စစ်သုံ့ပန်း

ဒဏ်ရာရဆေးမကုနိုင်သည့်တပ်သားများကို စစ်မြေပြင်၌ ပစ်သတ်ခိုင်းမှုများရှိဟု AA ဖမ်းဆီးရမိသည့် စစ်အုပ်စု စစ်သုံ့ပန်း ပြော

ဒဏ်ရာရဆေးမကုနိုင်သည့်တပ်သားများကို စစ်မြေပြင်၌ ပစ်သတ်ခိုင်းမှုများရှိဟု AA ဖမ်းဆီးရမိသည့် စစ်အုပ်စု စစ်သုံ့ပန်း ပြော

RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျေးရွာ မင်းချောင်းတံတားအနီး၌ ကင်းစောင့်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၀) ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း AA သတင်းပြန်ကြားရေးဌာနက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။ AA တပ်တော်မှ ဖမ်းဆီးရမိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင် ပြည်သူ့စစ် စစ်သုံ့ပန်းသည် ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) လက်အောက်ခံ အမှတ် (၂၅၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ရန်ငြိမ်းအောင်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ ဝန်ခံထွက်ဆိုချက်အရ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို ဆေးကုသ၍ မရနိုင်ပါက…
Read More
🔴 [UPDATE] ၂ နှစ်အတွင်း စစ်သုံ့ပန်း ၅၀၀ ကျော်ရှိဟု NUG ထုတ်ပြန် | ပြည်တွင်း ပြည်ပ ထူးခြားသတင်းစုံ

🔴 [UPDATE] ၂ နှစ်အတွင်း စစ်သုံ့ပန်း ၅၀၀ ကျော်ရှိဟု NUG ထုတ်ပြန် | ပြည်တွင်း ပြည်ပ ထူးခြားသတင်းစုံ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ စစ်အုပ်စုက ဝေဟင်မှ အင်အားသုံးချိန် မပေါက်ကွဲဘဲကျန်ရှိသည့် ပေါင် (၅၀၀) အလေးချိန်ရှိ အရာဝတ္ထုဖြင့် ပြန်လည်ဟန့်တားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်း၊ စစ်အုပ်စု လက်အောက်ခံတွေကို ထိန်းသိမ်းခံရသူများအဖြစ် (၂) နှစ်အတွင်း (၅၀၀) ကျော် ဖမ်းဆီးရမိတယ်လို့ NUG MOD ထုတ်ပြန်ထားတဲ့သတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်းပြည်ပသတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ https://youtu.be/sg4Aor-jFOY?si=qkiwDODNAL624ii9 Red News Agency, Red News, RNA
Read More
(၂) နှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၀၀) ကျော်ရှိဟု NUG MOD ထုတ်ပြန်

(၂) နှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း (၅၀၀) ကျော်ရှိဟု NUG MOD ထုတ်ပြန်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။ နိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်းပေါင်း (၅၃၆) ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယနေ့ (စက်တင်ဘာ ၁၈ ရက်) ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ (၂) နှစ်တာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃၈၇၄) ဦးရှိကြောင်း၊ စစ်အုပ်စုတပ်ရင်းစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးလားသူ (၂၀၀၀၀) ခန့်ရှိကြောင်း NUG MOD က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်း (၂) နှစ်တာကာလအတွင်း စစ်အုပ်စုဘက်မှ သေဆုံးသူ (၂၀၃၈၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၉၇၉၂) ဦးရှိကြောင်း…
Read More
AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။ အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား အာဏာသိမ်းစစ်တပ်မှ မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်နှင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး…
Read More
အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

RNA_ဇူလိုင်( ၁၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီလက်အောက်ခံ အသက် (၁၅) နှစ်အရွယ် တပ်သားနှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄)ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများမှာ ခမရ ၃၆ မှ တပ်သားရဲကျော်ကျော်၊ ခမရ ၂၅၅ မှ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် နှင့် ခလရ ၅၀ မှ တပ်သားထွန်းမြေ့အေးတို့ကို လမ်းစားရိတ်အနေဖြင့် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ ဇူလိုင် (၁၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၅) ဦးထဲမှ…
Read More
တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသော ရဲဘော် (၄) ဦးကျဆုံး

RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း (အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင်တပ်ရင်း - ၃ (Myanmar Defense Force) ၃၈၀၃ မှ ရဲဘော် (၄) ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် ကျဆုံးသွားပြီဟု သိရသည်။ ဆင်အာချောင်းပေါက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ကြောင်း (၃) ကြောင်းခွဲကာ တော်လှန်ရေးအင်အားစုများရှိသည့် တောင်ပြတ်ကျေးရွာကို ဇွန်လ (၂၀) ရက်နေ့ နံနက်စောစောပိုင်းတွင် စစ်ကြောင်းထိုးလာပြီး အနီးကပ် တိုက်ပွဲဖြစ်ပွားချိန် သာယာဝတီခရိုင်တပ်ရင်း - ၃ - ၃၈၀၃ မှ ရဲဘော် (၄) ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ တပ်ရင်း ၃၇၀၁ တပ်ခွဲ (၅) မှရဲဘော်…
Read More
အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် - AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် - အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုကထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။ ဆရာနိုင်မြန်မာ ကွယ်လွန်သည့် သတင်း၊ ပဲခူးရိိုးမမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီီးသေဆုံးမှုများရှိသည့်သတင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ဒရုန်းနှင့်တိုက်ခိုက်ခံရသောသတင်း၊ ကရင်နီဝံပုလွေစစ်ကြောင်းမှ ရဲဘော် (၂) ဦးကျဆုံးခဲ့ရသည့် သတင်းနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်းမှ စစ်သုံ့ပန်းများကို ကယ်ထုတ်သည့်သတင်းများကို တင်ဆက်ထားသည်။ #RedNewsAgency #RedNews #RNA
Read More
ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။ ရေးဘီလူးတပ်ဖွဲ့က အချုပ်သား (၃) ဦးကိုယ် ကယ်ထုတ်နိုင်သည့် သတင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အစ်ကိုနှင့် တော်လှန်ရေးရဲဘော် ညီဖြစ်သူတို့ တွေ့ဆုံံံံံသည့် သတင်း၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် (၉) ဦးသေဆုံးခဲ့ရသည့်သတင်းနှင့် ပြည်သူတစ်ဦးက NUG ထံ အကြံပြုစာတို့ကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednews #rednewsagency #rna #revolution #myanmar #burma #spring
Read More
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း (၂၈) ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း မိသားစုဝင် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း (၂၈) ဦးသေဆုံး

RNA_ဇန်နဝါရီ(၁၉)၊၂၀၂၅ ခုနှစ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ (၁၈) ရက်နေ့ (၄) နာရီ (၄၅) မိနစ်မှစတင်ကာ ဗုံး (၃) ကြိမ်ကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး (၂၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More