ရှမ်းမြောက်

သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

RNA_ဧပြီ(၁၇)၊၂၀၂၄ ခုနှစ်။ ရှမ်းမြောက်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၂၁) လောင်းနှင့် လက်နက်ငယ် (၄၀)ကျော်၊ ၆၀မမ (၂)လတ်၊ Drone Jammar (၁)ခု၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် ဧပြီလ (၁၅) ရက်နေ့က သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

တနိုင်ငံလုံး ဘယ်လိုရှုံးရှုံး ယတြာချေမဆုံးတဲ့ စစ်ခေါင်းဆောင်

"လုံခြုံမယ်လို့ထင်ထားတဲ့ နေပြည်တော်လည်းမလုံခြုံဘူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နယ်မြေမရှိတော့ဘူးဆိုတာ" ******************************** ရန်နိုင် ရှေးပဝေသဏီက စစ်ဘုရင်ကြီးတွေရဲ့ စစ်တိုက်နည်း မဟာဗျူဟာတွေအရဆိုရင် ရန်သူ့ရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်ရင် ရန်သူ့ကိုအောင်နိုင်ပြီဟု သတ်မှတ်ခဲ့ကြတယ်။ တရုတ်စစ်ဘုရင်ကြီးဖြစ်တဲ့ ဆွန်ဇုကတော့ အခြေချရာနယ်မြေတွေကို မှုန့်မှုန့်ညက်ညက်ခြေဖျက်ပြီး ရန်သူအလိုလို ကြောက်ရွံ့အရှုံးပေးလာစေတဲ့ ဗျူဟာကို သုံးခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ပွဲတွေမှာတော့ ဆိုခဲ့တဲ့ စစ်နည်း ဗျူဟာ ၂ ခုလုံးကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတင်မကသေးပဲ ရောမခေတ်က သုံးခဲ့တဲ့ ထရိုဂျန်ဆန်ဆန် စိမ့်ဝင်စစ်ကိုလည်း လက်တွေ့အသုံးချနေတယ်။ ကမ္ဘာ့အဆင့် ၃၈ ဆိုတဲ့ စစ်တပ်ကြီးလဲ တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ အလဲလဲအကွဲကွဲနဲ့…
Read More
၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းသိမ်းရရှိခဲ့သည့် မြို့ (၇) မြို့အပါအဝင် TNLA တပ်မတော်အခြေစိုက် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောက်ရွက်သွားမည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ တအာင်းပြည်ရှိ တအာင်းတပ်မတော် TNLA စစ်ဌာနချုပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရရှိ အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ စုစုပေါင်း ၁၈၅ ဦးတက်ရောက်ပြီး…
Read More
ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။   လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။ #RedNewsAgency
Read More
စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၈)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် စစ်ကောင်စီ၏ စကခ (၁၆) ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA - ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ KNDF တို့ပါဝင်ကာအောင်မြင်စွာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိသည်ဟု PLA က ယနေ့ ထုတ်ပြန်ထားသည်။ စကခ (၁၆) ဧရိယာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂို​ဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး…
Read More

လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။   ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို…
Read More
နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။ နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ #RedNewsAgency
Read More
မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။ မြန်မာတပ့်မတော်၏ "ငါမသေငါ့စခန်းမကျစေရ" ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ" ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ" ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။ မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။ (more…)
Read More
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း…
Read More
မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

"လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ" မောင်ဝိ  ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။  ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့…
Read More