ဟိုပင်

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

ဖားကန့်လာသည့် လမ်းတလျှောက် စကစနှင့်ရှမ်းနီတပ်က အဓမ္မဖမ်းဆီး (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေ

RNA_ဖားကန့် ဖေဖော်ဝါရီ(၁၈)၊၂၀၂၄ ခုနှစ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီက အတည်ပြုပြီးနောက် ဖားကန့်မြို့သို့ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်နှင့် မိုးညှင်းမြို့များမှ တက်လာသည့် ခရီးသွားပြည်သူများအား လမ်းခရီးတလျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များ၊ SNA ရှမ်းနီလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့စစ်များက ပေါ်ပေါ်တင်တင် စုဆောင်းရေး (ပေါ်တာ) ဆွဲနေသည့်အတွက် သတိထား သွားလာကြရန် လိုအပ်ကြောင်း ဖားကန့် KPDF ထောက်ပို့ တစ်ဦးက ပြောသည်။ "ကျနော်တို့ ပြည်သူတွေ ခုကာလမှာ အရေးမကြီးပဲ ခရီးမသွားဖို့၊ မပေါ့ဆဖို့၊ လမ်းခရီးကို သေချာစုံစမ်းပြီးမှသွားဖို့ ပြောချင်ပါတယ်၊ ဖားကန့်က မဆွဲဘူးဆိုတာ ဟုတ်ပါတယ်၊ ခုထိတော့မဆွဲကြဘူး၊ ဒါပေမယ့် မြို့ဧရိယာပဲမဆွဲသေးတာ၊ ဖားကန့်ကိုလာရတဲ့ လမ်းခရီးအရှည်ကြီးက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်၊ ပြည်သူ့စစ်တွေ…
Read More
တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်ပြည်နယ်၊ မိုးညှင်းမှ မိုးကောင်းဘက် တက်လာသည့် တင့်ကားပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Kachin Region People Defense Force- KPDF_Hopin) က ငါးမိုင်နှင့် ကြာကြီးကွင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က (၁၀) ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း KPDF - Hopin ကထုတ်ပြန်ထားသည်။ Red News Agency
Read More