ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)

လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

လူထုသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရခြင်း (၃) နှစ်ပြည့်အခမ်းအနားပြုလုပ်

RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၄ခုနှစ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် ထားဝယ်လူထုသပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရသည့် ဝမ်းနည်းဖွယ် (၃)နှစ်ပြည့် အခမ်းအနားကို “လမ်းမထက်ကသွေးတွေမခြောက်သရွေ့၊ လူထုတရပ်လုံး သွေးဆူကြဟေ့” ဆိုသည့် ကြွေးကြော်သံဖြင့် ယနေ့ နံနက်ပိုင်းက လောင်းလုံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြည်သူသိန်းချီပါဝင်သည့် ထားဝယ်မြို့ပေါ်က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်မှ ကျည်အစစ်များအသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ကိုဗညား (၃၉ နှစ်)၊ ကိုဖေသန်း (၃၈ နှစ်)၊ ကိုသန်းဝင်း (ခ) ဂျွန်မာခမ် (၃၆ နှစ်)နှင့် ကိုလွင်လွင် (၃၃ နှစ်) တို့ ကျည်ဆန်ထိမှန်ခဲ့ပြီး ပြည်လူထု…
Read More
ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

RNA_‌ဇွန်(၂)၊၂၀၂၃ ခုနှစ်။ ယနေ့ ကျရောက်သည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် "ဗထူးနေ့ " အခမ်းအနားကို ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌ တပ်မတော် (BIA) သို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား သူရဲကောင်းတစ်ဦးဖြစ်‌သည်။ "ဗထူးနေ့" အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား…
Read More