Tag: စစ်ဆင်ရေး

  • တော်ဝိကျေးရွာ အထိုင်ချထားသော တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

    တော်ဝိကျေးရွာ အထိုင်ချထားသော တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

    RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တော်ဝိကျေးရွာတွင် စစ်ကောင်စီတပ်အင်အား (၅၀) ဖြင့် အထိုင်ချတပ်စွဲထားသော စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    တော်ဝိကျေးရွာတပ်စွဲထားသော စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၃) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းဆီးရမိကြောင်း၊ ယင်းစခန်းကို တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်းတပ်ရင်း ပူးပေါင်းအဖွဲ့ ရဲဘော်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားသည့်အတွက် စခန်းသိမ်းရှင်းလင်းစဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု တော်ဝင်ဒေါင်းတပ်ရင်းက ထုတ်ပြန်ထားသည်။

    (more…)

  • လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

    လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင်ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးမှာလည်းပါဝင်

    RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။

    ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်သည် မြို့ပြစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သလို ပဲခူး-ရန်ကုန် စစ်ဆင်ရေးများတွင်လည်း ပါဝင်ပြီး လှုပ်ရှားနေသူဖြစ်ပြီး ကွယ်လွန်သည်အထိ တော်လှန်ရေးအတွက် ပေးဆပ်သွားသူဖြစ်သည့်အတွက် လေးစားဂုဏ်ယူရသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ခေါင်းဆောင် ကိုအောင်စံရှားက ပြောသည်။

    တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (အသက် ၄၅ နှစ်)သည် ဧပြီလ (၂၇) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဧပြီလ (၂၈) ရက်နေ့မှာ အမိန့်ပြန်ခြင်း၊ အာဇာနည်အဖြစ် ရဲဘော်များက အလေးပြုခြင်းစသည် အခန်းအနား တို့ကိုပြုလုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    (more…)

  • မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

    မဟာမိတ်များနှင့်ပေါင်းပြီး ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်ခဲ့

    RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် စသည်တို့အတွင်း တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး (၄၂) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ကန်ပက်လက် မြို့သိမ်းစတင်သည့်နေ့တွင် မြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားဟု ကန်ပက်လက်ကောင်စီထုတ်ပြန်

    ကန်ပက်လက် မြို့သိမ်းစတင်သည့်နေ့တွင် မြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားဟု ကန်ပက်လက်ကောင်စီထုတ်ပြန်

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

    ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်သည့်နေ့မှာပင် ကန်ပပ်လက်မြို့ပေါ် ဆပ်စွဲထားသော စကစနှင့် ရဲသားများသည် ပြည်သူများ၏ ညှိနှိုင်းပေးမှုဖြင့် မြို့မှ စွန့်ခွါသွားပြီဖြစ်ကြောင်း ကန်ပက်လက် ကောင်စီက ထုတ်ပြန်လိုက်သည်။

    #RedNewsAgency #RNA #REDNEWS

  • အတူတကွ ပူးပေါင်းဆောင်ရွက်ပါက စစ်ဆင်ရေးအောင်မြင်မည်

    အတူတကွ ပူးပေါင်းဆောင်ရွက်ပါက စစ်ဆင်ရေးအောင်မြင်မည်

    RNA_အောက်တိုဘာ(၃)၊၂၀၂၄ခုနှစ်။

    “အဓိကတော့ စစ်ဆင်ရေးတွေ အောင်မြင်ဖို့ဆိုရင် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အပ်ပါတယ်” ဟု 96 Soldiers PDF – အညာတပ်ခွဲ တပ်ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=E9-ZX6HzRRw[/embedyt]

    Red News Agency

  • ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

    ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ

    “NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်”

    မောင်ဝိ – Wiper

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ ၁၁၅ လက်နက်ချတယ်၊ ခမရ ၁၁၄ ကိုသိမ်းပိုက်တယ်။လက်ကျန် ဒုံးတပ် ၆၀၆ ကိုအပြီး သတ်ချေမှုန်းနေတာတွေ့တယ်။

