စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၄ခုနှစ်။
 
စစ်ကောင်စီတပ်အနေဖြင့် ခံစစ်၊ခွါစစ်မှာ တိုက်ခိုက်ခံရပါက ပြေးစစ်ကို အသုံးပြုနေရပြီး နောက်ဆုံ နေပြည်တော်မှာ ခံကတုတ်ပြင်ပြီးတော့ အသေခံရတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြေည်တော်ကို ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောကြားထားသည်။
စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွါနေရမှုများ၊ KNU အနေဖြင့်လည်း နယ်မြေစိုးမိုးမှုများမှာ အားကောင်းနေပြီး မဒေါက်ရထားလမ်းနှင့် အနီးစပ်ဆုံးအထိ ရောက်ရှိပြီး အဲနေရာမှ ညောင်လေးပင်၊ ပဲနွယ်ကုန်းစသည့် နေရာများမှ ရွာပေါင်း ၆၀ ကျော်ထိ ရောက်ရှိခဲ့သည့်ဟု KNU ကထုတ်ပြန်သည့် ပဒိုစောတောနီး၏ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့သည့် အကြောင်း မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားသည်။
 
#RedNewsAgency
https://t.me/rednewsagency/5727
By Editor