Category: ဖျော်ဖြေရေး

  • ပိုင်တံခွန်၊ G-Fatt တို့ စစ်ကောင်စီ ကြည်း၊ရေ၊လေ ဘီယာစတုဒီသာ သင်္ကြန်မဏ္ဍပ်တွင်ပြန်ပေါ်လာ

    ပိုင်တံခွန်၊ G-Fatt တို့ စစ်ကောင်စီ ကြည်း၊ရေ၊လေ ဘီယာစတုဒီသာ သင်္ကြန်မဏ္ဍပ်တွင်ပြန်ပေါ်လာ

    RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည့် သရုပ်ဆောင်ပိုင်တံခွန်၊ တာချီလိတ်ဘက်တွင် ခံဝန်ထိုးပြီး ပြန်ဝင်လာသည့် အဆိုတော် G-Fatt တို့ ယနေ့ ဧပြီ (၁၃) ရက်နေ့တွင် စစ်ကောင်စီ၏ ကြည်း၊ရေ၊လေ ဘီယာစတုဒီသာ သင်္ကြန်မဏ္ဍပ်တွင် အဆိုတော် ယုန်လေးနှင့်အတူပြန်ပေါ်လာသည်ကို တွေ့ရသည်။

    #RedNewsAgency

  • ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

    ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

    RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ (၃) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီးနောက် အင်းစိန်အကျဉ်းထောင် VIP များသာထားရှိသည့် ၅ တိုက် (ခ) စက်ချုပ် မှာ အတူတူထားရှိကြောင်း သိရသည်။

    သီးသန့်အချုပ်ဆောင်တွင် ထားရှိစဉ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ အခြားသရုပ် ဆောင်နှင့်အဆိုတော်တချို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ကျခံခဲ့ကြရကြောင်း၊ Beauty Blogger ဝင်းမင်းသန်းကို ၅၀၅(က)နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေ ၁၇(၁)တို့ဖြင့် နှစ်မှုပေါင်း (၃) နှစ်ချမှတ်ကြောင်း သိရသည်။

    ” အိန္ဒြာကျော်ဇင်၊ ပိုပို၊ မဝင်းမင်းသန်းတို့က အခု VIP အဆောင်ပြောလို့ရတယ် လုံးခြင်းအိမ်လေးတွေနဲ့ ၅ တိုက်မှာ ရောက်နေတယ် ကြားပါတယ်၊ ဒေါ်သန်းမြင့်အောင်တို့လည်း အဲဒီမှာရှိတယ်၊ အရင်က အမေစုက အင်းစိန်မှာခဏထားတဲ့ နေရာပေါ့၊ သူတို့ကျန်းမာရေးတွေကောင်းပါတယ်၊ ထောင်ဆိုတော့ အကုန်တော့ဘယ်အဆင်ပြေမလဲ ဒါပေမဲ့ သူတို့ကအေးဆေးနေကြရပါတယ်” ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူထံမှသိရသည်။

    အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးမှုနှင့်ကျလာသူများကို လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးလုပ်နေသည်ပထောင်ဖြစ်ပြီး ဗကသ အဖွဲ့ဝင်တဦးကို ဝန်ထမ်းနှင့် လက်ပါးစေများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရထားပြီး၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမျိုးသမီးတဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်းစိန်ထောင် သီးသန့်အဆောင်ရှိ မတရားဖမ်းဆီးခံထားရသူ ၈၉ ဦး ဆန္ဒပြခဲ့သည့်အတွက် အငြိုးအတေးထားကာ ဖိနှိပ်ချုပ်ချယ်မှုများ ပိုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

    သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

    RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

    နွေဦးတော်လှန်ရေးမှာ ပြည်သူနှင့်အတူ စစ်အာဏာရှင်ဆန့်‌ကျင်ရေး ပါဝင်ခဲ့သည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ယနေ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

    Red News Agency

  • နတ်မတောင် ဝန်းကျင်က ရှုခင်းများ

    နတ်မတောင် ဝန်းကျင်က ရှုခင်းများ

    အဖေသေပျော်ပြီ သမီးရေတဲ့ နတ်မတောင်ပေါ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖခင်တဦးက သမီးဖြစ်သူကို ပြောကြားလိုက်တဲ့ စကားသံကို ကြားမိလိုက်တာပဲဖြစ်ပါတယ်။

    ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ဆိုတာကတော့ အများက နတ်မတော်လို့ သတ်မှတ်ခေါ်ကြပါတယ်။

    (more…)

  • မီးမလာတာနဲ့ EPC နဲ့ ရန်ဖြစ်စရာအကြောင်း မရှိဘူး

    မီးမလာတာနဲ့ EPC နဲ့ ရန်ဖြစ်စရာအကြောင်း မရှိဘူး

    ရန်ဖြစ်ပေးပါလို့ပြောတိုင်း ရန်ဖြစ်ပေးရအောင် ကိုယ့်ရဲ့ အရင်တုန်းကဟာတွေက ရန်ဖြစ်နေတာ မဟုတ်ဘူးလို့ ဒေါက်တာမြဝတ်ရည်က ပြောထားပါတယ်။

    [embedyt] https://www.youtube.com/watch?v=e5bMEpH8a0k[/embedyt]

    Red News Agency

  • အသက်တစ်ရာကျော် တောင်ယာလုပ်သားကြီးရဲ့ ဘဝသံသရာ

    အသက်တစ်ရာကျော် တောင်ယာလုပ်သားကြီးရဲ့ ဘဝသံသရာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျွဲကျ(အထက်)ကျေးရွာတွင် နေထိုင်ပြီး တောင်ယာလုပ်ကိုင်နေသည့် အသက်တစ်ရာကျော် လယ်သမားကြီးတစ်ယောက်ရဲ့ ဘဝသံသရာ။[embedyt] https://www.youtube.com/watch?v=bdcS_thKyC8[/embedyt]

    ရိုက်ကူး – ကိုကိုလွင်
    Red News Agency