    အခုလို တပ်ရင်းတွေကို ရက်ပိုင်းအတွင်းတိုက်ပြီး၊ တပ်ရင်းတွေကို ခနအတွင်း သိမ်းနိုင်တယ်ဆိုတာ မဟာမိတ်တပ်တွေရဲ့အကူအညီများစွာပါတယ်ဆိုတာ သိစေလိုပါတယ်။ တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေကိုကြည့်ရင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ အလယ်ပိုင်းက လူငယ်တွေဖြစ်တဲ့ မန္တလေး PDF တပ်တွေ ဖြစ်တာတွေ့ရတယ်။ နောက်ထပ်လည်း မဟာမိတ် တပ်တွေရှိပါသေးတယ်။ အခုလို မဟာမိတ်တပ်တွေ ပေါင်းစပ်လုပ်ကိုင်တဲ့အတွက် စစ်ရေးကအရှိန်အဟုန်နဲ့ တိုးတက်တာ မြင်တွေ့ရတယ်။

    ပေါင်းစပ်ညှိနှိုင်းခြင်းကြောင့် မဟာဗျူဟာကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး တိုက်ပွဲတွင် အားသာချက်ရရှိနိုင်ခြင်း၊ အတူတကွရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်သောကြောင့် ကူညီမည့်စိတ်ရှိမှုနဲ့ ယုံကြည်မှုကို တိုးတက်စေခြင်း၊ စုပေါင်းညီညာသောအဖွဲ့သည် ချက်ချင်းပြန်လည်တုံ့ပြန်နိုင်ပြီး တိုက်ပွဲရဲ့ အခြေအနေများကို အရှိန်မြန်စွာ ပြောင်းလဲနိုင်ခြင်း၊ အဖွဲ့ဝင်များရဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုကြောင့် အကြံဉာဏ်များကောင်းမွန်ပြီး အရေးပေါ်အခြေအနေများကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်းစတဲ့ အကျိုး ကျေးဇူးတွေရလာတာကို မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မန္တလေးPDF ရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်သိနိုင်တယ်။

    (more…)

  • လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

    လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် ယင်းမာပင်ခရိုင်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် မလွယ်ကူသေးဟုပြောကြား

    RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်းအတွင်းရှိ ကနီမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် မလွယ်ကူသေးကြောင်း ကျားသစ်နက်တပ်မတော် – Black Leopard Army တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။
     
    ယင်းမာပင်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများ အထိုင်ချနေသည့် စုပေါင်းရုံးနှင့် ရဲစခန်းတို့ကို မေလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) ကျားသစ်နက်တပ်မတော် Black Leopard Army၊ ချင်းတွင်းဒိုင်းနပိုက်၊ တောင်ပံနီ၊ Brother Defense Force၊ ဒေါင်းမင်း တပ်ခွဲ (၂) စသည့် ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြေင်း သိရသည်။

    (more…)

  • စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

    စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၄ခုနှစ်။
     
    စစ်ကောင်စီတပ်အနေဖြင့် ခံစစ်၊ခွါစစ်မှာ တိုက်ခိုက်ခံရပါက ပြေးစစ်ကို အသုံးပြုနေရပြီး နောက်ဆုံ နေပြည်တော်မှာ ခံကတုတ်ပြင်ပြီးတော့ အသေခံရတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြေည်တော်ကို ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=7NPTEkRmfFY[/embedyt]
    စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွါနေရမှုများ၊ KNU အနေဖြင့်လည်း နယ်မြေစိုးမိုးမှုများမှာ အားကောင်းနေပြီး မဒေါက်ရထားလမ်းနှင့် အနီးစပ်ဆုံးအထိ ရောက်ရှိပြီး အဲနေရာမှ ညောင်လေးပင်၊ ပဲနွယ်ကုန်းစသည့် နေရာများမှ ရွာပေါင်း ၆၀ ကျော်ထိ ရောက်ရှိခဲ့သည့်ဟု KNU ကထုတ်ပြန်သည့် ပဒိုစောတောနီး၏ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့သည့် အကြောင်း မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားသည်။
     
