SSPP/SSA

တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၄ ခုနှစ်။ “ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး နိယာမတရားအတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများ တော်လှန်သော လမ်းစအသီးသီးကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား SSPP/SSA ၏ ဦးတည်ချက်၊ မူဝါဒ စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုပါက လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုနေမည်ဖြစ်ကြောင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ မိဘာပြည်သူလူထုထံ SSPP/AAS ကပန်ကြားထားသည်။ SSPP/SSA သည် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ပြီး လူမျိုးပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ကို အစဉ်တစိုက်ဦးတည်ပြီး ရေရှည်လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။ (more…)
Read More
SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက် ရဲဘော်များ ထိခိုက်ဒဏ်ရာရ

SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက် ရဲဘော်များ ထိခိုက်ဒဏ်ရာရ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်တောင်ပိုင်း၊လဲချားမြို့နယ်၊ ဆလိုင်းခုမ် ကျေးရွာ အနီး လဲချား - မိုင်းနောင် လမ်းမကြီးပေါ်မှာ SSPP/SSA ၏ စစ်ကြောင်းယာဉ်တန်းကို ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၈ နာရီ ၄၂ မိနစ်ဝန်းကျင်က RCSS တပ်ဖွဲ့ရ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ SSPP/SSA သည် NCA လက်မှတ်မထိုးထားသည့်အဖွဲ့ဖြစ်ပြီး RCSS/SSA သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေပြီး NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ကြောင်း၊ SSPP/SSA ဘက်မှ တိုက်ပွဲမဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားပြီးရှောင်သော်လည်း RCSS ကတိုက်ခိုက်လာကြောင်း SSPPမှ ထုန်ပြန်ထားသည်။ (more…)
Read More
ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် - SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့…
Read More