26
Feb
RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် - AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် - အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုကထုတ်ပြန်ထားသည်။ (more…)