    #RedNewsAgency
    https://t.me/rednewsagency/5727

  • စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

    စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။

    KNLA သည် စစ်ရေးအရ အတွေ့အကြုံ အစဉ်အလာများရှိခဲ့ကြောင်း၊ စစ်ရေးအရ ယခုထက်ပို ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး၊ ယခုထက်ပိုမိုပြင်းထည်သည့် ပြည်သူ လူထုနှင့်အတူ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=rmqydPTcTPU[/embedyt]

    ယနေ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြည်သူသို့ပြောကြားချက်များထဲမှ စစ်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါသည်။

    #RedNewsAgency

  • စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

    စစ်တပ်က ဘာလို့ တိုက်တိုင်း ရှုံးနိမ့်နေတာလဲ?

    “ငါ့စခန်းလာတိုက်တာနဲ့ ထွက်ပြေးမယ်ဆိုတာက စစ်သားအယောက် ၁၀၀မှာ ၇၀ လောက်ရှိပါတယ်” မယုံမရှိပါနဲ့။ အထက်လူကြီးဆိုတဲ့သူတွေက ဘယ်လိုအမိန့်ပေးပေး၊ ဝါဒဖြန့်ချန်နယ်တွေက ဘယ်လိုလိမ်ပေးနေလည်း “ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်” ဆိုသလို စစ်တပ်မကောင်းကြောင်း စစ်သားတွေက ပိုသိပါတယ်။

    မောင်ဝိ

    စစ်တပ်ကဘာလို့ စစ်ပွဲတွေမှာ တိုက်တိုင်းရှုံးနေတာလဲဆိုတာကို ပြောပြချင်ပါတယ်။ အခုလက်ရှိ ဖြစ်ခဲ့တဲ့ ၁၀၂၇ ရှမ်းမြောက် စစ်ဆင်ရေးကစပြောရမယ် ထင်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဦးဆောင်ပြီး၊ စစ်ဆင်ရေးကာလ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့ထိကို စခန်းကြီး၊ စခန်းငယ် ပေါင်း ၉၀ ကျော်၊ တင့်နဲ့သံချပ်ကာ ၆ စီး သိမ်းဆည်းရမိခဲ့တယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က ကျဆုံးစစ်သားတွေလည်း များပြားခဲ့တယ်လို့ ဒေသခံကိုးကန့်သတင်း မီဒီယာရဲ့ ထုတ်ပြန်ချက်တွေမှာ မြင်တွေ့နေရပါတယ်။

    ပထမဆုံးကတော့ စစ်ကောင်စီတပ်ရဲ့ အဓိက စစ်ရှုံးရတဲ့အကြောင်းရင်းက လက်နက်ငယ် ဆိုရင်ပိုမှန်ပါလိမ့်မယ်။ စစ်တပ်ဘက်ကနေ လေကြောင်းပစ်ကူ၊ အမြောက်လက်နက်ကြီး ပစ်ကူပေးတယ်ဆိုတာ မှန်ပါတယ်။ ဒါကလည်း အကန့်အသတ်နဲ့ပါပဲ။ ရှေ့တန်းမှာ သူတင်ကိုယ်တင် ပစ်ရပြီဆိုတော့ လက်နက်ငယ်တွေက အရမ်းစကားပြောပါတယ်။ အခုစစ်တပ်မှာ ထုတ်ပေးတဲ့ သေနတ်တွေက MA series သေနတ်တွေပေါ့။

    မြင်ရသလောက်ဆိုရင် စစ်တပ်က တိုက်ပွဲတွေမှာ စက်ကလေး အနေနဲ့ MA-2 ကိုင်တာရှိမယ်၊ မြေပြင်ချေမှုန်းရေးအတွက် MA- 1၊ MA-13နဲ့ 30 Carbine စသဖြင့်ပေါ့။ ဒီသေနတ်တွေကို မကောင်းဘူးလား မေးရင် စစ်တပ်ပိုင် ကပစတွေက ထုတ်တာမို့ အရည်အသွေး (QC) မပြည့်မှီဘူးလို့ ဆိုချင်ပါတယ်။ 

    Photo: Kokang – 1027 Operation

    (more…)