Tag: မင်းသွေးသစ်
-

စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော
RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။“နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်” ဟု ကိုမင်းသွေးသစ်ကပြောသည်။ -

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ
RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။
စစ်တပ်အာဏာသိမ်းမှုနှင့်အတူ (၁၁) လကျော်ကြာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နှင့် ယနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် (၁)နှစ်အမိန့်ချလိုက်ကြောင်း သိရသည်။
Red News Agency
-

“တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”
“တစ်ချိန်က မိုးထဲရေထဲကာလမှာ ကျောင်းသားတစ်စုရဲ့ မွေးနေ့အထိမ်းအမှတ်လေးတစ်ခုကို ပြန်သတိရလာမိလို့ ရေးလိုက်တာပါ။ ဘာအခွင့်အရေးမှမျှော်ကိုးပြီး ကြွားဝါတာမဟုတ်ပေမယ့် အဲဒီအချိန်ကာလက ဒါလုပ်လို့ ဖမ်းမိရင် စစ်ကြောရေးမှာ မသေရုံတမည် နှိပ်စက်ခံရမယ်ဆိုတာ သိသလို၊ ရာသက်ပန်ကျောင်းနားရမှာ၊ နှစ်ရှည်ထောင်ကျမှာတွေကို သိသိရက်နဲ့ လုပ်ခဲ့ကြတယ်ဆိုတာ အခုပြန်ပြောလို့ရပြီဖြစ်တဲ့ကာလမှာ မှတ်တမ်းတင်ချင်ရုံလေးပါပဲ။ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ချစ်နေဆဲပဲ။ဆက်၍လဲ ချစ်သွားချင်ပါသေးတယ်”
မင်းသွေးသစ်
မြန်မာပြည်မှာ စစ်အစိုးရ ဖိနှိပ်မှုကြီးနေတဲ့ ကာလတုန်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မေဂျာမတူ၊ အသက်အရွယ်မတူကြပေမယ့် ယုံကြည်ချက်တူကြတဲ့ လူငယ်တစ်စု စုစည်းမိကြတယ်။အသိအမှတ်ပြုသူမရှိ၊ အလံလွှဲသူမရှိ ကိုယ့်ကိုကိုယ်ဗကသလို့ ခံယူပြီး အမှန်တရားနဲ့တိုင်းပြည်အတွက် နိုင်ရာတာဝန်ထမ်းခဲ့စဉ်ကပေါ့။
“ငါတို့ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အထိမ်းအမှတ်လေးတစ်ခု လုပ်ပေးကြရအောင်ကွာ။ဘာပဲဖြစ်ဖြစ် ဒီသတင်းကို အကျယ်ချုပ်နေတဲ့ သူကြားရင် ကျောင်းသားလူငယ်တွေထဲမှာလဲ သူ့ကိုမမေ့သေးကြောင်း၊ ထောက်ခံကြောင်း သိရရင် စိတ်အားတက်မှာပဲ”
“ဘယ်လိုလုပ်ကြမှာလဲကွ။မလွယ်ဘူးထင်တယ်။ဆွမ်းကပ်ဖို့လဲ လိုက်ရဲတဲ့သံဃာတွေက အကုန်ထောင်ထဲမှာ၊ မွေးနေ့ပွဲကိုယ့်ဟာကိုယ် လုပ်ပေးဖို့အတွက်လဲ မွေးနေ့ကိတ်မှာရင် ဆိုင်တွေက လုပ်ပေးရဲကြမယ်မထင်ဘူး”
“အားလုံးဝိုင်းစုလိုက်ရင် ပိုက်ဆံနည်းနည်းတော့ရမှာပဲ။ငါ့အသိတစ်ယောက်ကို အကူအညီတောင်းပြီး ဓါတ်ပုံလေးတွေ ထုတ်ခိုင်းမယ်ကွာ။ကျောင်းထဲမှာ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုလေးတစ်ခု လုပ်ကြမယ်။အားလုံးသိုသိုသိပ်သိပ်လုပ်ရင် ဘာရှော့မှ မရှိနိုင်ပါဘူး”