လှီးသတ်ဖြတ်မယ့် “မြစ်ဆုံစီမံကိန်း” ကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းတော့မယ်ဆိုပြီးတော့ အာဏာသိမ်းစစ်တပ်က တရားဝင်ပြောလာသလို ခြေလှမ်းတွေလည်း ပြင်လာပါပြီ။ ဒါဟာ ရိုးရိုးတန်းတန်း စီးပွားရေးစီမံကိန်းတစ်ခုကို ကြေညာတာမဟုတ်ဘဲ၊ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံထားရတဲ့ အာဏာသိမ်းစစ်အုပ်စုက သူတို့ရဲ့ ပြုတ်လုနီးပါး အာဏာစက်ကို ဆွဲဆန့်ဖို့အတွက် တိုင်းပြည်ရဲ့ အနာဂတ်ကို တရုတ်ထံ ထိုးအပ်လိုက်တဲ့ “အယုတ်မာဆုံးသော နိုင်ငံတော်သစ္စာဖောက်မှု” ဖြစ်ပါတယ်။

    (more…)

  • ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

    ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

    “ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ”

    ရန်နိုင်

    နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။

    ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့် လူတိုင်းမှာ အခြေခံအခွင့်ရေးတွေရှိရမယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂ (UN) တည်ထောင်ခဲ့ကြတယ်။ လူတိုင်းရနိုင်မယ့် အခြေခံလူ့အခွင့်ရေးအချက် (၃၀) ကို အတည်ပြုပြီး နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်နေ့က လူ့အခွင့်ရေးနေ့အဖြစ် သတ်မှတ်ပြီးနှစ်စဉ်နှစ်တိုင်း လူသားတယောက်ရဲ့ရပိုင်ခွင့် အခွင့်ရေး တွေအကြောင်းကို ဆွေးနွေးကြတယ်။

    တဖက်မှာလည်း အာဏာရှင်စနစ်ကိုနှစ်ခြိုက်နေတဲ့ အင်အားကြီးနိုင်ငံတွေကလည်း သူတို့ရဲ့ဘိုးဘေးအမွေ အာဏာရှင်စနစ်ကို ခေတ်နဲ့အညီ အဆင့်မြင့်တင်ကျင့်သုံးဖို့ ကြိုးစားနေကြတယ်။ ကွဲထွက်နေတဲ့အာဏာရှင် ပုံစံမျိုးမဟုတ်ပဲ လူအများနှစ်သက်လက်ခံတဲ့ နိုင်ငံရေးစနစ်ကနေအာဏာရှင်ဆန်တဲ့ပုံစံတွေကို ကျင့်သုံးလာ ကြတယ်။ ပြည်သူ့ဒီမိုကရက်တစ်အစိုးရလို့ ကြွေးကြော်ထားတာက မြောက်ကိုရီးယားပါ။ ဒီမိုကရေစီလို့ လူအများမြင်အောင်သုံးထားပေမယ့် ၎င်းရဲ့အာဏာရှင်ဆန်မှုကတော့ သိသိသာသာမြင်ရမှာပါ။ ဒီမိုကရေစီစနစ်နဲ့ သမ္မတကို ရွေးကောက်တင်မြောက်ထားပြီး နိုင်ငံအာဏာကိုတော့ မလွှတ်တမ်းဆုတ်ကိုင်ထားတဲ့ နိုင်ငံတွေကလည်း ခပ်များများပါ။

    Photo : Wai Hun Aung

    (more…)

  • စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြစ်ဖြုတ်ဖြိုခွင်းရမည်ဟု KNPP ပြော

    စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြစ်ဖြုတ်ဖြိုခွင်းရမည်ဟု KNPP ပြော

    RNA_ဩဂုတ်(၉)၊၂၀၂၅ခုနှစ်။

    မင်းအောင်လှိုင်သည် ဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးရာထူးများယူထားပြီး စစ်ကျွန်ဇာတ်သွင်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစိုးရအဖွဲ့သစ်ကိုလည်း အမြစ်ဖြုတ်ဖြိုခွင်းနှိမ်နှင်းရမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောကြားထားသည်။

    ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပါတီဗဟိုဋ္ဌာနချုပ်က ယနေ့ကျရောက်သော (၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ကရင်နီမျိုးသားခုခံတော်လှန်ရေးအကြောင်း၊ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရမည့်အပြင် အတုအယောင်ရွေးကောက်ပွဲစသည်တို့ကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ အာဏာရှင်အစိုးရများနှင့် စစ်အဏာရှင်များသည့် မဟာလူမျိုးကြီးဝါဒဖြင့် ကရင်နီအမျိုးသားများ ပပျောက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံရေးသည်များကို အဖက်ဖက်မှ ချုပ်ခြယ်ပြီး ကရင်နီမျိုးနွယ်စုများအကြား သွေးကွဲစေရန် နည်းလမ်းမျိုးစုံငြဖ့် ဆောင်ရွက်ခဲ့သည်ဟု စသဖြင့် ဖော်ပြထားသည်။

    (more…)

  • အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

    အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်ရန် အမေရိကန်က မေ့လျော့မနေဟု NUG လူ့အခွင့်အရေးဝန်ကြီးပြော

    RNA_ဇူလိုင်(၂၅)၊၂၀၂၅ခုနှစ်။

    အမေရိကန် အစိုးရအပြောင်းလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာစုံရိုက်မှုများ လျော့ကျလာခဲ့ပေမဲ့ BRAVE Burma Act၊ Burma GAP Act၊ No New Burma Funds Act စသည့် ဥပဒေကြမ်းများ အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်ရန် အမေရိကန်လွှတ်တော်က မေ့လျော့မနေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

    မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မြန်မာစစ်ကောင်စီကို အရေးယူမည့် မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ အရေးယူမည့် BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ မြန်မာနိုင်ငံအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်မည့် Burma Genocide Accountability and Protection Act (Burma GAP Act- H.R.4140) ဥပဒေကြမ်း၊ ဘဏ္ဍာရန်ပုံငွေ မရောက်ရှိရေး No New Burma Funds Act (H.R.4423) ဥပဒေကြမ်းတို့ကို အမေရိကန်အောက်လွှတ်တော်ကော် ရေးရာကော်မတီများက ဇူလိုင် ၂၂ ရက်နေ့က အတည်ပြုလိုက်သည်။

    (more…)

  • သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

    သေဆုံးသူ လီလီနိုင်ကျော်နှင့် ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ဘွဲ့တံဆိပ်ချီးမြှင့်

    RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။

    သေဆုံးသွားပြီဖြစ်သော စစ်ကောင်စီလက်အောက်ခံ သတင်းပေး အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်နှင့် မြင်းခြံမြို့မှ နာမည်ကြီး ပျူခေါင်းဆောင် သီတာယုမွန်အပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို မင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၃ ရက်) ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရဲဗလတံဆိပ်ချီးမြှင့်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ကြေညာထားသည်။

    စစ်ကောင်စီတပ် သတင်းများပေး၊ အမျိုးသားရေးလှုပ်ရှားသူ လီလီနိုင်ကျော်အား ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် ပစ်သတ်ခံခဲ့ကြောင်း၊ ပျူခေါင်းဆောင် သီတာယုမွန်မှာ မြင်ခြံခရိုင်တွင် စစ်ကောင်စီတပ်ကိုယ်စား လက်နက်ကိုင်ဆောင်ပြီး ပြည်သူများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မငွေတောင်းခံခြင်း၊ စစ်ကောင်စီတပ်နှင့်အတူ ကင်းလှည့်ကာ ဒေသတွင်း တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်းစသည်တို့ လုပ်ဆောင်နေကြောင်း သိရသည်။

    (more…)

  • အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

    အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

    RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၂ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ (၂) ရက်ဆက်တိုက် အဓမ္မပြုကျင့်သွားသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှ သိရသည်။

    အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကညုံကျွန်းရွာတွင် တပ်စွဲခဲ့ကြောင်း၊ စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးကိုယ်တိုင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ နေကျန်ရစ်ခဲ့သည့်အချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ထုတ်ပြန်ထားသည်။

    (more…)

  • တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

    RNA_ဧပြီ(၂၇)၊၂၀၂၅ခုနှစ်။
    “ပြင်ဦးလွင်တပ်နယ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်က လားရှိုးမြို့အတွင်း တပ်နေရာချရေးကိစ္စမှာ တရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်တာကြောင့် တရုတ်မကောင်းကြောင်းမပြောရန်နဲ့ ကျေးဇူးရှင်ကို စော်ကားမှုမပြုလုပ်ရန် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်”
    #RedNewsAgecny #RedNews #RNA
  • သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

    သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

    “အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက် ၎င်းလိုအပ်သည့် အာဏာမျိုးဖြစ်ပါတယ်။ စစ်အာဏာရှင်များဖြစ်တဲ့နေဝင်းအာဏာစသိမ်းမှုမှ စပြီး ယနေ့မင်းအောင်လှိုင်အာဏာသိမ်းမှုမှာ ပြည်သူများရဲ့ အကျိုးစီးပွားတိုးတက်မှုကာကွယ်ဖို့ အသာထား၊ ဆင်းရဲကြပ်တည်းမှုမျိုးစုံ ရင်ဆိုင်ကြုံရခြင်းသည် အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်”

    ပင်လယ်သူ

    မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၄၈ -၁၉၇၄ )တွင် ပြည်ထောင်စုသမ္မတများအဖြစ် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ စဝ်ရွှေသိုက် ၄ နှစ် ၇၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးဘဦးသည် ၄နှစ် ၃၆၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ မန်းဝင်းမောင်သည် ၄နှစ် ၃၅၄ရက်ကြာ အုပ်ချုပ်ရေးတာဝန်ယူခဲ့ကြပါတယ်။

    တပ်မတော်မှကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နေဝင်းမှာ ၁၉၆၂ မတ်လ ၂ ရက် မှ ၁၉၇၄ခုနှစ် မတ်လ ၂ ရက်နေ့ထိ (၁၂) နှစ်ကြာ တော်လှန်ရေးကောင်စီဥက္ကဌအဖြစ်အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်တွင် နေဝင်း (အငြိမ်းစားဗိုလ်ချုပ်ကြီး) ဦးဆောင်ကာ တစ်ပါတီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၇ နှစ်နှင့် ၂၅၂ ရက်ကြာ အုပ်ချုပ်ပြန်ပါတယ်။ သူသည် ( ၁၉၅၈ -၁၉၆၀)၊ (၁၉၆၂ -၁၉၇၄ )မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၅၈ ခုနှစ်တွင် အာဏာရအရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်နေဝင်းမှ လွှဲပြောင်းယူပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြန်ပါတယ်။ ထိုအစိုးရမှာ မြန်မာ့သမိုင်းတွင် ပထမဆုံးသော အိမ်စောင့်အစိုးရအဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀-ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရရှိခဲ့သော ဦးနုကို အာဏာပြန်လွှဲပေးခဲ့ပါတယ်။ ဦးနု သို့မဟုတ် သခင်နုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး မြန်မာအမျိုးသားခေါင်းဆောင်နှင့် နိုင်ငံရေးသမား ဖြစ်ပြီး နိုင်ငံ၏ဝန်ကြီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် နေဝင်းဦးဆောင်သော တပ်မတော်သည် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဦးနုဦးဆောင်သော ဖဆပလ အစိုးရထံမှ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

    (more…)

  • နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

    နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။

    နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=_-8QJ-5Wb8g[/embedyt]

    #rednewsagency #rednews #rna #myanmar #revolution #burma

  • ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

    ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

    RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။

    ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။

    ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။
    (more…)