ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် – AA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် – AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား (၆၀) ကျော်နှင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အင်အား ၂၀ ကျော်ကို တိုက်ခိုက်ချေမှုန်းထားကြောင်း၊ လေကြောင်း (Y-12) မှဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများကို AA က သိမ်းပိုက်ရရှိထားသည်ဟု ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီ၏ “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်”၊ မောင်တောမြို့မြောက်ဘက်ရှိ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော ကြိမ်ချောင်း၊ တောကျောင်းစခန်း၊ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ( ၅၅၂) တပ်ရင်း”၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” တို့ကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

#RedNewsAgency

By Editor